စကားကြွယ်နိုင်နေတဲ့ ဖာနန်ဒက်စ်နဲ့ အခွင့်အလမ်းတွေပွင့်လန်းနိုင်တဲ့ ဟန်ဒါဆန်အကြောင်း

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

ယူနိုက်တက်အသင်းနဲ့အဲဗာတန်အသင်းတို့ရဲ့ပွဲစဉ်ဟာ ကစားသမားအချို့အတွက် ကံကောင်းစေတဲ့ပွဲဖြစ်ခဲ့ သလို၊ အချို့ကစားသမားတွေအတွက်တော့ ကံဆိုးစေတဲ့ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ အဖွင့် ဂိုးကို ပွဲချိန် 3 မိနစ် မှာ အဲဗာတန် တိုက်စစ်မှူး လီဝင် က ဒီဂီယာ ရဲ့ အမှား ကနေ တစ်ဆင့် သွင်းယူ ခဲ့တာ ပဲ ဖြစ်ပါတယ် ။
ဒါပေမယ့် ပွဲချိန် 31 မိနစ် မှာတော့ ဘရူနို ဖာနန်ဒက်စ် က ကောင်းမွန်တဲ့ အဝေး ကန်ချက် နဲ့ အတူ ခြေပဂိုး ပြန်လည် သွင်းယူ သွားနိုင်ခဲ့ ပါတယ် ။ ဒီလိုနဲ့ပဲ တစ်ဖက်တစ်ဂိုးစီနဲ့ပွဲကို အဆုံးသတ် ခဲ့ရပါတယ်။

photo internet

ပွဲပြီးချိန်မှာတော့ ဘရူနို ဖာနန်ဒက်စ် က ပွဲစဉ် ရဲ့ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်ခဲ့ ပြန် ပါတယ် ။ ပွဲအပြီးမှာတော့ ဖာနန်ဒက်စ်က အခုလိုပြောပါတယ်။ “ကျွန်တော့်ကန်ချက်က အရမ်းမပြင်းပါဘူး။ တော်ရုံသင့်ရုံ ကန်ချက် တစ်ခု ပါပဲ ။ ဒါပေမယ့် ဂိုးဝင်သွားတဲ့အတွက် ကျွန်တော် ပျော်ပါတယ်။ ဘောလုံးက ဂိုးပိုက် ထဲကို ဘယ်လို ရောက်ရှိ သွားတာလဲ ဆိုတာ က အရေး မကြီး ပါဘူး ။ အရေးကြီး တာက ဂိုး ရရှိ နိုင်ဖို့ ပါပဲ ။ ဒုတိယ ပိုင်းမှာ ဆိုရင် ကျွန်တော် တို့ဟာ အခွင့်အရေး တွေ များစွာ ဖန်တီး နိုင်ခဲ့ ကြ ပါတယ် ။ နောက်ဆုံး မိနစ် မှာ ဆိုရင် ကျွန်တော် တို့ဟာ ဂိုးတောင် ရရှိ နိုင်ခဲ့သင့်တာပါ။ တကယ်လို့ အီဟာလိုသာဂိုးသွင်းနိုင်မယ်ဆိုရင် ကျွန်တော်တို့မှာပြောစရာတွေအများကြီးရှိလာမှာပါ။ ကျွန်တော် ကိုယ်တိုင် လည်း ဂိုး ဧရိယာ ပြင်ပ ကနေပြီး ဂိုးပေါက် ကန်သွင်းခွင့် အချို့ ပိုင်ဆိုင် နိုင်ခဲ့ ပါတယ် ။ ကျွန်တော် ဟာ အဲ့တာ ထက် ပိုကောင်းအောင် ကန်သွင်း နိုင်ပါတယ်။ ကျွန်တော် တို့ ဒါဘီ နဲ့ ပွဲစဉ် မှာ သေချာ အာရုံစိုက် ကြရ ပါ့မယ်။ ပွဲစဉ် တစ်ပွဲ ကို မနိုင်တဲ့ အခါ တွေမှာ အားလုံး ပျော်ရွှင် နိုင်မှာ မဟုတ် ပါဘူး ။ ဒီပွဲစဉ် က ခက်ခဲတယ်ဆိုတာသေချာပါတယ်။ ဒီပွဲမှာတစ်မှတ်ရလို့ကောင်းတယ်လို့ပြောရပါမယ်။ သုံးမှတ်ရခဲ့ရင်တော့ အများကြီးပိုကောင်းတာပေါ့” ဆိုပြီးပြောပါတယ်။

