စက်တင်ဘာနောက်ပိုင်း ယူနိုက်တက်တစ်သင်းလုံးနဲ့ လူကာကူတစ်ဦးတည်း လိဂ်သွင်းဂိုး ဘယ်ဟာပိုများလဲ

Photo Credit

Photo Credit

ပြီးခဲ့တဲ့နွေရာသီဈေးကွက်အတွင်း အင်တာမီလန်အသင်းထံ တိုက်စစ်မှူးလူကာကူကို ယူနိုက်တက်အသင်း ရောင်းချလိုက်တဲ့အချိန်မှာ အများစုက ဘယ်လ်ဂျီယံလက်ရွေးစင်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ထိပ်တန်းအဆင့်တိုက်စစ်မှူးဖြစ်ကြောင်း သက်သေမပြနိုင်သူအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

Photo Credit

အဲဒီအချိန်ကတည်းက အသက် ၂၆နှစ်အရွယ်ရှိ လူကာကူဟာ သူ့ကို ထုတ်ရောင်းခဲ့တဲ့အသင်းဟောင်းယူနိုက်တက်ရဲ့ခံယူချက် မှားယွင်းကြောင်း သက်သေပြနိုင်ရေးအတွက် ဖြစ်နိုင်သမျှနည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတာ အခုတော့ သူ့ရဲ့ကြိုးစားမှုအရာထင်နေပြီလို့ သတ်မှတ်ရတော့မလိုပါပဲ။

Photo Credit

ဘီဘီစီအားကစားသတင်းဌာနရဲ့ဂျာနယ်လစ် ဒန်နီရယ်စတိုရေးက စက်တင်ဘာလအစကတည်းက လိဂ်သွင်းဂိုးတွေအနက် ပရီးမီးယားလိဂ်မှာ ယူနိုက်တက်အသင်းသွင်းယူခဲ့တဲ့ဂိုးအရေအတွက်ထက် စီးရီးအေမှာ လူကာကူတစ်ဦးတည်းသွင်းယူခဲ့တဲ့ဂိုးအရေအတွက်က ပိုများနေတယ်လို့ ထောက်ပြခဲ့ပါတယ်။

Photo Credit

တကယ်လည်း အမှန်ပါပဲ။ လူကာကူဟာ အင်တာမီလန်ကိုရောက်ရှိလာပြီးနောက် စီးရီးအေမှာ သွင်းယူနိုင်တဲ့ဂိုးအရေအတွက်က စက်တင်ဘာလစတင်ချိန်ကတည်းက အချိန်အထိ ယူနိုက်တက်အသင်းသားတွေအားလုံးသွင်းယူထားတဲ့စုစုပေါင်းဂိုးအရေအတွက်ထက် ပိုများနေပါတယ်။

Photo Credit

လူကာကူဟာ စီးရီးအေကို စတင်ရောက်ရှိလာချိန်ကတည်းက ဂိုးမြူးနေတာဖြစ်ပြီး ကက်ဂလီယာရီနဲ့ပွဲမှာ လူမျိုးရေးခွဲခြားခံခဲ့ရပေမယ့် အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့သလို လော်တာရိုမာတီနက်ဇ်နဲ့အတူ ဥရောပရဲ့ကြောက်စရာအကောင်းဆုံးတိုက်စစ်တွဲလုံးကို ပုံဖော်ထားပါတယ်။

Photo Credit

ယူနိုက်တက်ကတော့ စက်တင်ဘာလအစကတည်းက ပရီးမီးယားလိဂ် ၇ပွဲကစားခဲ့ရာမှာ စုစုပေါင်း ၆ဂိုးပဲ သွင်းယူခဲ့ပြီး အဲဒီအထဲက တစ်ဝက်က နောဝစ်ချ်ကို ၁-၃ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ သွင်းယူခဲ့တာဖြစ်သလို ဂိုးမသွင်းနိုင်တဲ့ပွဲကလည်း ၃ပွဲအထိရှိခဲ့ပါတယ်။

Photo Credit

လူကာကူကတော့ စက်တင်ဘာလအစကတည်းက စီးရီးအေ ၁၀ပွဲမှာ ၈ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ဂိုးသွင်းဘုရင်ဆုအတွက် စာရင်းမှာလည်း လာဇီယိုတိုက်စစ်မှူး အီမိုဘီလီရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေသလို နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဘိုလော့ဂ်နာအသင်းဘက်ကို ၂ဂိုးစလုံးသွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit

Zawgyi

စက္တင္ဘာေနာက္ပိုင္း ယူႏုိက္တက္တစ္သင္းလုံးနဲ႔ လူကာကူတစ္ဦးတည္း လိဂ္သြင္းဂိုး ဘယ္ဟာပိုမ်ားလဲ

