

စတမ်းဖိုဒ် ဘရစ်မှာ နယူကာဆယ်ကိုအနိုင်ယူနိုင်ခဲ့တာကြောင့် ချဲလ်ဆီးအသင်းဟာ အမှတ်ပေးဇယား အဆင့်-၃နေရာအထိ ရောက်ရှိလာခဲ့ပါပြီ။
ဒါဟာ လမ်းပတ်ရဲ့အသင်းအတွက် ဒီရာသီ ၅ပွဲမြောက် လွဂ်နိုင်ပွဲကိုရယူနိုင်ခဲ့ခြင်းပါ။ ချဲလ်ဆီးဟာ ပြိုင်ပွဲစုံ ၄ပွဲဆက် အနိုင်ရထားတဲ့ အသင်းအနေနဲ့ အိမ်ကွင်းပရိသတ်တွေရှေ့မှာ ယုံကြည်ချက်အပြည့်နဲ့ဝင်ရောက်လာခဲ့သလို ငှက်ကျားတွေကလည်း နိုင်ငံတကာသီတင်းပတ်မတိုင်ခင် နောက်ဆုံးပွဲမှာ မန်ယူကို သမိုင်းဝင်အောင်ပွဲဆင်နိုင်ပွဲရထားတဲ့အရှိန်လေးနဲ့ဆိုတော့ ပွဲကစိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။

ချဲလ်ဆီးဟာ အိမ်ရှင်ပီပီဘောလုံးပိုင်ဆိုင်မှုအသာနဲ့ တိုက်စစ်ဆင်နိုင်ပေမယ့် ပထမပိုင်းပြီးတဲ့အထိ ဂိုးမရခဲ့ပါဘူး။၇၄ မိနစ်ရောက်မှ အိုဒွိုင်းဖန်တီးပေးတာကနေ မားကို့စ်အလွန်ဆိုက အနိမ့်ဘောကန်သွင်းနိုင်ခဲ့လို့သာ ချဲလ်ဆီးဂိုးရသွားတာပါ။ဆိုလိုတာက အပြာရောင်တွေဟာ စတိဗ်ဘရုစ်ရဲ့အသင်းအပေါ် အသာစီးရခဲ့တာမှန်ပေမယ့် အမှတ်ပြည့်ယူနိုင်ဖို့တော့ အခက်အခဲအချို့ကျော်ဖြတ်ခဲ့ရတာပါ။ဒီပွဲနဲ့ပတ်သက်ပြီး နောက်ထပ်ပြောစရာရှိတဲ့ အကြောင်းအရာလေးတွေကတော့ …

၁။အဆီအငေါ်မတည့်ခဲ့တဲ့ ကာဆယ်တိုက်စစ်
ငှက်ကျားတွေဟာ မျှော်လင့်ထားသလိုပဲ ဘရာဇီးတိုက်စစ်မှူးဂျိုးလင်တန်ကို တိုက်စစ်မြားဦးမှာ ဦးဆောင်စေပြီး အဲလ်မီရွန်၊စိန့်မက်ဇီမင်းတို့နဲ့ခြံရံပွဲထွက်လာခဲ့တယ်။ဒါပေမဲ့ သူတို့ရဲ့တြိဂံတိုက်စစ်က အချိတ်အဆက်မတည့်ခဲ့ဘူး။စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပရီးမီးယားလိဂ်ကိုရောက်လာကတည်းက အကျိုးမဖြစ်ထွန်းခဲ့တဲ့ အဲလ်မီရွန်ဟာ အခုချိန်ထိလည်း တစ်ဂိုးမှမရသေးသလို တစ်ဂိုးမှလည်း ဖန်တီးမပေးနိုင်သေးဘူး။အဲဒီအချိန် ဂျိုးလင်တန်က သီးခြားကြီးဖြစ်နေပြီး တစ်ယောက်တည်းရုန်းနေရတယ်။နိုက်စ်တောင်ပံလူဟောင်းမက်ဇီမင်းတစ်ယောက်ပဲ ချဲလ်ဆီးခံစစ်ကို ခြိမ်းခြောက်မှုတွေလုပ်နိုင်ခဲ့တယ်။တကယ်လို့ နယူးကာဆယ်အနေနဲ့ တန်းဆင်းဇုန်ထဲက ရုန်းထွက်ချင်ရင်တော့ စတိဗ်ဘရုစ်ဟာ တိုက်စစ်ကိုဒီထက်ပိုကောင်းအောင် ပြောင်းလဲရတော့မှာပါ။