photo internet

ဘရူနိုဖာနန်ဒက်စ် ရဲ့ ကိုက်၃၀ အကွာက ကန်ချက် နဲ့ သရေရယူခဲ့ရတဲ့ ယူနိုက်တက်အသင်းဟာ လက်ရှိမှာတော့ လိဂ် ၄ပွဲဆက် ရှုံးပွဲမရှိသေးသလို ဒါဟာ နည်းပြဆိုးလ်ရှားလက်ထက် အမြဲတမ်း နည်းပြဖြစ်ပြီးနောက် အကောင်းဆုံးရလဒ်လည်းဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ အဝေးဂိုးနံပါတ်(၉၀၀) မြောက်သွင်းဂိုး ကို ဘရူနိုဖာနန်ဒက်စ်က သွင်းယူပေးခဲ့ပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီတစ်လတာ အတွက် အကောင်းဆုံးဆုကို ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကပဲ ရရှိသွားခဲ့ပါတယ်။ ဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ရည်တွေကတော့ ဘောလုံးဆွဲယူတဲ့နေရာမှာ 100 ရာခိုင်နှုန်းအောင်မြင်တဲ့အပြင်၊ ဘောလုံးပေးပို့မှုကလည်း 75 ရာခိုင်နှုန်းလောက်အောင်မြင်ပါတယ်။ ဘောလုံးယှဉ်လုတဲ့အပိုင်း၊ ပြိုင်ဘက်ဧရိယာထဲ ဘောလုံးပေးပို့မှုအပိုင်း၊ ဘောလုံးပြန်လည်ဆယ်ယူတဲ့အပိုင်းတွေနဲ့ ဂိုးဖန်တီးမှုအပိုင်းတွေမှာလည်း အားရစရာကောင်းတဲ့ခြေစွမ်းရှိသူပါ။ ဖာနန်ဒက်စ်ကတော့ အခုအချိန်မှာ ထွန်းတောက်တဲ့ကြယ်တစ်ပွင့်ဖြစ်နေပါပြီ။ ယူနိုက်တက် အသင်း ရဲ့ ဗဟို နောက်ခံ ကစား သမား ဟောင်း ဖြစ်သူ ရီယို ဖာဒီနန် က လက်ရှိ အသင်း ရဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ဟာ အိုးလ် ထရပ်ဖို့ဒ် မှာ တကယ့် ကို ကောင်းမွန် လှတဲ့ ကစားသမား ဘဝ ကို စတင် နိုင်ခဲ့ ကြောင်း ချီးကျူး စကား ဆိုထားပါတယ်။

photo internet

” ဘရူနိုတစ်ယောက် ယူနိုက်တက် ကို ရောက်ရှိ လာခဲ့တာဟာ လတ်ဆတ်တဲ့ လေထုကို ရှူရှိုက်ခွင့် ရရှိ စေသလို ဖြစ်ခဲ့ ပါတယ် ။ သူဟာ အသင်း ကို ရောက်ရှိ ခဲ့ပြီး လုံးဝ ဘောလုံး ကစား ပြချင် ခဲ့တဲ့ ပုံစံ ၊ ဘောလုံး အားကစား ကိုပဲ ပျော်ရွှင် ခံစား လိုတဲ့ ပုံစံမျိုး ပြသ နေခဲ့ ပါတယ်။ သူဟာ အသင်းကိုကယ်တင်သူ တစ်ဦးပါ လို့ ပြောဖို့တော့ အချိန် စောပါ သေးတယ် ။ ”ဆိုပြီး ဖာဒီနန်ကပြောဆိုပါတယ်။