ၿပီးခဲ့တ့ဲေႏြရာသီေစ်းကြက္အတြင္း အင္တာမီလန္အသင္းထံ တုိက္စစ္မွဴးလူကာကူကို ယူႏုိက္တက္အသင္း ေရာင္းခ်လုိက္တဲ့အခ်ိန္မွာ အမ်ားစုက ဘယ္လ္ဂ်ီယံလက္ေရြးစင္အေနနဲ႔ ကိုယ့္ကိုယ္ကုိယ္ထိပ္တန္းအဆင့္တုိက္စစ္မွဴးျဖစ္ေၾကာင္း သက္ေသမျပႏိုင္သူအျဖစ္ သတ္မွတ္ခ့ဲၾကပါတယ္။
အဲဒီအခ်ိန္ကတည္းက အသက္ ၂၆ႏွစ္အရြယ္ရွိ လူကာကူဟာ သူ႕ကို ထုတ္ေရာင္းခဲ့တဲ့အသင္းေဟာင္းယူႏိုက္တက္ရဲ႕ခံယူခ်က္ မွားယြင္းေၾကာင္း သက္ေသျပႏိုင္ေရးအတြက္ ျဖစ္ႏိုင္သမွ်နည္းလမ္းေပါင္းစုံနဲ႔ ႀကိဳးစားေနတာ အခုေတာ့ သူ႕ရဲ႕ႀကိဳးစားမႈအရာထင္ေနၿပီလုိ႔ သတ္မွတ္ရေတာ့မလုိပါပဲ။
ဘီဘီစီအားကစားသတင္းဌာနရဲ႕ဂ်ာနယ္လစ္ ဒန္နီရယ္စတုိေရးက စက္တင္ဘာလအစကတည္းက လိဂ္သြင္းဂိုးေတြအနက္ ပရီးမီးယားလိဂ္မွာ ယူႏုိက္တက္အသင္းသြင္းယူခဲ့တဲ့ဂိုးအေရအတြက္ထက္ စီးရီးေအမွာ လူကာကူတစ္ဦးတည္းသြင္းယူခဲ့တ့ဲဂိုးအေရအတြက္က ပိုမ်ားေနတယ္လုိ႔ ေထာက္ျပခဲ့ပါတယ္။
တကယ္လည္း အမွန္ပါပဲ။ လူကာကူဟာ အင္တာမီလန္ကိုေရာက္ရွိလာၿပီးေနာက္ စီးရီးေအမွာ သြင္းယူႏုိင္တဲ့ဂိုးအေရအတြက္က စက္တင္ဘာလစတင္ခ်ိန္ကတည္းက အခ်ိန္အထိ ယူႏုိက္တက္အသင္းသားေတြအားလုံးသြင္းယူထားတဲ့စုစုေပါင္းဂုိးအေရအတြက္ထက္ ပိုမ်ားေနပါတယ္။
လူကာကူဟာ စီးရီးေအကို စတင္ေရာက္ရွိလာခ်ိန္ကတည္းက ဂိုးျမဴးေနတာျဖစ္ၿပီး ကက္ဂလီယာရီနဲ႔ပြဲမွာ လူမ်ိဳးေရးခြဲျခားခံခဲ့ရေပမယ့္ အေကာင္းဆုံးတံု႔ျပန္ႏုိင္ခဲ့သလို ေလာ္တာ႐ိုမာတီနက္ဇ္နဲ႔အတူ ဥေရာပရဲ႕ေၾကာက္စရာအေကာင္းဆုံးတိုက္စစ္တြဲလုံးကို ပုံေဖာ္ထားပါတယ္။
ယူႏိုက္တက္ကေတာ့ စက္တင္ဘာလအစကတည္းက ပရီးမီးယားလိဂ္ ၇ပြဲကစားခဲ့ရာမွာ စုစုေပါင္း ၆ဂုိးပဲ သြင္းယူခဲ့ၿပီး အဲဒီအထဲက တစ္၀က္က ေနာ၀စ္ခ်္ကို ၁-၃ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ သြင္းယူခ့ဲတာျဖစ္သလုိ ဂိုးမသြင္းႏိုင္တဲ့ပြဲကလည္း ၃ပြဲအထိရွိခ့ဲပါတယ္။
လူကာကူကေတာ့ စက္တင္ဘာလအစကတည္းက စီးရီးေအ ၁၀ပဲြမွာ ၈ဂိုးအထိသြင္းယူႏုိင္ခဲ့ၿပီး ဂိုးသြင္းဘုရင္ဆုအတြက္ စာရင္းမွာလည္း လာဇီယိုတိုက္စစ္မွဴး အီမိုဘီလီရဲ႕ေနာက္ ဒုတိယေနရာမွာ ရပ္တည္ေနသလုိ ေနာက္ဆုံးကစားခဲ့တဲ့ပြဲမွာ ဘိုေလာ့ဂ္နာအသင္းဘက္ကို ၂ဂိုးစလုံးသြင္းယူႏိုင္ခဲ့ပါတယ္။