၂။အပြာရောင်တွေအတွက် အိုဒွိုင်း ခရီးဆက်နိုင်ခဲ့
ကာလရှည်ဒဏ်ရာကနေ ပြန်လာခဲ့တဲ့ အိုဒွိုင်းဟာ ကွင်းထဲမှာအကောင်းဆုံးတစ်ယောက်အဖြစ် သက်သောင့်သက်သာရှိနေခဲ့တယ်။အားရလောက်စရာလုပ်ခလစာတွေနဲ့ စာချုပ်သစ်ချုပ်ထားတဲ့ လူငယ်ကြယ်ပွင့်လေးဟာ တောင်ပံတစ်လျှောက်မှာ ဟာကွက်မရှိ စီးမျောသွားခဲ့ပြီး ကာဆယ်ခံစစ်ကို သူ့စွမ်းရည်တွေနဲ့မွှေနှောက်ခဲ့တယ်။ပြီးတော့ အေဘရာဟမ်နဲ့ဝီလျံ။သူတို့နဲ့ဆန့်ကျင်ဘက် အခြမ်းကနေ အိုဒွိုင်းရဲ့အလှုပ်တွေဟာ ပိုမိုထိရောက်ခဲ့တယ်။ဒီနေ့ပွဲမှာ ဝီလျံက အကောင်းဆုံးပုံစံမရခဲ့သလို အေဘရာဟမ်ကလည်း ထိရောက်တဲ့ဖန်တီးမှုရော အဆုံးသတ်ပိုင်းပါမလုပ်နိုင်ခဲ့ဘူး။ဒါပေမဲ့ အိုဒွိုင်းကတော့ အလွန်ဆိုရဲ့အနိုင်ဂိုးအတွက် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ဆာရီလက်ထက်တုန်းက နေရာပေးတာမခံခဲ့ရတာဟာ အိုဒွိုင်းအတွက်တော့ နစ်နာစရာဖြစ်ခဲ့တာအမှန်ပါပဲ။

၃။အရေးပါသူအဖြစ် မိတ်ဆက်သက်သေပြနိုင်ခဲ့တဲ့ ကိုဗာဆစ်
ကန်တီမကစားနိုင်ချိန်မှာ ဘာကလေက ဂျော်ဂျင်ဟိုနဲ့တွဲပြီး ကွင်းလယ်ဗဟိုမှာတာဝန်ယူရပေမယ့် အင်္ဂလန်သားဟာ ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေးနိုင်ပေမယ့် ကာဆယ်ခံစစ်ကို မချိုးဖျက်နိုင်ဘဲ ပထမပိုင်းအဆုံးသတ်ရတော့မယ့်ဆဲဆဲမှာ လမ်းပတ်ဟာ အပြောင်းအလဲတစ်ခုလုပ်ခဲ့ရတယ်။ဘာကလေနေရာမှာ ခရိုအေးရှားသား ကိုဗာဆစ်ကို အစားထိုးလိုက်တာပါ။ဒုတိယပိုင်းမှာတော့ ကိုဗာဆစ်နဲ့ဂျော်ဂျင်ဟိုတို့ ကွင်းလယ်စုဖွဲ့မှုကြောင့် ချဲလ်ဆီးတိုက်စစ်သမားတွေ ပိုပြီးလှုပ်ရှားခွင့်ရလာကြတယ်။ခံစစ်အတွက် စိတ်ပူစရာမလိုတော့ဘဲ တိုက်စစ်ကိုအာရုံအပြည့်စိုက်လာနိုင်ကြတယ်။ဒါဟာ ပွဲရဲ့အရေးပါတဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ကိုဗာဆစ်ကို လူစားဝင်စေခဲ့တဲ့လမ်းပတ်ရဲ့ဗျူဟာမှန်ကန်ခဲ့ပြီး ချဲလ်ဆီးကိုပြိုင်ပွဲစုံ ၅ပွဲဆက်အနိုင်ရတဲ့အကျိုးဆက်ရရှိစေခဲ့တာပါ။
(zawgyi)