photo internet

နောက်ထပ်တင်ဆက်ပေးချင်တဲ့အကြောင်းအရာကတော့ ဟန်ဒါဆန်အကြောင်းဖြစ်ပါတယ်။ အဲဗာတန်နဲ့ ယူနိုက်တက်တို့ပွဲစဉ်မှာ ဂိုးသမားဒီဂီယာ အမှားလုပ်တာနဲ့ပတ်သက်ပြီး စိတ်ဆိုးဒေါသထွက်နေသူ တွေရှိပါတယ်။ ပြီးခဲ့တဲ့အချို့ပွဲစဉ်တွေမှာကတည်းက ယူနိုက်တက်ပရိသတ်တွေက ဒီဂီယာကိုအလို မရှိကြတော့တာဖြစ်ပါတယ်။ အခုတော့ဒီဂီယာအတွက်ပိုပြီး ဖိအားများလာခဲ့ပါပြီ။ ဒီဂီယာရဲ့ထိုင်ခုံကို လှုပ်နေတဲ့သူကတော့ လူငယ်ဂိုးသမားလေး ဟန်ဒါဆင်ဖြစ်ပါတယ်။ လက်ရှိမှာဟန်ဒါဆန်ဟာ ယူနိုက်တက်ကနေ အငှားနဲ့ ထွက်ပြီးတော့ ရှက်ဖီးယူနိုက်တက်မှာ ကစားနေတာပါ။

photo internet

ဒီရာသီမှာ ရှက်ဖီးယူနိုက်တက်နဲ့ အတူလက်စွမ်းပြကစားနေတဲ့ ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ အခုအချိန်မှာ တွစ်တာအသုံးပြုသူတွေဟာ ရှက်ဖီးယူနိုက်တက်ရဲ့ ဂိုးသမားဟန်ဒါဆန်အနေနဲ့ အင်္ဂလန်ရဲ့ နံပါတ်တစ်ဂိုးသမားနေရာနဲ့ ယူနိုက်တက်ရဲ့နံပါတ်တစ်ဂိုးသမားနေရာတွေကိုပါရသင့်နေပြီလို့ ပြောဆိုနေကြတာဖြစ်ပါတယ်။
ယူနိုက်တက်နဲ့အဲဗာတန်ပွဲစဉ်ကိုအင်္ဂလန်အသင်းလက်ရွေးစင်နည်းပြဖြစ်သူဆောက်ဂိတ်တစ်ယောက်လည်းလာရောက်ကြည့်ရှု့ခဲ့တာကြောင့် ပစ်ဖို့ဒ်အစား အင်္ဂလန်လက်ရွေးစင်အသင်းရဲ့နံပါတ်တစ်ဂိုးသမားနေရာကို ဟန်ဒါဆန်ကိုပေးတော့မလား ဆိုတာစိတ်ဝင်စားစရာကောင်းသလို၊ ယူနိုက်တက်မှာ ဒီရာသီအမှား တွေခဏခဏလုပ်နေတဲ့ ဒီဂီယာရဲ့ အနာဂတ်ဟာလည်း ဟန်ဒါဆန်ကြောင့် မှေးမှိန်တော့မှာလား ဆိုတာစောင့်ကြည့်ရပါမယ်။

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

(Zawgyi Version)

စကားၾကြယ္ႏိုင္ေနတဲ့ ဖာနန္ဒက္စ္နဲ႔ အခြင့္အလမ္းေတြပြင့္လန္းႏိုင္တဲ့ ဟန္ဒါဆန္အေၾကာင္း

