ငယ်ဘဝက အိုင်ဒေါဖြစ်တဲ့ မိုဒရစ်နဲ့ ထပ်ရင်ဆိုင်ရမယ့်အရေးကို မေဆင်မောင့် စိတ်လှုပ်ရှားနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ခရိုအေးရှားအသင်းနဲ့ ရင်ဆိုင်ကစားရမယ့် အင်္ဂလန်အသင်းရဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ချဲလ်ဆီးကွင်းလယ်ကစားသမား မေဆင်မောင့်က

သူဟာ မိုဒရစ်ကို ငယ်စဉ်ကတည်းက အိုင်ဒေါအဖြစ် လေးစားအားကျ ကြည့်ရှုသင်ယူခဲ့ရတဲ့သူဖြစ်တယ်လို့ ဖွင့်ဟပြောကြားခဲ့သလို

ပြီးခဲ့တဲ့ ချန်ပီယံလိ၈်ပြိုင်ပွဲမှာ မိုဒရစ်ရဲ့ ဂျာစီအကျီကို ရဖို့အတွက် ကိုဗာဆစ်ကို အကူအညီ တောင်းခဲ့သေးတယ်လို့လည်း ပြောကြားလိုက်ပါတယ်။

အင်္ဂလန်အသင်းဟာ ယူရို ပြိုင်ပွဲရဲ့ ဒီည အုပ်စုအဖွင့်မှာ ခရိုအေးရှားအသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီး ဒီပွဲမှာ ကွင်းလယ်အင်အား ပြိုင်ဆိုင်မှုကို အဓိက မြင်တွေ့ရမှာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူ မေဆင်မောင့်ဟာ ဒီပွဲမှာ ချဲလ်ဆီးအသင်းဖော် ခရိုအေးရှား ကွင်းလယ်လူ ကိုဗာဆစ်အပြင် ချန်ပီယံလိဂ်မှာ ရင်ဆိုင်ခဲ့ရတဲ့ ရီးရဲလ် ကွင်းလယ်လူ မိုဒရစ်နဲ့ ထိပ်တိုက်တွေ့ရဦးမှာ ဖြစ်ပါတယ်။

မေဆင်မောင့် ဟာ ငယ်ငယ်ကတည်းက မိုဒရစ်ကို လေးစား အားကျခဲ့ရသူပါ။

မေဆင်မောင့်ဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဒုအကျော့ ဆီမီးဖိုင်နယ်အပြီးမှာ မိုဒရစ်ဂျာစီကို တောင်းယူနိုင်ခဲ့ပါသေးတယ်။

ဒီလို မိုဒရစ်ရဲ့ ဂျာစီကို ရယူဖို့အတွက် အသင်းဖော် ကိုဗာဆစ်ဆီက အကူအညီ ရယူခဲ့တာပါ။

မေဆင်မောင့် က ” ကျွန်တော်ဟာ ဒီဂျာစီ အပါအဝင် အခြားနာမည်ကြီး ဂျာစီ ၂ခုကို အိမ်မှာ အမှတ်တရ သိမ်းထားပါတယ်။

ဒီလို စပါယ်ရှယ်ဖြစ်တဲ့ ဂျာစီတွေကို ကျွန်တော် အမြဲ သိမ်းဆည်းလေ့ရှိပါတယ်။

ပအကျော့ မတိုင်ခင် ကတည်းက ကျွန်တော် ကိုဗာဆစ်ဆီသွားပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲတွေ အပြီးမှာ မိုဒရစ် ဆီကနေ ဂျာစီတောင်းလို့ ရနိုင်မလားဆိုပြီး မေးခဲ့ပါတယ်။

ကျွန်တော်ဟာ မိုဒရစ်ဆီ သွားပြီး ကိုယ်တိုင် ကိုယ်ကျ ဂျာစီ လဲလှယ်နိုင်ခဲ့ပါတယ်။

ပထမ အကျော့တုန်းက ကျွန်တော်ကသာ သူ့ဆီကနေ ဂျာစီကို လဲပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပေမယ့် ဒုအကျော့မှာတော့ သူက ကျွန်တော်နဲ့ ဂျာစီလဲဖို့ စကား လာပြောခဲ့တာ ဖြစ်ပါတယ်။

ဘာလို့လဲ ဆိုတော့ ပထမတခါတုန်းက ကျွန်တော့ ဂျာစီကို မပေးဖြစ်ခဲ့လို့ပါ။

ကိုဗာဆီဗစ် ကလည်း မိုဒရစ် ဟာ ပွဲပြီးတိုင်း ပြိုင်ဖက်ကစားသမားတွေနဲ့ ဂျာစီချင်း လဲလှယ်ရတာကို သဘောကျတဲ့ အကြောင်း၊ မိုဒရစ် ကိုယ်တိုင်လည်း ကျွန်တော့် ဂျာစီကို လိုချင်တဲ့အကြောင်း ပြောခဲ့ပါတယ်။

