စက္ကန့် ၉၀ အတွင်း ကိုယ့်ကွင်းဘက်ကနေ ၂ဂိုးသွင်းပြသွားတဲ့ ဂျပန်ဒုတိယတန်းကလပ်

Photo Credit

Photo Credit

ကိုယ့်ကွင်းဘက်အခြမ်းကနေ ဂိုးသွင်းယူနိုင်ဖို့ဆိုတာက မကြာခဏမြင်တွေ့ရတတ်တဲ့ ဂိုးသွင်းပုံစံမျိုးမဟုတ်ဘဲ ၃၊ ၄နှစ်လောက်မှ တစ်ကြိမ်ဖြစ်ပေါ်တတ်တဲ့ရှားပါးဂိုးသွင်းယူမှုမျိုးဖြစ်ပါတယ်။ ပြီးတော့ အဲဒီလိုဂိုးမျိုးကို အကောင်းဆုံးကစားသမားတွေက ပိုမိုသွင်းယူတတ်ကြပါတယ်။ နာမည်တွေ ချရေးပြရရင်ဖြင့် ရွန်နီ၊ အလွန်ဆို၊ ဘက်ခမ်းနဲ့ နောက်ဆုံး ချာလီအဒမ်အထိ အဲဒီလိုဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit

ဒါပေမဲ့ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျေလိဂ်-၂ ပွဲစဉ်မှာတော့ မွန်တီဒီယိုယာမာဂါတာအသင်းက အဲဒီလိုပုံစံမျိုးနဲ့ ဂိုးသွင်းယူနိုင်ခဲ့ပြီး ၁ဂိုးမဟုတ်ဘဲ ၂ဂိုးအထိ ကိုယ့်ကွင်းဘက်အခြမ်းကနေ တိုက်ရိုက်ဂိုးသွင်းသွားတာဖြစ်ပါတယ်။ ဒီထက်တိတိကျကျပြောရရင် အဲဒီ ၂ဂိုးစလုံးကို ယာမာဂါတာအသင်းက စက္ကန့် ၉၀ အတွင်း သွင်းယူခဲ့ပါတယ်။

Photo Credit

အိမ်ရှင်ယာမာဂါတာအသင်းက ၃၈ မိနစ်မှာ သွင်းယူသွားတဲ့ ဂိုးနဲ့အတူ ဦးဆောင်ကစားနေစဉ် ပွဲချိန်မိနစ် ၆၀ ဝန်းကျင်လောက်မှာ မြင်ရခဲတဲ့ဂိုးသွင်းယူမှုပုံစံကို ပရိသတ်တွေ ဆက်တိုက်ဆိုသလို ကြည့်ခွင့်ရခဲ့ပါတယ်။ ပြိုင်ဘက် အူဟင်းအသင်းတောင်ပံကစားသမားတစ်ဦး လူပေးမှားရာကနေ ယာမာဂါတာအသင်းကွင်းလယ်လူ ရှန်နာကာမူရာရရှိသွားပြီး ပြိုင်ဘက်ဂိုးသမား ရှေ့တက်နေတာကို အခွင့်ကောင်းယူကာ ကွင်းလယ်စည်းမရောက်ခင်မှာ တစ်ခါတည်းဂိုးထဲကန်သွင်းလိုက်ပါတယ်။

Photo Credit

သူကန်လိုက်တဲ့ဘောလုံးက နောက်ပြန်ဆုတ်ပြီး ဖမ်းဖို့ကြိုးစားခဲ့တဲ့ ဂိုးသမား အိုကာမိုတိုရဲ့ခေါင်းပေါ်ကနေ ကျော်သွားကာ ဂိုးသွားခဲ့ပါတယ်။ ဒုတိယဂိုးကတော့ ပိုဆိုးပါတယ်။ ဒီတစ်ခါမှာလည်း မမှတ်သေးတဲ့ဂိုးသမားက သူအပိုင်စားရတဲ့ပင်နယ်တီဧရိယာထဲကနေ မလိုအပ်ဘဲ ရှေ့တက်လာပြန်ပါတယ်။ အဲဒီအချိန်မှာ အူဟင်းကစားသမားတွေကလည်း ဘောလုံးပျက်သွားပြီး ယာမာဂါတာအသင်းကွင်းလယ်လူ ဆာကာမိုတိုက ဂိုးထဲ တစ်ခါတည်းကန်ထည့်လိုက်ပါတယ်။

Photo Credit

ဒီတစ်ခါ ဆာကာမိုတို ကန်သွင်းတာ အမြောက်ဘောမဟုတ်ဘဲ နောက်ခံလူနဲ့ထိကာ လမ်းကြောင်းပြောင်းသွားလို့ အိုကာမိုတိုလည်း ဟန်ချက်ပျက်ကာ အသည်းအသန်ဖမ်းခဲ့ပေမယ့် မိမိရရမဖမ်းနိုင်ခဲ့လို့ ဂိုးပေးလိုက်ရပါတယ်။

Photo Credit

အဲဒီနောက်တော့ ဘယ်အသင်းမှ ဂိုးမသွင်းနိုင်ဘဲ ယာမာဂါတာအသင်းက ၃-၀ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

