ငါတို့ဟာ မန်ယူဖြစ်ပြီး ဘယ်တော့မှ လက်လျှော့မှာမဟုတ်ဘူးလို့ ကြုံးဝါးလိုက်တဲ့ စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့ည ချန်ပီယံလိဂ်က မန်ယူရဲ့ပြန်လာနိုင်မှုမှာ စီရော်နယ်ဒိုဟာ အဆုံးအဖြတ်အနိုင်ဂိုးသွင်းယူခဲ့တာပါ။

မန်ယူဟာ ပထမပိုင်းပြီးချိန်မှာ ဧည့်သည်အသင်းကို ၂ ဂိုးပြတ်နဲ့ရှုံးနေခဲ့ပေမယ့် ဒုတိယပိုင်းမှာ ရက်ရှ်ဖို့ဒ်၊ မက်ဂွိုင်ယားနဲ့ စီရော်နယ်ဒိုတို့ရဲ့သွင်းယူမှုတွေကြောင့် ရှုံးနေရာကနေ ပြန်နိုင်ခဲ့တာပါ။

မန်ယူဟာ ပထမပိုင်းပြီးချိန် အုပ်စုအမှတ်ပေးဇယားမှာ အောက်ဆုံးရောက်နေပေမယ့် ဒုတိယပိုင်းက စီရော်နယ်ဒိုရဲ့အနိုင်ဂိုးကြောင့် အုပ်စုအမှတ်ပေးဇယားဦးဆောင်သူဖြစ်လာခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ဒီလိုပြန်လာနိုင်မှုအပြီးမှာ စီရော်နယ်ဒိုဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram မှာ အိပ်မက်များရဲ့ပြဇာတ်ရုံလို့ခေါ်ကြတဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းရဲ့ဝန်းကျင်အနေအထားကို ချီးကျူးခဲ့ပါတယ်။

”ဒါပဲကွ။ အိပ်မက်များရဲ့ပြဇာတ်ရုံဟာ ဒီလိုဖြစ်နေရမယ်။

ငါတို့ဟာ မန်ယူပါ။ ငါတို့ ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး။

ဒါဟာ အိုးလ်ထရက်ဖို့ဒ်ပါ”လို့ စီရော်နယ်ဒိုဟာ ပွဲအတွင်းပုံရိပ်တွေနဲ့အတူ ပို့စ်တင်ခဲ့တာပါ။

အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှုးဟောင်းတစ်ဖြစ်တဲ့ ဂယ်ရီလိုင်နီကာကလည်း ဘောလုံးလောကရဲ့မြင်ဖူးသမျှတိုက်စစ်မှုးတွေထဲမှာ အေကာင်းဆုံးခေါင်းတိုက်သမားလို့ ဆိုရှယ်မီဒီယာထက်မှာ ချီးကျူးခဲ့ပါတယ်။

အဲဒီပေါ်တူဂီစူပါစတားဟာ မန်ယူအတွက် သူ့ရဲ့ပွဲ ၃၀၀ မြောက်မှာပဲ ကလပ်နဲ့နိုင်ငံအတွက် သူ့ရဲ့စီနီယာကစားသမားဘ၀ ၁၄၀ မြောက် ခေါင်းတိုက်ဂိုးကို သွင်းယူနိုင်ခဲ့တာပါ။

ဒါ့အပြင် စီရော်နယ်ဒိုရဲ့ဒီရာသီသွင်းယူခဲ့တဲ့ ၁၁ ဂိုးမှာ ၉ ဂိုးက သူ့အသင်းရှုံးနိမ့်နေချိန် ဒါမှမဟုတ် သရေကျနေချိန်မှာ ဖြစ်ပါတယ်။

သူဟာ ဗီလာရီးရဲလ်နဲ့ချန်ပီယံလိဂ်အုပ်စုအဆင့် ဒုတိယပွဲစဉ်တုန်းကလည်း မန်ယူအတွက် နောက်ဆုံးမိနစ်အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ငါတို႔ဟာ မန္ယူျဖစ္ၿပီး ဘယ္ေတာ့မွ လက္ေလွ်ာ့မွာမဟုတ္ဘူးလို႔ ႀကဳံးဝါးလိုက္တဲ့ စီေရာ္နယ္ဒို

