
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးမျှခြေစည်းမျဉ်းကြောင့် လစာငွေများပြားတဲ့ကစားသမားအချို့ကို စာချုပ် ဖျက်သိမ်းဖို့ လုပ်ဆောင်နေတယ်လို့ သတင်းတွေထွက်ပေါ်အပြီးမှာတော့ ပီဂျာနစ်နဲ့ အမ်တီတီ တို့ကို စာချုပ် ဖျက်သိမ်းခဲ့ပြီး အသင်းသစ်ရှာဖို့အတွက် လုပ်ဆောင်စေခဲ့ပါတယ်။
ဘာစီလိုနာအသင်းရဲ့ထုတ်ပြန်ချက်မှာတော့ လက်ရှိအသင်းရဲ့ဘဏ္ဍာရေးအခြေအနေနဲ့ လစာငွေလျော့ချရမယ့် အရေးတွေကြောင့် ကစားသမားတွေကို စာချုပ်ဖျက်သိမ်းရတာဖြစ်တယ်လို့ဆိုပြီး ရှင်းပြခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ပီဂျာနစ်ကို ပြီးခဲ့တဲ့နွေရာသီကမှ ဂျူဗင်တပ်စ်အသင်းထံကနေ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။
ပီဂျာနစ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ပွဲပေါင်း ၃၀ ကစားခဲ့ရတယ်ဆိုပေမယ့် နောက်ဆုံး လာလီဂါ ၁၄ ပွဲမှာတော့ မိနစ် ၂၀ သာ ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။
အမ်တီတီဟာ ၂၀၁၆ ခုနှစ်ကဘာစီလိုနာအသင်းထံ ရောက်လာခဲ့သူဖြစ်ပြီး အသင်းအတွက် ၁၃၂ ပွဲအထိ ကစားပေးထားနိုင်ခဲ့ပါတယ်။
ပီဂျာနစ် က အသင်းနဲ့ စာချုပ်သက်တမ်း ၃ နှစ်ကျော်ကျန်ရှိနေသေးတာဖြစ်ပြီး အမ်တီတီကတော့ ၂ နှစ်ကျော်ကျန်ရှိနေ သေးတယ်လို့ သိရပါတယ်။
အခြားသတင်းတစ်ခုမှာတော့ ဘာစီလိုနာအသင်းဟာ အသင်းခေါင်းဆောင်ဖြစ်တဲ့ မက်ဆီကို စာချုပ်သစ်ချုပ်ဆိုမယ်ဆိုရင် အသင်းမှာရှိတဲ့ကစားသမားတွေရဲ့လစာပေါင်သန်း ၁၇၀ ကျော် လျော့ ချရမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။
တစ်ဖက်မှာလည်း စပါးအသင်းဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရနိုင်မယ့် ဘာစီလိုနာကွင်းလယ်လူ ပီဂျာနစ်ကို ခေါ်ယူဖို့ ချည်းကပ်လာခဲ့ပါတယ်။
စပါးရဲ့ နည်းပြသစ်ဖြစ်လာတဲ့ နူနိုဆန်တိုဟာ အဆိုပါ ဘော့စနီးယားကွင်းလယ်လူကို ခေါ်ယူလိုတာဖြစ်ပြီး ကစားသမားဘက်ကလည်း မြောက်လန်ဒန်အသင်းနဲ့ ပူးပေါင်းလိုတယ်လို့ သိရပါတယ်။
ပီဂျာနစ်ကို စပါးအသင်းအပြင် ချဲလ်ဆီးအသင်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တယ်လို့ သတင်းထွက်ထားပါသေးတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ေငြတိုက္ခမ္းလို႔ အသင္းသားေရာင္းထုတ္ေနတဲ့ ဘာစီလိုနာဆီက ပီဂ်ာနစ္ကို လိုခ်င္တဲ့ စပါး
