
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) ဟာ ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်များတွင် ဝတ်ဆင်ရန် ရည်ရွယ်ထားတဲ့ အေဂျက်စ်အသင်း၏ တတိယဝတ်စုံကို ခွင့်မပြုဘဲ ပိတ်ပင်လိုက်ပါတယ်။
အေဂျက်စ်အသင်းဟာ နာမည်ကျော် ရက်ဂေးအဆိုတော် ဘော့ဘ်မာလေးကို ဂုဏ်ပြုတဲ့အနေဖြင့် ၎င်းတို့ရဲ့ တတိယဝတ်စုံ နောက်ကျောဘက်တွင် ငှက်သုံးကောင်ပုံကို ထည့်သွင်းခဲ့ပါတယ်။
ဘော့ဘ်မာလေးရဲ့ Three Little Birds ဂန္တဝင်သီချင်းမှာ အေဂျက်စ်အသင်း၏ အိမ်ကွင်းပွဲစဉ်များတွင် ဖွင့်လှစ်လေ့ရှိကြောင်းလည်း သိရပါတယ်။
ဘော့ဘ်မာလေးရဲ့ Three Little Birds သီချင်းကိုဂုဏ်ပြုထားတဲ့ယင်းဝတ်စုံဟာတစ်မိနစ်အတွင်းမှာအကုန်ရောင်းချခဲ့ရတဲ့အထိရောင်းအားကောင်းခဲ့တဲ့ဝတ်စုံလည်းဖြစ်ပါတယ်။
အေဂျက်စ်ဟာစနေနေ့တုန်းက PEC Zwolle နှင့်ပွဲစဉ်တွင်တတိယဝတ်စုံကိုဝတ်ဆင်ပေမယ့်ယင်းဝတ်စုံမှာ Three Little Birds မပါဝင်ပါဘူး။
ဥရောပဘောလုံးအဖွဲ့ချုပ်က ကလပ်အသင်းများ၏ ဝတ်စုံများတွင် အသင်း၏ အမှတ်တံဆိပ်နှင့် စပွန်ဆာကုမ္ပဏီများ၏ အမှတ်တံဆိပ်များမှလွဲ၍ အခြားအမှတ်တံဆိပ်များကို တပ်ဆင်ခွင့်မပြုတာကြောင့် ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး
အဆိုပါငှက် သုံးကောင်ပုံကို ဖယ်ရှားမှသာ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဝတ်ဆင်ခွင့်ပြုမယ်လို့ ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ငှက်သုံးကောင်ကြောင့် အေဂျက်စ်ရဲ့ တတိယ၀တ်စုံ ၀တ်ဆင်ခွင့်မရ