
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ရုပ်ထုကို ကွင်းအရှေ့မှာ ဂုဏ်ပြုတဲ့အနေနဲ့ စိုက်ထူမှာဖြစ်တယ်လို့ စကော့တလန်ကလပ်အသင်း အဘားဒင်းက အတည်ပြုပါတယ်။
ဆာအဲလက်စ်ဖာဂူဆန်ဟာ အဘားဒင်း ကလပ်အသင်းကို ၇ နှစ်တာ ကိုင်တွယ်ခဲ့တဲ့အချိန်အတွင်းမှာ အမှတ်ပေးချန်ပီယံအဖြစ် ၃ ကြိမ်၊ စကော့တလန်အက်ဖ်အေဖလားချန်ပီယံ ၄ ကြိမ်နဲ့ ဥရောပစူပါဖလား ၁ ကြိမ်အထိ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ယခုအစီအစဉ်ဟာ အဘားဒင်းအသင်းရဲ့ ဂန္ထဝင်သူရဲကောင်းများအား ဂုဏ်ပြုမယ့် အစီအစဉ်ရဲ့ ပထမဆုံးခြေလှမ်းဖြစ်ကြောင်းလည်း သိရပါတယ်။
နည်းပြကြီး ဖာဂူဆန်က “အဘားဒင်းအသင်းရဲ့ ဂုဏ်ပြုမယ့် အစီအစဉ်အတွက် ကျွန်တော် ပီတိဖြစ်မိပါတယ်။
အဲဒီအသင်းက ကျွန်တော့်ရဲ့နည်းပြဘဝ မှာ အမှတ်ရစရာတွေ ကျန်ရစ်ခဲ့တဲ့အသင်းပါ။
ကြေးရုပ်သွန်းဖို့ ရွေးချယ်ခဲ့တဲ့ ဓာတ်ပုံကိုလည်း ကျေနပ်သဘောကျပါတယ်။
ဒီကြေးရုပ်တုကို မြင်တွေ့ရဖို့ မစောင့်နိုင်အောင်ပါပဲ”လို့ပြောပါတယ်။
အဘားဒင်းဘောလုံးအသင်းဥက္ကဌ ကော်မက်ခ်က ” ဖာဂူဆန်အနေနဲ့ အသင်းသမိုင်းတစ်လျှောက်မှာ ပါဝင်ခဲ့ပြီး အောင်မြင်မှုတွေရယူပေးခဲ့တာအများကြီးရှိတာကြောင့် သူ့ကို ဂုဏ်ပြုဖို့ လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။
၁၉၈၃ ခုနှစ်က ရရှိခဲ့တဲ့ ဥရောပစူပါဖလားရဲ့ နှစ် ၄၀ ပြည့် အခမ်းအနားမှာ ဖာဂူဆန်ရဲ့ရုပ်ထုကို ဖွင့်လှစ်နိုင်ဖို့အတွက် လုပ်ဆောင်သွားမှာပါ” လို့ပြောခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
စေကာ့ကလပ္မွာထားမယ့္ ပုံစံတူ ႐ုပ္ထုအတြက္ ေက်နပ္ပီတိျဖစ္ေနတဲ့ ဖာဂူဆန္
ယူႏိုက္တက္အသင္းရဲ႕ ဂႏၲဝင္နည္းျပႀကီး ဆာအဲလက္စ္ဖာဂူဆန္ရဲ႕ ႐ုပ္ထုကို ကြင္းအေရွ႕မွာ ဂုဏ္ျပဳတဲ့အေနနဲ႔ စိုက္ထူမွာျဖစ္တယ္လို႔ စေကာ့တလန္ကလပ္အသင္း အဘားဒင္းက အတည္ျပဳပါတယ္။
ဆာအဲလက္စ္ဖာဂူဆန္ဟာ အဘားဒင္း ကလပ္အသင္းကို ၇ ႏွစ္တာ ကိုင္တြယ္ခဲ့တဲ့အခ်ိန္အတြင္းမွာ အမွတ္ေပးခ်န္ပီယံအျဖစ္ ၃ ႀကိမ္၊ စေကာ့တလန္အက္ဖ္ေအဖလားခ်န္ပီယံ ၄ ႀကိမ္နဲ႔ ဥေရာပစူပါဖလား ၁ ႀကိမ္အထိ ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။
ယခုအစီအစဥ္ဟာ အဘားဒင္းအသင္းရဲ႕ ဂႏၴဝင္သူရဲေကာင္းမ်ားအား ဂုဏ္ျပဳမယ့္ အစီအစဥ္ရဲ႕ ပထမဆုံးေျခလွမ္းျဖစ္ေၾကာင္း လည္း သိရပါတယ္။
နည္းျပႀကီး ဖာဂူဆန္က “အဘားဒင္းအသင္းရဲ႕ ဂုဏ္ျပဳမယ့္ အစီအစဥ္အတြက္ ကြၽန္ေတာ္ ပီတိျဖစ္မိပါတယ္။ အဲဒီအသင္းက ကြၽန္ေတာ့္ရဲ႕နည္းျပဘဝ မွာ အမွတ္ရစရာေတြ က်န္ရစ္ခဲ့တဲ့အသင္းပါ။ ေၾကး႐ုပ္သြန္းဖို႔ ေ႐ြးခ်ယ္ခဲ့တဲ့ ဓာတ္ပုံကိုလည္း ေက်နပ္သေဘာက်ပါတယ္။ ဒီေၾကး႐ုပ္တုကို ျမင္ေတြ႕ရဖို႔ မေစာင့္ႏိုင္ေအာင္ပါပဲ”လို႔ေျပာပါတယ္။
အဘားဒင္းေဘာလုံးအသင္းဥကၠဌ ေကာ္မက္ခ္က ” ဖာဂူဆန္အေနနဲ႔ အသင္းသမိုင္းတစ္ေလွ်ာက္မွာ ပါဝင္ခဲ့ၿပီး ေအာင္ျမင္မႈေတြရယူေပးခဲ့တာအမ်ားႀကီးရွိတာေၾကာင့္ သူ႔ကို ဂုဏ္ျပဳဖို႔ လုပ္ေဆာင္ခဲ့တာပဲ ျဖစ္ပါတယ္။ ၁၉၈၃ ခုႏွစ္က ရရွိခဲ့တဲ့ ဥေရာပစူပါဖလားရဲ႕ ႏွစ္ ၄၀ ျပည့္ အခမ္းအနားမွာ ဖာဂူဆန္ရဲ႕႐ုပ္ထုကို ဖြင့္လွစ္ႏိုင္ဖို႔အတြက္ လုပ္ေဆာင္သြားမွာပါ” လို႔ေျပာခဲ့ပါတယ္။