ယူႏိုက္တက္အသင္းနဲ႔အဲဗာတန္အသင္းတို႔ရဲ႕ပြဲစဥ္ဟာ ကစားသမားအခ်ဳိ႕အတြက္ ကံေကာင္းေစတဲ့ပြဲျဖစ္ခဲ့ သလုိ၊ အခ်ဳိ႕ကစားသမားေတြအတြက္ေတာ့ ကံဆိုးေစတဲ့ပြဲျဖစ္ခဲ့ပါတယ္။ အဲဒီပြဲစဥ္မွာ အဖြင့္ ဂိုးကို ပြဲခ်ိန္ 3 မိနစ္ မွာ အဲဗာတန္ တိုက္စစ္မႉး လီဝင္ က ဒီဂီယာ ရဲ႕ အမွား ကေန တစ္ဆင့္ သြင္းယူ ခဲ့တာ ပဲ ျဖစ္ပါတယ္ ။
ဒါေပမယ့္ ပြဲခ်ိန္ 31 မိနစ္ မွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္ က ေကာင္းမြန္တဲ့ အေဝး ကန္ခ်က္ နဲ႔ အတူ ေျခပဂိုး ျပန္လည္ သြင္းယူ သြားႏိုင္ခဲ့ ပါတယ္ ။ ဒီလုိနဲ႔ပဲ တစ္ဖက္တစ္ဂိုးစီနဲ႔ပြဲကို အဆုံးသတ္ ခဲ့ရပါတယ္။ ပြဲၿပီးခ်ိ္န္မွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္ က ပြဲစဥ္ ရဲ႕ အေကာင္းဆုံး ကစားသမား တစ္ဦး ျဖစ္ခဲ့ ျပန္ ပါတယ္ ။ ပဲြအၿပီးမွာေတာ့ ဖာနန္ဒက္စ္က အခုလုိေျပာပါတယ္။ “ကၽြန္ေတာ့္ကန္ခ်က္က အရမ္းမျပင္းပါဘူး။ ေတာ္႐ုံသင့္႐ုံ ကန္ခ်က္ တစ္ခု ပါပဲ ။ ဒါေပမယ့္ ဂိုး၀င္သြားတဲ့အတြက္ ကြၽန္ေတာ္ ေပ်ာ္ပါတယ္။ ေဘာလုံးက ဂိုးပိုက္ ထဲကို ဘယ္လို ေရာက္ရွိ သြားတာလဲ ဆိုတာ က အေရး မႀကီး ပါဘူး ။ အေရးႀကီး တာက ဂိုး ရရွိ ႏိုင္ဖို႔ ပါပဲ ။ ဒုတိယ ပိုင္းမွာ ဆိုရင္ ကြၽန္ေတာ္ တို႔ဟာ အခြင့္အေရး ေတြ မ်ားစြာ ဖန္တီး ႏိုင္ခဲ့ ၾက ပါတယ္ ။ ေနာက္ဆုံး မိနစ္ မွာ ဆိုရင္ ကြၽန္ေတာ္ တို႔ဟာ ဂိုးေတာင္ ရရွိ ႏိုင္ခဲ့သင့္တာပါ။ တကယ္လို႔ အီဟာလိုသာဂိုးသြင္းႏိုင္မယ္ဆိုရင္ ကၽြန္ေတာ္တို႔မွာေျပာစရာေတြအမ်ားႀကီးရိွလာမွာပါ။ ကြၽန္ေတာ္ ကိုယ္တိုင္ လည္း ဂိုး ဧရိယာ ျပင္ပ ကေနၿပီး ဂိုးေပါက္ ကန္သြင္းခြင့္ အခ်ိဳ႕ ပိုင္ဆိုင္ ႏိုင္ခဲ့ ပါတယ္ ။ ကြၽန္ေတာ္ ဟာ အဲ့တာ ထက္ ပိုေကာင္းေအာင္ ကန္သြင္း ႏိုင္ပါတယ္။ ကြၽန္ေတာ္ တို႔ ဒါဘီ နဲ႔ ပြဲစဥ္ မွာ ေသခ်ာ အာ႐ုံစိုက္ ၾကရ ပါ့မယ္။ ပြဲစဥ္ တစ္ပြဲ ကို မႏိုင္တဲ့ အခါ ေတြမွာ အားလုံး ေပ်ာ္႐ႊင္ ႏိုင္မွာ မဟုတ္ ပါဘူး ။ ဒီပြဲစဥ္ က ခက္ခဲတယ္ဆိုတာေသခ်ာပါတယ္။ ဒီပြဲမွာတစ္မွတ္ရလို႔ေကာင္းတယ္လို႔ေျပာရပါမယ္။ သုံးမွတ္ရခဲ့ရင္ေတာ့ အမ်ားႀကီးပိုေကာင္းတာေပါ့” ဆိုၿပီးေျပာပါတယ္။
ဘ႐ူႏိုဖာနန္ဒက္စ္ ရဲ႕ ကိုက္၃၀ အကြာက ကန္ခ်က္ နဲ႔ သေရရယူခဲ့ရတဲ့ ယူႏိုက္တက္အသင္းဟာ လက္ရွိမွာေတာ့ လိဂ္ ၄ပြဲဆက္ ရံႈးပြဲမရွိေသးသလို ဒါဟာ နည္းျပဆိုးလ္ရွားလက္ထက္ အၿမဲတမ္း နည္းျပျဖစ္ၿပီးေနာက္ အေကာင္းဆုံးရလဒ္လည္းျဖစ္ပါတယ္။ ယူႏိုက္တက္ရဲ႕ အေဝးဂိုးနံပါတ္(၉၀၀) ေျမာက္သြင္းဂိုး ကို ဘ႐ူႏိုဖာနန္ဒက္စ္က သြင္းယူေပးခဲ့ပါတယ္။ ဒါ့အျပင္ ေဖေဖာ္ဝါရီတစ္လတာ အတြက္ အေကာင္းဆုံးဆုကို ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ကပဲ ရရွိသြားခဲ့ပါတယ္။ ဖာနန္ဒက္စ္ရဲ႕ စြမ္းေဆာင္ရည္ေတြကေတာ့ ေဘာလုံးဆြဲယူတဲ့ေနရာမွာ 100 ရာခိုင္ႏႈန္းေအာင္ျမင္တဲ့အျပင္၊ ေဘာလုံးေပးပို႔မႈကလည္း 75 ရာခိုင္ႏႈန္းေလာက္ေအာင္ျမင္ပါတယ္။ ေဘာလုံးယွဥ္လုတဲ့အပိုင္း၊ ၿပိဳင္ဘက္ဧရိယာထဲ ေဘာလုံးေပးပို႔မႈအပိုင္း၊ ေဘာလုံးျပန္လည္ဆယ္ယူတဲ့အပိုင္းေတြနဲ႔ ဂိုးဖန္တီးမႈအပိုင္းေတြမွာလည္း အားရစရာေကာင္းတဲ့ေျခစြမ္းရိွသူပါ။ ဖာနန္ဒက္စ္ကေတာ့ အခုအခ်ိန္မွာ ထြန္းေတာက္တဲ့ၾကယ္တစ္ပြင့့္ျဖစ္ေနပါၿပီ။ ယူႏိုက္တက္ အသင္း ရဲ႕ ဗဟို ေနာက္ခံ ကစား သမား ေဟာင္း ျဖစ္သူ ရီယို ဖာဒီနန္ က လက္ရွိ အသင္း ရဲ႕ ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္ ဟာ အိုးလ္ ထရပ္ဖို႔ဒ္ မွာ တကယ့္ ကို ေကာင္းမြန္ လွတဲ့ ကစားသမား ဘဝ ကို စတင္ ႏိုင္ခဲ့ ေၾကာင္း ခ်ီးက်ဴး စကား ဆိုထားပါတယ္။