စတမ္းဖိုဒ္ ဘရစ္မွာ နယူကာဆယ္ကိုအႏိုင္ယူႏိုင္ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးအသင္းဟာ အမွတ္ေပးဇယား အဆင့္-၃ေနရာအထိ ေရာက္ရွိလာခဲ့ပါၿပီ။
ဒါဟာ လမ္းပတ္ရဲ႕အသင္းအတြက္ ဒီရာသီ ၅ပြဲေျမာက္ လြဂ္ႏိုင္ပြဲကိုရယူႏိုင္ခဲ့ျခင္းပါ။ ခ်ဲလ္ဆီးဟာ ၿပိဳင္ပြဲစုံ ၄ပြဲဆက္ အႏိုင္ရထားတဲ့ အသင္းအေနနဲ႔ အိမ္ကြင္းပရိသတ္ေတြေရွ႕မွာ ယုံၾကည္ခ်က္အျပည့္နဲ႔ဝင္ေရာက္လာခဲ့သလို ငွက္က်ားေတြကလည္း ႏိုင္ငံတကာသီတင္းပတ္မတိုင္ခင္ ေနာက္ဆုံးပြဲမွာ မန္ယူကို သမိုင္းဝင္ေအာင္ပြဲဆင္ႏိုင္ပြဲရထားတဲ့အရွိန္ေလးနဲ႔ဆိုေတာ့ ပြဲကစိတ္ဝင္စားစရာေကာင္းခဲ့ပါတယ္။ခ်ဲလ္ဆီးဟာ အိမ္ရွင္ပီပီေဘာလံုးပိုင္ဆိုင္မႈအသာနဲ႔ တိုက္စစ္ဆင္ႏိုင္ေပမယ့္ ပထမပိုင္းၿပီးတဲ့အထိ ဂိုးမရခဲ့ပါဘူး။၇၄ မိနစ္ေရာက္မွ အိုဒိြဳင္းဖန္တီးေပးတာကေန မားကို႔စ္အလြန္ဆိုက အနိမ့္ေဘာကန္သြင္းႏိုင္ခဲ့လို႔သာ ခ်ဲလ္ဆီးဂိုးရသြားတာပါ။ဆိုလိုတာက အျပာေရာင္ေတြဟာ စတိဗ္ဘရုစ္ရဲ႕အသင္းအေပၚ အသာစီးရခဲ့တာမွန္ေပမယ့္ အမွတ္ျပည့္ယူႏိုင္ဖို႔ေတာ့ အခက္အခဲအခ်ိဳ႔ေက်ာ္ျဖတ္ခဲ့ရတာပါ။ဒီပြဲနဲ႔ပတ္သက္ၿပီး ေနာက္ထပ္ေျပာစရာရွိတဲ့ အေၾကာင္းအရာေလးေတြကေတာ့ …
၁။အဆီအေငၚမတည့္ခဲ့တဲ့ ကာဆယ္တိုက္စစ္
ငွက္က်ားေတြဟာ ေမွ်ာ္လင့္ထားသလိုပဲ ဘရာဇီးတိုက္စစ္မွဴးဂ်ိဳးလင္တန္ကို တိုက္စစ္ျမားဦးမွာ ဦးေဆာင္ေစၿပီး အဲလ္မီရြန္၊စိန္႔မက္ဇီမင္းတို႔နဲ႔ၿခံရံပြဲထြက္လာခဲ့တယ္။ဒါေပမဲ့ သူတို႔ရဲ႕ႀတိဂံတိုက္စစ္က အခ်ိတ္အဆက္မတည့္ခဲ့ဘူး။စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ပရီးမီးယားလိဂ္ကိုေရာက္လာကတည္းက အက်ိဳးမျဖစ္ထြန္းခဲ့တဲ့ အဲလ္မီရြန္ဟာ အခုခ်ိန္ထိလည္း တစ္ဂိုးမွမရေသးသလို တစ္ဂိုးမွလည္း ဖန္တီးမေပးႏိုင္ေသးဘူး။အဲဒီအခ်ိန္ ဂ်ိဳးလင္တန္က သီးျခားႀကီးျဖစ္ေနၿပီး တစ္ေယာက္တည္းရုန္းေနရတယ္။ႏိုက္စ္ေတာင္ပံလူေဟာင္းမက္ဇီမင္းတစ္ေယာက္ပဲ ခ်ဲလ္ဆီးခံစစ္ကို ၿခိမ္းေျခာက္မႈေတြလုပ္ႏိုင္ခဲ့တယ္။တကယ္လို႔ နယူးကာဆယ္အေနနဲ႔ တန္းဆင္းဇုန္ထဲက ရုန္းထြက္ခ်င္ရင္ေတာ့ စတိဗ္ဘရုစ္ဟာ တိုက္စစ္ကိုဒီထက္ပိုေကာင္းေအာင္ ေျပာင္းလဲရေတာ့မွာပါ။