နောက်ဆုံးမှာ သူနဲ့ ကိုယ်တိုင် စကားပြောခွင့် ရခဲ့သလို ဂျာစီချင်းလဲပြီး သူက ကျွန်တော့ကို နောက်ပွဲတွေမှာ ကံကောင်းပါစေလို့ ပြောခဲ့ပါတယ်။

မိုဒရစ်နဲ့ လူကိုယ်တိုင် စကားပြောခွင့် ရတာက ကျွန်တော့ အတွက် လုံးဝ အံ့သြစရာပါ။

သူကိုယ်တိုင်က ကျွန်တော့် ဂျာစီကို လိုလိုလားလားနဲ့ တောင်းတဲ့အတွက် ပိုပြီးတော့တောင် အံ့သြမှင်သက်ခဲ့ရပါတယ်။

သူဟာ ကျွန်တော် အမြဲတမ်း လေ့လာ ကြည့်ရှုခဲ့ရတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ သူ တော့တင်ဟမ်နဲ့ အခြေချကတည်းက ကျွန်တော် သူ့ရဲ့ ခြေစွမ်းကို မျက်ခြေမပြတ် စောင့်ကြည့်ခဲ့တာပါ။

သူ့ကို ပြိုင်ဖက် အနေနဲ့ ရင်ဆိုင်ရတာက နည်းနည်းတော့ ကြောင်တောင်တောင်နိုင်ခဲ့ပါတယ်။

ဘာလို့လဲ ဆိုတော့ ကျွန်တော်ဟာ သူ့ကစားပုံ အတော်များများ ကြည့်ရှုဖူးပြီး သူ လှုပ်မယ့် အကွက်တွေကို နည်းနည်းပါးပါး ကြိုသိသလို ဖြစ်ခဲ့လို့ပါ ” လို့ ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ငယ္ဘဝက အိုင္ေဒါျဖစ္တဲ့ မိုဒရစ္နဲ႔ ထပ္ရင္ဆိုင္ရမယ့္အေရးကို ေမဆင္ေမာင့္ စိတ္လႈပ္ရွားေန

ခ႐ိုေအးရွားအသင္းနဲ႔ ရင္ဆိုင္ကစားရမယ့္ အဂၤလန္အသင္းရဲ႕ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ခ်ဲလ္ဆီးကြင္းလယ္ကစားသမား ေမဆင္ေမာင့္က သူဟာ မိုဒရစ္ကို ငယ္စဥ္ကတည္းက အိုင္ေဒါအျဖစ္ ေလးစားအားက် ၾကည့္ရႈသင္ယူခဲ့ရတဲ့သူျဖစ္တယ္လို႔ ဖြင့္ဟေျပာၾကားခဲ့သလို ၿပီးခဲ့တဲ့ ခ်န္ပီယံလိ၈္ၿပိဳင္ပြဲမွာ မိုဒရစ္ရဲ႕ ဂ်ာစီအက်ီကို ရဖို႔အတြက္ ကိုဗာဆစ္ကို အကူအညီ ေတာင္းခဲ့ေသးတယ္လို႔လည္း ေျပာၾကားလိုက္ပါတယ္။

အဂၤလန္အသင္းဟာ ယူ႐ို ၿပိဳင္ပြဲရဲ႕ ဒီည အုပ္စုအဖြင့္မွာ ခ႐ိုေအးရွားအသင္းနဲ႔ ရင္ဆိုင္ရဖို႔ ရွိေနၿပီး ဒီပြဲမွာ ကြင္းလယ္အင္အား ၿပိဳင္ဆိုင္မႈကို အဓိက ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းရဲ႕ အဂၤလန္လက္ေ႐ြးစင္ ကြင္းလယ္လူ ေမဆင္ေမာင့္ဟာ ဒီပြဲမွာ ခ်ဲလ္ဆီးအသင္းေဖာ္ ခ႐ိုေအးရွား ကြင္းလယ္လူ ကိုဗာဆစ္အျပင္ ခ်န္ပီယံလိဂ္မွာ ရင္ဆိုင္ခဲ့ရတဲ့ ရီးရဲလ္ ကြင္းလယ္လူ မိုဒရစ္နဲ႔ ထိပ္တိုက္ေတြ႕ရဦးမွာ ျဖစ္ပါတယ္။ ေမဆင္ေမာင့္ ဟာ ငယ္ငယ္ကတည္းက မိုဒရစ္ကို ေလးစား အားက်ခဲ့ရသူပါ။

ေမဆင္ေမာင့္ဟာ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ဒုအေက်ာ့ ဆီမီးဖိုင္နယ္အၿပီးမွာ မိုဒရစ္ဂ်ာစီကို ေတာင္းယူႏိုင္ခဲ့ပါေသးတယ္။ ဒီလို မိုဒရစ္ရဲ႕ ဂ်ာစီကို ရယူဖို႔အတြက္ အသင္းေဖာ္ ကိုဗာဆစ္ဆီက အကူအညီ ရယူခဲ့တာပါ။ ေမဆင္ေမာင့္ က ” ကြၽန္ေတာ္ဟာ ဒီဂ်ာစီ အပါအဝင္ အျခားနာမည္ႀကီး ဂ်ာစီ ၂ခုကို အိမ္မွာ အမွတ္တရ သိမ္းထားပါတယ္။ ဒီလို စပါယ္ရွယ္ျဖစ္တဲ့ ဂ်ာစီေတြကို ကြၽန္ေတာ္ အၿမဲ သိမ္းဆည္းေလ့ရွိပါတယ္။ ပအေက်ာ့ မတိုင္ခင္ ကတည္းက ကြၽန္ေတာ္ ကိုဗာဆစ္ဆီသြားၿပီး ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ပြဲေတြ အၿပီးမွာ မိုဒရစ္ ဆီကေန ဂ်ာစီေတာင္းလို႔ ရႏိုင္မလားဆိုၿပီး ေမးခဲ့ပါတယ္။ ကြၽန္ေတာ္ဟာ မိုဒရစ္ဆီ သြားၿပီး ကိုယ္တိုင္ ကိုယ္က် ဂ်ာစီ လဲလွယ္ႏိုင္ခဲ့ပါတယ္။

ပထမ အေက်ာ့တုန္းက ကြၽန္ေတာ္ကသာ သူ႔ဆီကေန ဂ်ာစီကို လဲေပးဖို႔ ေတာင္းဆိုခဲ့တာ ျဖစ္ေပမယ့္ ဒုအေက်ာ့မွာေတာ့ သူက ကြၽန္ေတာ္နဲ႔ ဂ်ာစီလဲဖို႔ စကား လာေျပာခဲ့တာ ျဖစ္ပါတယ္။ ဘာလို႔လဲ ဆိုေတာ့ ပထမတခါတုန္းက ကြၽန္ေတာ့ ဂ်ာစီကို မေပးျဖစ္ခဲ့လို႔ပါ။ ကိုဗာဆီဗစ္ ကလည္း မိုဒရစ္ ဟာ ပြဲၿပီးတိုင္း ၿပိဳင္ဖက္ကစားသမားေတြနဲ႔ ဂ်ာစီခ်င္း လဲလွယ္ရတာကို သေဘာက်တဲ့ အေၾကာင္း၊ မိုဒရစ္ ကိုယ္တိုင္လည္း ကြၽန္ေတာ့္ ဂ်ာစီကို လိုခ်င္တဲ့အေၾကာင္း ေျပာခဲ့ပါတယ္။ ေနာက္ဆုံးမွာ သူနဲ႔ ကိုယ္တိုင္ စကားေျပာခြင့္ ရခဲ့သလို ဂ်ာစီခ်င္းလဲၿပီး သူက ကြၽန္ေတာ့ကို ေနာက္ပြဲေတြမွာ ကံေကာင္းပါေစလို႔ ေျပာခဲ့ပါတယ္။

မိုဒရစ္နဲ႔ လူကိုယ္တိုင္ စကားေျပာခြင့္ ရတာက ကြၽန္ေတာ့ အတြက္ လုံးဝ အံ့ၾသစရာပါ။ သူကိုယ္တိုင္က ကြၽန္ေတာ့္ ဂ်ာစီကို လိုလိုလားလားနဲ႔ ေတာင္းတဲ့အတြက္ ပိုၿပီးေတာ့ေတာင္ အံ့ၾသမွင္သက္ခဲ့ရပါတယ္။ သူဟာ ကြၽန္ေတာ္ အၿမဲတမ္း ေလ့လာ ၾကည့္ရႈခဲ့ရတဲ့ ကစားသမားတစ္ဦး ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္မွာ သူ ေတာ့တင္ဟမ္နဲ႔ အေျခခ်ကတည္းက ကြၽန္ေတာ္ သူ႔ရဲ႕ ေျခစြမ္းကို မ်က္ေျခမျပတ္ ေစာင့္ၾကည့္ခဲ့တာပါ။ သူ႔ကို ၿပိဳင္ဖက္ အေနနဲ႔ ရင္ဆိုင္ရတာက နည္းနည္းေတာ့ ေၾကာင္ေတာင္ေတာင္ႏိုင္ခဲ့ပါတယ္ ။ ဘာလို႔လဲ ဆိုေတာ့ ကြၽန္ေတာ္ဟာ သူ႔ကစားပုံ အေတာ္မ်ားမ်ား ၾကည့္ရႈဖူးၿပီး သူ လႈပ္မယ့္ အကြက္ေတြကို နည္းနည္းပါးပါး ႀကိဳသိသလို ျဖစ္ခဲ့လို႔ပါ ” လို႔ ေျပာၾကားခဲ့ပါတယ္။