” ဘ႐ူႏိုတစ္ေယာက္ ယူႏိုက္တက္ ကို ေရာက္ရွိ လာခဲ့တာဟာ လတ္္ဆတ္တဲ့ ေလထုကို ရႉရႈိက္ခြင့္ ရရွိ ေစသလို ျဖစ္ခဲ့ ပါတယ္ ။ သူဟာ အသင္း ကို ေရာက္ရွိ ခဲ့ၿပီး လုံးဝ ေဘာလုံး ကစား ျပခ်င္ ခဲ့တဲ့ ပုံစံ ၊ ေဘာလုံး အားကစား ကိုပဲ ေပ်ာ္႐ႊင္ ခံစား လိုတဲ့ ပုံစံမ်ိဳး ျပသ ေနခဲ့ ပါတယ္။ သူဟာ အသင္းကိုကယ္တင္သူ တစ္ဦးပါ လို႔ ေျပာဖို႔ေတာ့ အခ်ိန္ ေစာပါ ေသးတယ္ ။ ”ဆိုၿပီး ဖာဒီနန္ကေျပာဆုိပါတယ္။
ေနာက္ထပ္တင္ဆက္ေပးခ်င္တဲ့အေၾကာင္းအရာကေတာ့ ဟန္ဒါဆန္အေၾကာင္းျဖစ္ပါတယ္။ အဲဗာတန္နဲ႔ ယူႏုိက္တက္တို႔ပြဲစဥ္မွာ ဂိုးသမားဒီဂီယာ အမွားလုပ္တာနဲ႔ပတ္သက္ၿပီး စိတ္ဆိုးေဒါသထြက္ေနသူ ေတြရိွပါတယ္။ ၿပီးခဲ့တဲ့အခ်ဳိ႕ပြဲစဥ္ေတြမွာကတည္းက ယူႏိုက္တက္ပရိသတ္ေတြက ဒီဂီယာကိုအလို မရိွၾကေတာ့တာျဖစ္ပါတယ္။ အခုေတာ့ဒီဂီယာအတြက္ပိုၿပီး ဖိအားမ်ားလာခဲ့ပါၿပီ။ ဒီဂီယာရဲ႕ထိုင္ခုံကို လႈပ္ေနတဲ့သူကေတာ့ လူငယ္ဂိုးသမားေလး ဟန္ဒါဆင္ျဖစ္ပါတယ္။ လက္ရိွိမွာဟန္ဒါဆန္ဟာ ယူနိုက္တက္ကေန အငွားနဲ႔ ထြက္ျပီးေတာ့ ရွက္ဖီးယူႏိုက္တက္မွာ ကစားေနတာပါ။ ဒီရာသီမွာ ရွက္ဖီးယူနုိက္တက္နဲ႔ အတူလက္စြမ္းျပကစားေနတ့ဲ ကစားသမားတစ္ေယာက္ပဲျဖစ္ပါတယ္။ အခုအခ်ိန္မွာ တြစ္တာအသံုးျပဳသူေတြဟာ ရွက္ဖီးယူႏိုက္တက္ရဲ႕ ဂိုးသမားဟန္ဒါဆန္အေနနဲ႔ အဂၤလန္ရဲ႕ နံပါတ္တစ္ဂိုးသမားေနရာနဲ႔ ယူႏုိက္္တက္ရဲ႕နံပါတ္တစ္ဂိုးသမားေနရာေတြကိုပါရသင့္ေနျပီလို႔ ေျပာဆိုေနၾကတာျဖစ္ပါတယ္။
ယူႏိုက္တက္နဲ႔အဲဗာတန္ပြဲစဥ္ကုိအဂၤလန္အသင္းလက္ေရြးစင္နည္းျပျဖစ္သူေဆာက္ဂိတ္တစ္ေယာက္လည္းလာေရာက္ၾကည့္ရႈ႕ခ့ဲတာေၾကာင့္ ပစ္ဖို႔ဒ္အစား အဂၤလန္လက္ေရြးစင္အသင္းရဲ႕နံပါတ္တစ္ဂိုးသမားေနရာကို ဟန္ဒါဆန္ကိုေပးေတာ့မလားဆိုတာစိတ္၀င္စားစရာေကာင္းသလို၊ ယူနို္က္တက္မွာ ဒီရာသီအမွားေတြခဏခဏလုပ္ေနတ့ဲ ဒီဂီယာရဲ႕ အနာဂတ္ဟာလည္း ဟန္ဒါဆန္ေၾကာင့္ ေမွးမိွန္ေတာ့မွာလားဆိုတာေစာင့္ၾကည့္ရပါမယ္။