ဘာစီလိုနာအသင္းဟာ ဘ႑ာေရးမွ်ေျခစည္းမ်ဥ္းေၾကာင့္ လစာေငြမ်ားျပားတဲ့ကစားသမားအခ်ိဳ႕ကို စာခ်ဳပ္ ဖ်က္သိမ္းဖို႔ လုပ္ေဆာင္ေနတယ္လို႔ သတင္းေတြထြက္ေပၚအၿပီးမွာေတာ့ ပီဂ်ာနစ္နဲ႔ အမ္တီတီ တို႔ကို စာခ်ဳပ္ ဖ်က္သိမ္းခဲ့ၿပီး အသင္းသစ္ရွာဖို႔အတြက္ လုပ္ေဆာင္ေစခဲ့ပါတယ္။
ဘာစီလိုနာအသင္းရဲ႕ထုတ္ျပန္ခ်က္မွာေတာ့ လက္ရွိအသင္းရဲ႕ဘ႑ာေရးအေျခအေနနဲ႔ လစာေငြေလ်ာ့ခ်ရမယ့္ အေရးေတြေၾကာင့္ ကစားသမားေတြကို စာခ်ဳပ္ဖ်က္သိမ္းရတာျဖစ္တယ္လို႔ဆိုၿပီး ရွင္းျပခဲ့ပါတယ္။
ဘာစီလိုနာအသင္းဟာ ပီဂ်ာနစ္ကို ၿပီးခဲ့တဲ့ေႏြရာသီကမွ ဂ်ဴဗင္တပ္စ္အသင္းထံကေန ျမင့္မားတဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူထားခဲ့တာျဖစ္ပါတယ္။ ပီဂ်ာနစ္ဟာ ၿပီးခဲ့တဲ့ေဘာလုံးရာသီမွာ ၿပိဳင္ပြဲစုံ ပြဲေပါင္း ၃၀ ကစားခဲ့ရတယ္ဆိုေပမယ့္ ေနာက္ဆုံး လာလီဂါ ၁၄ ပြဲမွာေတာ့ မိနစ္ ၂၀ သာ ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။
အမ္တီတီဟာ ၂၀၁၆ ခုႏွစ္ကဘာစီလိုနာအသင္းထံ ေရာက္လာခဲ့သူျဖစ္ၿပီး အသင္းအတြက္ ၁၃၂ ပြဲအထိ ကစားေပးထားႏိုင္ခဲ့ပါတယ္။ ပီဂ်ာနစ္ က အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၃ ႏွစ္ေက်ာ္က်န္ရွိေနေသးတာျဖစ္ၿပီး အမ္တီတီကေတာ့ ၂ ႏွစ္ေက်ာ္က်န္ရွိေန ေသးတယ္လို႔ သိရပါတယ္။ အျခားသတင္းတစ္ခုမွာေတာ့ ဘာစီလိုနာအသင္းဟာ အသင္းေခါင္းေဆာင္ျဖစ္တဲ့ မက္ဆီကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုမယ္ဆိုရင္ အသင္းမွာရွိတဲ့ကစားသမားေတြရဲ႕လစာေပါင္သန္း ၁၇၀ ေက်ာ္ ေလ်ာ့ ခ်ရမွာ ျဖစ္ေၾကာင္းလည္း သိရပါတယ္။
တစ္ဖက္မွာလည္း စပါးအသင္းဟာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ရႏိုင္မယ့္ ဘာစီလိုနာကြင္းလယ္လူ ပီဂ်ာနစ္ကို ေခၚယူဖို႔ ခ်ည္းကပ္လာခဲ့ပါတယ္။ စပါးရဲ႕ နည္းျပသစ္ျဖစ္လာတဲ့ ႏူႏိုဆန္တိုဟာ အဆိုပါ ေဘာ့စနီးယားကြင္းလယ္လူကို ေခၚယူလိုတာျဖစ္ၿပီး ကစားသမားဘက္ကလည္း ေျမာက္လန္ဒန္အသင္းနဲ႔ ပူးေပါင္းလိုတယ္လို႔ သိရပါတယ္။ ပီဂ်ာနစ္ကို စပါးအသင္းအျပင္ ခ်ဲလ္ဆီးအသင္းကလည္း ေခၚယူဖို႔ ႀကိဳးပမ္းလာခဲ့တယ္လို႔ သတင္းထြက္ထားပါေသးတယ္။