Photo Credit

Zawgyi

စကၠန္႔ ၉၀ အတြင္း ကိုယ့္ကြင္းဘက္ကေန ၂ဂိုးသြင္းျပသြားတ့ဲ ဂ်ပန္ဒုတိယတန္းကလပ္

ကိုယ့္ကြင္းဘက္အျခမ္းကေန ဂိုးသြင္းယူႏုိင္ဖို႔ဆုိတာက မၾကာခဏျမင္ေတြ႕ရတတ္တဲ့ ဂိုးသြင္းပုံစံမ်ိဳးမဟုတ္ဘဲ ၃၊ ၄ႏွစ္ေလာက္မွ တစ္ႀကိမ္ျဖစ္ေပၚတတ္တဲ့ရွားပါးဂိုးသြင္းယူမႈမ်ိဳးျဖစ္ပါတယ္။ ၿပီးေတာ့ အဲဒီလုိဂုိးမ်ိဳးကို အေကာင္းဆုံးကစားသမားေတြက ပိုမိုသြင္းယူတတ္ၾကပါတယ္။ နာမည္ေတြ ခ်ေရးျပရရင္ျဖင့္ ရြန္နီ၊ အလြန္ဆုိ၊ ဘက္ခမ္းနဲ႔ ေနာက္ဆုံး ခ်ာလီအဒမ္အထိ အဲဒီလုိဂုိးေတြသြင္းယူႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ တနဂၤေႏြေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ေဂ်လိဂ္-၂ ပဲြစဥ္မွာေတာ့ မြန္တီဒီယိုယာမာဂါတာအသင္းက အဲဒီလိုပုံစံမ်ိဳးနဲ႔ ဂိုးသြင္းယူႏုိင္ခဲ့ၿပီး ၁ဂိုးမဟုတ္ဘဲ ၂ဂိုးအထိ ကုိယ့္ကြင္းဘက္အျခမ္းကေန တုိက္႐ိုက္ဂိုးသြင္းသြားတာျဖစ္ပါတယ္။ ဒီထက္တိတိက်က်ေျပာရရင္ အဲဒီ ၂ဂိုးစလုံးကို ယာမာဂါတာအသင္းက စကၠန္႔ ၉၀ အတြင္း သြင္းယူခဲ့ပါတယ္။
အိမ္ရွင္ယာမာဂါတာအသင္းက ၃၈ မိနစ္မွာ သြင္းယူသြားတ့ဲ ဂိုးနဲ႔အတူ ဦးေဆာင္ကစားေနစဥ္ ပြဲခ်ိန္မိနစ္ ၆၀ ၀န္းက်င္ေလာက္မွာ ျမင္ရခဲတဲ့ဂိုးသြင္းယူမႈပုံစံကို ပရိသတ္ေတြ ဆက္တုိက္ဆုိသလုိ ၾကည့္ခြင့္ရခဲ့ပါတယ္။ ၿပိဳင္ဘက္ အူဟင္းအသင္းေတာင္ပံကစားသမားတစ္ဦး လူေပးမွားရာကေန ယာမာဂါတာအသင္းကြင္းလယ္လူ ရွန္နာကာမူရာရရွိသြားၿပီး ၿပိဳင္ဘက္ဂိုးသမား ေရွ႕တက္ေနတာကို အခြင့္ေကာင္းယူကာ ကြင္းလယ္စည္းမေရာက္ခင္မွာ တစ္ခါတည္းဂိုးထဲကန္သြင္းလုိက္ပါတယ္။
သူကန္လုိက္တဲ့ေဘာလုံးက ေနာက္ျပန္ဆုတ္ၿပီး ဖမ္းဖို႔ႀကိဳးစားခဲ့တဲ့ ဂိုးသမား အိုကာမိုတိုရဲ႕ေခါင္းေပၚကေန ေက်ာ္သြားကာ ဂိုးသြားခဲ့ပါတယ္။ ဒုတိယဂိုးကေတာ့ ပိုဆုိးပါတယ္။ ဒီတစ္ခါမွာလည္း မမွတ္ေသးတဲ့ဂိုးသမားက သူအပိုင္စားရတဲ့ပင္နယ္တီဧရိယာထဲကေန မလိုအပ္ဘဲ ေရွ႕တက္လာျပန္ပါတယ္။ အဲဒီအခ်ိန္မွာ အူဟင္းကစားသမားေတြကလည္း ေဘာလုံးပ်က္သြားၿပီး ယာမာဂါတာအသင္းကြင္းလယ္လူ ဆာကာမိုတိုက ဂိုးထဲ တစ္ခါတည္းကန္ထည့္လုိက္ပါတယ္။
ဒီတစ္ခါ ဆာကာမိုတုိ ကန္သြင္းတာ အေျမာက္ေဘာမဟုတ္ဘဲ ေနာက္ခံလူနဲ႔ထိကာ လမ္းေၾကာင္းေျပာင္းသြားလုိ႔ အိုကာမိုတုိလည္း ဟန္ခ်က္ပ်က္ကာ အသည္းအသန္ဖမ္းခဲ့ေပမယ့္ မိမိရရမဖမ္းႏိုင္ခဲ့လုိ႔ ဂိုးေပးလုိက္ရပါတယ္။
အဲဒီေနာက္ေတာ့ ဘယ္အသင္းမွ ဂိုးမသြင္းႏုိင္ဘဲ ယာမာဂါတာအသင္းက ၃-၀ ဂိုးနဲ႔အႏိုင္ရရွိခဲ့ၿပီး အမွတ္ေပးဇယားရဲ႕ အဆင့္ ၂ ေနရာမွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။