M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
၂၀၂၀၊ သြဂုတ်၊ ၁၅ရက်။
မနှစ်က ကျွန်တော် ဘာစီလိုနာအသင်းမှာ ကစားခဲ့တုန်း ချန်ပီယံလိဂ် ကွာတားအဆင့်မှာ ဘိုင်ယန်ကို (၈-၂)နဲ့ရှုံးခဲ့ပြီးတော့ ဘင်ဖီကာကွင်းရဲ့ အဝတ်လဲခန်းထဲမှာ ကျွန်တော်တို့ တစ်သင်းလုံး ပြောစရာစကားတွေမရှိတော့အောင်ကို စွန့်အသွားခဲ့ကြတယ်။
အသင်းက ကစားသမားတွေအားလုံးကလည်း ဘာစီလိုနာလိုအသင်းတစ်သင်းအနေနဲ့ ဒီလိုဂိုးပြတ်ရှုံးရတဲ့ ရလဒ်ကို လက်မခံနိုင်ကြဘူး။
ကျွန်တော်တို့တွေပြောင်းလဲကြဖို့လိုပြီ။
တကယ်တော့ ဒီရာသီဟာ ဘာစီလိုနာအတွက် ကိုဗစ်နဲ့အတူ အသင်းစည်းလုံးမှုတွေ ဂယောင်ခြောက်ခြားဖြစ်ခဲ့ရတဲ့ရာသီ ဗယ်ဗာဒီကို ထုတ်တယ်၊
ဝင်လာတဲ့ ဆီတီယန်ရဲ့ နည်းစနစ်တွေကို မက်ဆီကောကျွန်တော်တို့ပါ မလိုလာဘူး။
ဒါပေမယ့် ဒီရှုံးနိမ့်မှုဟာ ဆီတီယန်တစ်ယောက်တည်းတာဝန်ရှိတာမဟုတ်ဘူး။ ကျွန်တော်တို့ တစ်သင်းလုံးရဲ့ တာဝန်ပါပဲ။
၂၀၂၀၊ သြဂုတ်၊ ၁၇။
နည်းပြ ဆီတီယန်ကို ဘာစီလိုနာအသင်းက ထုတ်ပယ်လိုက်ပြီ။
အခု ဘာစီလိုနာက နည်းပြသစ်တစ်ယောက် ရှာနေတယ် အသင်းရဲ့ ကစားဟန်ကို ပြန်လည်ရှာဖွေနိုင်မယ့်သူ တွေထဲက တစ်ယောက်လို့တော့ သတင်းတွေထွက်နေတယ်။ ဇာဗီလား…?
၂၀၂၀၊ သြဂုတ်၊ ၁၉။
ဘာစီလိုနာအသင်းရဲ့ ဂန္တဝင်ကစားသမား နယ်သာလန်လက်ရွေးစဉ်နည်းပြ ရော်နယ်ကိုးလ်မန်းကို ဘာစီလိုနာရဲ့ နည်းပြသစ်အဖြစ်ခန့်အပ်လိုက်ပြီ။
ဘာတိုမြူရဲ့ စီမံခန့်ခွဲမှုတွေက ဒီနောက်ပိုင်းမှာ ဘာစီလိုနာရဲ့ ရှေ့ရေးအတွက် လွဲမှားမှုတွေများနေတယ်။ မက်ဆီလည်း အသင်းကနေထွက်ချင်နေပြီ။
၂၀၂၀၊ သြဂုတ် ၂၄။
နည်းပြ ဖြစ်လာတဲ့ ကိုးလ်မန်းနဲ့ ကျွန်တော် ရုံးခန်းမှာ စကားပြောဖြစ်ခဲ့တယ် ဘာစီလိုနာ ကို ပြန်လည်ပြင်ဆင်တော့မယ်၊
သူ့ရဲ့အစီအစဉ်မှာ ရာကီတစ်၊ ဗီဒယ်တို့လိုမျိုးပဲ ကျွန်တော်လည်းမပါတော့ဘူး အသင်းသစ်ကိုရှာတော့ဆိုပြီး ပြောလာတယ်။
လုံးဝ ရှော့….ဒီအသင်းက ကျွန်တော့် အိမ်လိုဖြစ်နေပြီ။ ကျွန်တော့မိသားစုကလည်း ဒီမှာ အသားကျနေပြီဗျ။
အကြောင်းပြချက်က လူငယ်တွေနဲ့ အသင်းကို ပြန်တည်ဆောက်ဖို့ အသက်ကြီးတဲ့ကစားသမားတွေကို အသင်းကနေဖယ်ထုတ်တယ်ဆိုတဲ့သဘောပေါ့။
ဒီသတင်းကို မက်ဆီလည်းကြားရော သူဒေါသတွေအတော်ကို ပေါက်ကွဲသွားတယ်။
ကျွန်တော့်အတွက် သူကတစ်ကယ့်မိတ်ဆွေပါပဲဗျာ။
အသင်းမှာဆက်ပြီးရှိနေဖို့ သူလည်းကူနိုင်တဲ့ဘက်ကနေ အစွမ်းကုန်ကူညီခဲ့ပါတယ်။
ဒါပေမယ့် နွေရာသီအပြောင်းအရွှေ့မပိတ်မီ ကျွန်တော်စဉ်းစားရတော့မယ်။
အသင်းနဲ့ စာချုပ်သက်တမ်းကျန်နေသေးပေမယ့် ကွင်းထဲမှာ ကစားခွင့်ရဖို့နေနေသာသာ နည်းပြက ကျွန်တော့်ကို လေ့ကျင့်ရေးအစီအစဉ်မှာတောင်ထည်မထားတော့ဘူး။
ကျွန်တော် ဘယ်အသင်းကိုသွားရင်အဆင်ပြေမလဲ…?
ပရီမီးယားလိဂ်မှာထက် ကျွန်တော်တို့လိုအရွယ်ကစားသမားတွေများတဲ့ စီးရီးအေကို ပြောင်းရွေ့တာ ပိုအဆင်ပြေနိုင်လောက်တယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ငါ့ရဲ့စွမ်းဆောင်ရည်တွေ မအိုသေးဘူးဆိုတာ မင်းသိသင့်တယ်…ကိုးလ်မန်း
၂၀၂၀၊ သြဂုတ်၊ ၁၅ရက်။
၂၀၂၀၊ သြဂုတ်၊ ၁၇။
၂၀၂၀၊ သြဂုတ်၊ ၁၉။
၂၀၂၀၊ သြဂုတ် ၂၄။