ငွေတံဆိပ်မို့လို့ မလိုခြင်ဘဲ ဆွဲချွတ်လိုက်တာလား….စီရော်နယ်ဒို

Photo-Internet

https://twitter.com/btsportfootball/status/1208830655666237442?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1208830655666237442&ref_url=https%3A%2F%2Fwww.dailymail.co.uk%2Fsport%2Ffootball%2Farticle-7820193%2FRonaldo-immediately-takes-Italian-Super-Cup-runners-medal-Lazio-shocked-Juventus.html

ဂျူ ဗင်တပ်အသင်းတိုက်စစ်မှူ း စီရော်နယ်ဒိုဟာ အီတလီစူပါဖလားမှာ ပြိုင်ဘက်လာဇီယိုကို ၃-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့အတွက် ဒေါသထွက်နေပြီး ပွဲအပြီးမှာတစ်ဦးချင်း ဆုယူခဲ့တော့ သူရခဲ့တဲ့ ငွေတံဆိပ်ကို ချက်ခြင်းဆိုသလိုဆွဲချွတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။

ဒီပွဲမှာ စီရော်နယ်ဒိုဟာပွဲချိန်ပြည့်တဲ့အထိ ဟီဂူအင်နဲ့တွဲဖက်ကစားခဲ့ပေမယ့် ခြေစွမ်းပုံမှန်တောင်မရှိတဲ့ ဂျူ ဗင်တပ်ကိုတော့သူ့ခြေစွမ်းနဲ့ ပြောင်းလဲပေးနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါဟာ ၆ နှစ်အတွင်း ရီးရဲလ်၊ ပေါ်တူဂီ၊ ဂျူ ဗင်တပ်တို့အတွက် သူကစားခဲ့တဲ့ ဗိုလ်လုပွဲ ၁၄ ခုဆက်တိုက်ဗိုလ်စွဲခဲ့တယ်ဆိုတဲ့ မှတ်တမ်းကောင်းကိုလည်း ရပ်တန့်သွားစေခဲ့ပါတယ်။

Photo-Internet

ဒါကြောင့်ဆုတံဆိပ်ရယူဖို့အတွက် လမ်းလျှောက်လာချိန်မှာ စီရော်နယ်ဒိုဟာဒေါသထွက်နေပုံရသလို့ တာဝန်ရှိသူတစ်ဦးက ငွေတံဆိပ်ဆုပေးအပ်ခဲ့ပေမယ့်လည်း ဒါကိုချက်ခြင်းပြန်လည်ဆွဲချွတ်ခဲ့ပါတယ်။ ဗိုလ်လုပွဲတစ်ခုမှာ သူနောက်ဆုံးရှုံးနိမ့်ခဲ့တာက ၂၀၁၃ ကစပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာဖြစ်ပြီး သူရဲ့ရီးရဲလ်က မြို့ခံပြိုင်ဘက်အက်သလက်တီကို အသင်းကိုရှုံးနိမ့်ခဲ့မှုဖြစ်ပါတယ်။

Photo-Internet

အခုလုပ်ရပ်ကြောင့် မီဒီယာအချို့က စီရော်နယ်ဒို ကိုငွေတံဆိပ်မရဘူးတဲ့သူလား ဆိုပြီးမေးခွန်းထုတ်နေကြပါတယ်။ သူဟာ ဒီရာသီမှာ လူစားလဲခံရတဲ့ ပွဲစဉ်အချို့ရှိခဲ့ပြီးနောက် နည်းပြ ဆာရီနဲ့အဆင်မပြေဖြစ်ခဲ့သေးပြီး အကောင်းဆုံးပုံစံမရဘဲ ရုန်းကန်နေရသူဖြစ်ပါတယ်။

Photo-Internet

ဒါပေမယ့်လည်း အသက် ၃၄ နှစ်ရှိတဲ့ စီရော်နယ်ဒိုဟာ စီးရီးအေမှာတော့ဂိုးသွင်းခြေပုံမှန်ရှိနေပြီး ၁၄ ပွဲကစားခဲ့ရာမှာ ၁၀ ဂိုးသွင်းယူထားပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကလည်း ဆမ်ဒိုးရီးယားနဲ့ပွဲမှာ အံအားသင့်ဖွယ်ရာခုန်ချက်နဲ့ ခေါင်းတိုက်ဂိုးသွင်းယူခဲ့ပါသေးတယ်။

