စကော့တလန်အောက်တန်းလိဂ်ပွဲတွေကို ပုံမှန်အားပေးနေတဲ့ ယက်ဒလေဆိုတဲ့ခွေး

photo-sport bible

photo-Russel Hutcheson

ကွင်းထဲမှာ ဘောလုံးပွဲအားပေးနေတဲ့ ခွေးတစ်ကောင်ရဲ့ပုံရိပ်ဟာ ဆိုရှယ်မီဒီယာထက်မှာ အတော်လေးလူပြောများနေပါတယ်။ ဟုတ်ပါတယ်။ စကော့တလန်အောက်တန်းလိဂ်က ပွဲစဉ်တစ်ပွဲမှာ golden retriever အမျိုးအစားဖြစ်တဲ့ ယက်ဒလေဆိုတဲ့ခွေးဟာ ဘောလုံးပရိသတ်တစ်ယောက်ပါ။ ယက်ဒလေဟာ စကော့တလန်အောက်တန်းလိဂ်အသင်းတစ်သင်းဖြစ်တဲ့ ပိုးလော့အက်ဖ်စီရဲ့အမာခံပရိသတ်ဖြစ်ပြီး ၂၀၁၂ ကတည်းက သူချစ်တဲ့အသင်းကို အိမ်ကွင်းအဝေးကွင်းမရွေးလိုက်လံအားပေးနေတာပါ။

photo-social media

သူ့ရဲ့သခင်ဖြစ်တဲ့ဒေးဗစ်က အဲဒီစကော့တလန်တောင်ပိုင်းအသင်းရဲ့တစ်ရာသီစာလက်မှတ် ကိုင်ဆောင်ထားသူတစ်ယောက်ဖြစ်ပြီး သူ့ဘေးမှာ ယက်ဒလေအားပေးနိုင်ဖို့အတွက်လည်း လက်မှတ်အမြဲဝယ်ပေးထားပါတယ်။ ပိုးလော့အသင်းရဲ့အိမ်ကွင်းမှာတော့ ယက်ဒလေအတွက် သတ်သတ်မှတ်မှတ်နေရာတစ်ခု အမြဲရှိပါတယ်။ သူဟာ စကော့တလန်အောက်တန်းလိဂ်မှာ လူသိများပါတယ်။

photo-social media

ပိုလော့နဲ့ပြိုင်ဘက်ပရိသတ်တွေကြားမှာ ရေပန်စားလှပြီး မကြာခဏဆိုသလို လူတွေက သူ့ကို အစာကျွေးဖို့ လုပ်ကြတာ တွေ့ရပါတယ်။ ဒါ့အပြင် ၂၀၁၆ က ပိုးလော့အသင်းရဲ့ပရိုမိုးရှင်းဗီဒီယိုမှာလည်း ယက်ဒလေဟာ ပါဝင်ခွင့်ရခဲ့ပါတယ်။ ပြိုင်ဘက်အသင်းရဲ့ကွင်းမှာ ပွဲကြည့်စင်ပေါ်က ယက်ဒလေ ဘောလုံးပွဲအားပေးနေတဲ့ဓာတ်ပုံကို ဒေ့ါမန်နဲ့ပရီးမီးယားလိဂ်ကစားသမားဟောင်းဖြစ်တဲ့ ဇီလစ်က ဓာတ်ပုံရိုက်ယူခဲ့ပြီး Twitter ပေါ်တင်ခဲ့တာပါ။ အဲဒီပို့စ်ဟာ အတော်လေးကို လူကြိုက်မာျးသွားပါတယ်။

[Zawgyi]

စေကာ့တလန္ေအာက္တန္းလိဂ္ပြဲေတြကို ပုံမွန္အားေပးေနတဲ့ ယက္ဒေလဆုိတဲ့ေခြး

ကြင္းထဲမွာ ေဘာလုံးပြဲအားေပးေနတဲ့ ေခြးတစ္ေကာင္ရဲ႕ပုံရိပ္ဟာ ဆိုရွယ္မီဒီယာထက္မွာ အေတာ္ေလးလူေျပာမ်ားေနပါတယ္။ ဟုတ္ပါတယ္။ စေကာ့တလန္ေအာက္တန္းလိဂ္က ပြဲစဥ္တစ္ပြဲမွာ golden retriever အမ်ိဳးအစားျဖစ္တဲ့ ယက္ဒေလဆိုတဲ့ေခြးဟာ ေဘာလုံးပရိသတ္တစ္ေယာက္ပါ။ ယက္ဒေလဟာ စေကာ့တလန္ေအာက္တန္းလိဂ္အသင္းတစ္သငး္ျဖစ္တဲ့ ပိုးေလာ့အက္ဖ္စီရဲ႕အမာခံပရိသတ္ျဖစ္ၿပီး ၂၀၁၂ ကတည္းက သူခ်စ္တဲဲ့အသင္းကို အိမ္ကြင္းအေ၀းကြင္းမေရြးလိုက္လံအားေပးေနတာပါ။

သူ႔ရဲ႕သခင္ျဖစ္တဲ့ေဒးဗစ္က အဲဒီစေကာ့တလန္ေတာင္ပိုင္းအသင္းရဲ႕တစ္ရာသီစာလက္မွတ္ ကိုင္ေဆာင္ထားသူတစ္ေယာက္ျဖစ္ၿပီး သူ႔ေဘးမွာ ယက္ဒေလအားေပးႏိုင္ဖုိ႔အတြက္လည္း လက္မွတ္အၿမဲ၀ယ္ေပးထားပါတယ္။ ပိုးေလာ့အသင္းရဲ႕အိမ္ကြင္းမွာေတာ့ ယက္ဒေလအတြက္ သတ္သတ္မွတ္မွတ္ေနရာတစ္ခု အၿမဲရွိပါတယ္။ သူဟာ စေကာ့တလန္ေအာက္တန္းလိဂ္မွာ လူသိမ်ားပါတယ္။

ပုိေလာ့နဲ႔ၿပိဳင္ဘက္ပရိသတ္ေတြၾကားမွာ ေရပန္စားလွၿပီး မၾကာခဏဆုိသလို လူေတြက သူ႔ကို အစာေကၽြးဖို႔ လုပ္ၾကတာ ေတြ႕ရပါတယ္။ ဒါ့အျပင္ ၂၀၁၆ က ပုိးေလာ့အသင္းရဲ႕ပရိုမုိးရွငး္ဗီဒီယိုမွာလည္း ယက္ဒေလဟာ ပါ၀င္ခြင့္ရခဲ့ပါတယ္။ ၿပိဳင္ဘက္အသင္းရဲ႕ကြင္းမွာ ပြဲၾကည့္စင္ေပၚက ယက္ဒေလ ေဘာလုံးပြဲအားေပးေနတဲ့ဓာတ္ပုံကို ေဒ့ါမန္နဲ႔ပရီးမီးယားလိဂ္ကစားသမားေဟာင္းျဖစ္တဲ့ ဇီလစ္က ဓာတ္ပုံရိုက္ယူခဲ့ၿပီး Twitter ေပၚတင္ခဲ့တာပါ။ အဲဒီပို႔စ္ဟာ အေတာ္ေလးကို လူႀကိဳက္မာ်းသြားပါတယ္။