၂။အျပာေရာင္ေတြအတြက္ အိုဒိြဳင္း ခရီးဆက္ႏိုင္ခဲ့
ကာလရွည္ဒဏ္ရာကေန ျပန္လာခဲ့တဲ့ အိုဒိြဳင္းဟာ ကြင္းထဲမွာအေကာင္းဆံုးတစ္ေယာက္အျဖစ္ သက္ေသာင့္သက္သာရွိေနခဲ့တယ္။အားရေလာက္စရာလုပ္ခလစာေတြနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ထားတဲ့ လူငယ္ၾကယ္ပြင့္ေလးဟာ ေတာင္ပံတစ္ေလွ်ာက္မွာ ဟာကြက္မရွိ စီးေမ်ာသြားခဲ့ၿပီး ကာဆယ္ခံစစ္ကို သူ႔စြမ္းရည္ေတြနဲ႔ေမႊေႏွာက္ခဲ့တယ္။ၿပီးေတာ့ ေအဘရာဟမ္နဲ႔၀ီလ်ံ။သူတို႔နဲ႔ဆန္႔က်င္ဘက္ အျခမ္းကေန အိုဒိြဳင္းရဲ႕အလႈပ္ေတြဟာ ပိုမိုထိေရာက္ခဲ့တယ္။ဒီေန႔ပြဲမွာ ၀ီလ်ံက အေကာင္းဆံုးပံုစံမရခဲ့သလို ေအဘရာဟမ္ကလည္း ထိေရာက္တဲ့ဖန္တီးမႈေရာ အဆံုးသတ္ပိုင္းပါမလုပ္ႏိုင္ခဲ့ဘူး။ဒါေပမဲ့ အိုဒိြဳင္းကေတာ့ အလြန္ဆိုရဲ႕အနိုင္ဂိုးအတြက္ ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ဆာရီလက္ထက္တုန္းက ေနရာေပးတာမခံခဲ့ရတာဟာ အိုဒိြဳင္းအတြက္ေတာ့ နစ္နာစရာျဖစ္ခဲ့တာအမွန္ပါပဲ။
၃။အေရးပါသူအျဖစ္ မိတ္ဆက္သက္ေသျပႏိုင္ခဲ့တဲ့ ကိုဗာဆစ္
ကန္တီမကစားႏိုင္ခ်ိန္မွာ ဘာကေလက ေဂ်ာ္ဂ်င္ဟိုနဲ႔တြဲၿပီး ကြင္းလယ္ဗဟိုမွာတာ၀န္ယူရေပမယ့္ အဂၤလန္သားဟာ ေျခစြမ္းမျပႏိုင္ခဲ့ပါဘူး။ေဘာလံုးပိုင္ဆိုင္မႈအသာနဲ႔ ဖိအားေပးႏိုင္ေပမယ့္ ကာဆယ္ခံစစ္ကို မခ်ိဳးဖ်က္ႏိုင္ဘဲ ပထမပိုင္းအဆံုးသတ္ရေတာ့မယ့္ဆဲဆဲမွာ လမ္းပတ္ဟာ အေျပာင္းအလဲတစ္ခုလုပ္ခဲ့ရတယ္။ဘာကေလေနရာမွာ ခရိုေအးရွားသား ကိုဗာဆစ္ကို အစားထိုးလိုက္တာပါ။ဒုတိယပိုင္းမွာေတာ့ ကိုဗာဆစ္နဲ႔ေဂ်ာ္ဂ်င္ဟိုတို႔ ကြင္းလယ္စုဖြဲ႔မႈေၾကာင့္ ခ်ဲလ္ဆီးတိုက္စစ္သမားေတြ ပိုၿပီးလႈပ္ရွားခြင့္ရလာၾကတယ္။ခံစစ္အတြက္ စိတ္ပူစရာမလိုေတာ့ဘဲ တိုက္စစ္ကိုအာရံုအျပည့္စိုက္လာႏိုင္ၾကတယ္။ဒါဟာ ပြဲရဲ႕အေရးပါတဲ့ အလွည့္အေျပာင္းတစ္ခုျဖစ္ခဲ့ပါတယ္။ကိုဗာဆစ္ကို လူစား၀င္ေစခဲ့တဲ့လမ္းပတ္ရဲ႕ဗ်ဴဟာမွန္ကန္ခဲ့ၿပီး ခ်ဲလ္ဆီးကိုၿပိဳင္ပြဲစံု ၅ပြဲဆက္အႏိုင္ရတဲ့အက်ိဳးဆက္ရရွိေစခဲ့တာပါ။