Photo-Internet

Zawgyi

ေငြတံဆိပ္မို႔လို႔ မလိုျခင္ဘဲ ဆြဲခၽြတ္လိုက္တာလား….စီေရာ္နယ္ဒို

ဂ်ဴ ဗင္တပ္အသင္းတိုက္စစ္မွဴ း စီေရာ္နယ္ဒိုဟာ အီတလီစူပါဖလားမွာ ၿပိဳင္ဘက္လာဇီယိုကို ၃-၁ နဲ႔ရႈံးနိမ့္ခဲ့တဲ႔အတြက္ ေဒါသထြက္ေနၿပီး ပြဲအၿပီးမွာတစ္ဦးခ်င္း ဆုယူခဲ့ေတာ႔ သူရခဲ့တဲ႔ ေငြတံဆိပ္ကို ခ်က္ျခင္းဆိုသလိုဆြဲခ်ြတ္ပစ္ခဲ့တယ္လို႔ သိရပါတယ္။

ဒီပြဲမွာ စီေရာ္နယ္ဒိုဟာပြဲခ်ိန္ျပည့္တဲ႔အထိ ဟီဂူအင္နဲ႔တြဲဖက္ကစားခဲ့ေပမယ္႔ ေျခစြမ္းပုံမွန္ေတာင္မရွိတဲ႔ ဂ်ဴ ဗင္တပ္ကိုေတာ႔သူ႔ေျခစြမ္းနဲ႔ ေျပာင္းလဲေပးႏိုင္ခဲ့ျခင္းမရွိပါဘူး။ ဒါဟာ ၆ ႏွစ္အတြင္း ရီးရဲလ္၊ ေပၚတူဂီ၊ ဂ်ဴ ဗင္တပ္တို႔အတြက္ သူကစားခဲ့တဲ႔ ဗိုလ္လုပြဲ ၁၄ ခုဆက္တိုက္ဗိုလ္စြဲခဲ့တယ္ဆိုတဲ႔ မွတ္တမ္းေကာင္းကိုလည္း ရပ္တန္႔သြားေစခဲ့ပါတယ္။

ဒါေၾကာင့္ဆုတံဆိပ္ရယူဖို႔အတြက္ လမ္းေလွ်ာက္လာခ်ိန္မွာ စီေရာ္နယ္ဒိုဟာေဒါသထြက္ေနပုံရသလို႔ တာ၀န္ရွိသူတစ္ဦးက ေငြတံဆိပ္ဆုေပးအပ္ခဲ့ေပမယ္႔လည္း ဒါကိုခ်က္ျခင္းျပန္လည္ဆြဲခၽြတ္ခဲ့ပါတယ္။ ဗိုလ္လုပြဲတစ္ခုမွာ သူေနာက္ဆုံးရႈံးနိမ့္ခဲ့တာက ၂၀၁၃ ကစပိန္ဘုရင့္ဖလားဗိုလ္လုပြဲမွာျဖစ္ၿပီး သူရဲ႕ရီးရဲလ္က ၿမိဳ႕ခံၿပိဳင္ဘက္အက္သလက္တီကို အသင္းကိုရႈံးနိမ့္ခဲ့မႈျဖစ္ပါတယ္။

အခုလုပ္ရပ္ေၾကာင့္ မီဒီယာအခ်ဳိ႕က စီေရာ္နယ္ဒို ကိုေငြတံဆိပ္မရဘူးတဲ႔သူလား ဆိုၿပီးေမးခြန္းထုတ္ေနၾကပါတယ္။ သူဟာ ဒီရာသီမွာ လူစားလဲခံရတဲ႔ ပြဲစဥ္အခ်ဳိ႕ရွိခဲ့ၿပီးေနာက္ နည္းျပ ဆာရီနဲ႔အဆင္မေျပျဖစ္ခဲ့ေသးၿပီး အေကာင္းဆုံးပုံစံမရဘဲ ရုန္းကန္ေနရသူျဖစ္ပါတယ္။

ဒါေပမယ္႔လည္း အသက္ ၃၄ ႏွစ္ရွိတဲ႔ စီေရာ္နယ္ဒိုဟာ စီးရီးေအမွာေတာ႔ဂိုးသြင္းေျခပုံမွန္ရွိေနၿပီး ၁၄ ပြဲကစားခဲ့ရာမွာ ၁၀ ဂိုးသြင္းယူထားပါတယ္။ ၿပီးခဲ့တဲ႔တစ္ပတ္ကလည္း ဆမ္ဒိုးရီးယားနဲ႔ပြဲမွာ အံအားသင့္ဖြယ္ရာခုန္ခ်က္နဲ႔ ေခါင္းတိုက္ဂိုးသြင္းယူခဲ့ပါေသးတယ္။