မေန႔ည ခ်န္ပီယံလိဂ္က မန္ယူရဲ႕ျပန္လာႏိုင္မႈမွာ စီေရာ္နယ္ဒိုဟာ အဆုံးအျဖတ္အႏိုင္ဂိုးသြင္းယူခဲ့တာပါ။

မန္ယူဟာ ပထမပိုင္းၿပီးခ်ိန္မွာ ဧည့္သည္အသင္းကို ၂ ဂိုးျပတ္နဲ႔ရႈံးေနခဲ့ေပမယ့္ ဒုတိယပိုင္းမွာ ရက္ရွ္ဖို႔ဒ္၊ မက္ဂြိဳင္ယားနဲ႔ စီေရာ္နယ္ဒိုတို႔ရဲ႕သြင္းယူမႈေတြေၾကာင့္ ရႈံးေနရာကေန ျပန္ႏိုင္ခဲ့တာပါ။

မန္ယူဟာ ပထမပိုင္းၿပီးခ်ိန္ အုပ္စုအမွတ္ေပးဇယားမွာ ေအာက္ဆုံးေရာက္ေနေပမယ့္ ဒုတိယပိုင္းက စီေရာ္နယ္ဒိုရဲ႕အႏိုင္ဂိုးေၾကာင့္ အုပ္စုအမွတ္ေပးဇယားဦးေဆာင္သူျဖစ္လာခဲ့ပါတယ္။

ယူႏိုက္တက္ရဲ႕ဒီလိုျပန္လာႏိုင္မႈအၿပီးမွာ စီေရာ္နယ္ဒိုဟာ ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Instagram မွာ အိပ္မက္မ်ားရဲ႕ျပဇာတ္႐ုံလို႔ေခၚၾကတဲ့ အိုးလ္ထရက္ဖို႔ဒ္ကြင္းရဲ႕ဝန္းက်င္အေနအထားကို ခ်ီးက်ဴးခဲ့ပါတယ္။

”ဒါပဲကြ။ အိပ္မက္မ်ားရဲ႕ျပဇာတ္႐ုံဟာ ဒီလိုျဖစ္ေနရမယ္။ ငါတို႔ဟာ မန္ယူပါ။ ငါတို႔ ဘယ္ေတာ့မွ လက္ေလွ်ာ့မွာ မဟုတ္ဘူး။ ဒါဟာ အိုးလ္ထရက္ဖို႔ဒ္ပါ”လို႔ စီေရာ္နယ္ဒိုဟာ ပြဲအတြင္းပုံရိပ္ေတြနဲ႔အတူ ပို႔စ္တင္ခဲ့တာပါ။

အဂၤလန္ဂႏၴဝင္တိုက္စစ္မႈးေဟာင္းတစ္ျဖစ္တဲ့ ဂယ္ရီလိုင္နီကာကလည္း ေဘာလုံးေလာကရဲ႕ျမင္ဖူးသမွ်တိုက္စစ္မႈးေတြထဲမွာ ေအကာင္းဆုံးေခါင္းတိုက္သမားလို႔ ဆိုရွယ္မီဒီယာထက္မွာ ခ်ီးက်ဴးခဲ့ပါတယ္။

အဲဒီေပၚတူဂီစူပါစတားဟာ မန္ယူအတြက္ သူ႔ရဲ႕ပြဲ ၃၀၀ ေျမာက္မွာပဲ ကလပ္နဲ႔ႏိုင္ငံအတြက္ သူ႔ရဲ႕စီနီယာကစားသမားဘ၀ ၁၄၀ ေျမာက္ ေခါင္းတိုက္ဂိုးကို သြင္းယူႏိုင္ခဲ့တာပါ။

ဒါ့အျပင္ စီေရာ္နယ္ဒိုရဲ႕ဒီရာသီသြင္းယူခဲ့တဲ့ ၁၁ ဂိုးမွာ ၉ ဂိုးက သူ႔အသင္းရႈံးနိမ့္ေနခ်ိန္ ဒါမွမဟုတ္ သေရက်ေနခ်ိန္မွာ ျဖစ္ပါတယ္။

သူဟာ ဗီလာရီးရဲလ္နဲ႔ခ်န္ပီယံလိဂ္အုပ္စုအဆင့္ ဒုတိယပြဲစဥ္တုန္းကလည္း မန္ယူအတြက္ ေနာက္ဆုံးမိနစ္အႏိုင္ဂိုး သြင္းယူေပးႏိုင္ခဲ့တာပါ။