ငယ္ဘ၀အိပ္မက္က ရင္ထဲမွာ ေနရာယူထားဆဲပါ…

PC ; Getty

ျမက္ခင္းစိမ္းေတြကို မစြန္႔ခြာခင္ ဇာတိေျမက နယူး၀ဲလ္အိုးဘိြဳင္းစ္အသင္းဆီျပန္ခ်င္တယ္လို႔ မက္ဆီက ထပ္မံဖြင့္ဟလိုက္ပါတယ္။ရိုဆာရီယိုဇာတိျဖစ္တဲ့ ဘာစီလိုနာတိုက္စစ္မွဴးဟာ နယူး၀ဲလ္အိုးဘိြဳင္းရဲ႕ရာသက္ပန္ပရိသတ္ျဖစ္သလို အာဂ်င္တီးနားကလပ္ကို အသက္ ၆ႏွစ္အရြယ္ကတည္းက ေရာက္ခဲ့သူပါ။လူငယ္အသင္းမွာ ဂိုးေပါင္း ၅၀၀ေက်ာ္သြင္းယူႏိုင္ခဲ့တဲ့ေနာက္ အသက္ ၁၂ႏွစ္အရြယ္မွာ ဘာစီလိုနာကိုေျပာင္းေရႊ႕ဖို႔ဆံုးျဖတ္ခဲ့ပါတယ္။အေျခအေနေပးလာတဲ့ တစ္ေန႔က်ရင္ ဇာတိကလပ္ကိုျပန္မယ္လို႔ မက္ဆီက မကြယ္မ၀ွက္ဘဲေျပာခဲ့ဖူးပါတယ္။အခုလည္း သူ႔ရဲ႕ရည္ရြယ္ခ်က္ကို ဖီဖာအေကာင္းဆံုးဆုယူအၿပီးမွာ ထပ္မံဖြင့္ဟသြားတာျဖစ္ပါတယ္။

PC ; Newell’s

အဲဒီအစီအစဥ္ရွိတုန္းပဲလားဆိုတဲ့ ဖီဖာ၀က္ဘ္ဆိုက္ရဲ႕အေမးကို “ ဟုတ္ပါတယ္။ကၽြန္ေတာ္ အၿမဲေျပာခဲ့သလိုပါပဲ။နယူး၀ဲလ္အက်ီၤကို ၀တ္ဆင္ၿပီးကစားဖို႔ဆိုတာ ကၽြန္ေတာ့္ရဲ႕ငယ္ဘ၀အိပ္မက္ပါ။ဒါေပမဲ့ ကၽြန္ေတာ္လုပ္ႏိုင္မလားဆိုတာေတာ့ မသိေသးပါဘူး။ဒီစိတ္ကူးဟာ ရင္ေသြး ၃ေယာက္ရတဲ့အထိ မေပ်ာက္ျပယ္ေသးပါဘူး ” လို႔ ေျဖသြားခဲ့တာပါ။အသက္ ၃၂ႏွစ္အရြယ္ အာဂ်င္တီးနားၾကယ္ပြင့္ဟာ ကစားသမားဘ၀က အနားယူတဲ့အခ်ိန္မွာ နည္းျပဘ၀ကိုကူးေျပာင္းဖို႔ေတာ့ ကိုယ့္ကိုယ္ကိုယ္ သံသယရွိေနဆဲပါပဲ။

PC ; Internet

“ ကၽြန္ေတာ္အၿမဲေျပာခဲ့ပါတယ္။ဒါကို ကၽြန္ေတာ္မလုပ္ႏိုင္ဘူးလို႔။ဒါေပမဲ့ အနာဂတ္မွာ ဘာျဖစ္မယ္ဆိုတာ ဘယ္ေတာ့မွသိႏိုင္မွာမဟုတ္ပါဘူး။လူငယ္ေတြနဲ႔အလုပ္တြဲလုပ္ရတာ၊သူတို႔ကို ေလ့က်င့္ေပးရတာ၊နည္းျပလုပ္ရတာ ကၽြန္ေတာ္အဆင္ေျပမလားလို႔ ေတြးမိေသးတယ္။အရိုးသားဆံုးေျပာရရင္ အခုခ်ိန္မွာေတာ့ ျဖစ္မလာႏိုင္ေသးပါဘူး။လာမယ့္ႏွစ္ အနည္းငယ္မွာ ျဖစ္လာႏိုင္လား၊ဒါလည္း ကၽြန္ေတာ္ မသိေသးပါဘူး ” လို႔ မက္ဆီက ဆိုပါတယ္။

(unicode)

မြက်ခင်းစိမ်းတွေကို မစွန့်ခွာခင် ဇာတိမြေက နယူးဝဲလ်အိုးဘွိုင်းစ်အသင်းဆီပြန်ချင်တယ်လို့ မက်ဆီက ထပ်မံဖွင့်ဟလိုက်ပါတယ်။ရိုဆာရီယိုဇာတိဖြစ်တဲ့ ဘာစီလိုနာတိုက်စစ်မှူးဟာ နယူးဝဲလ်အိုးဘွိုင်းရဲ့ရာသက်ပန်ပရိသတ်ဖြစ်သလို အာဂျင်တီးနားကလပ်ကို အသက် ၆နှစ်အရွယ်ကတည်းက ရောက်ခဲ့သူပါ။လူငယ်အသင်းမှာ ဂိုးပေါင်း ၅၀၀ကျော်သွင်းယူနိုင်ခဲ့တဲ့နောက် အသက် ၁၂နှစ်အရွယ်မှာ ဘာစီလိုနာကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အခြေအနေပေးလာတဲ့ တစ်နေ့ကျရင် ဇာတိကလပ်ကိုပြန်မယ်လို့ မက်ဆီက မကွယ်မဝှက်ဘဲပြောခဲ့ဖူးပါတယ်။အခုလည်း သူ့ရဲ့ရည်ရွယ်ချက်ကို ဖီဖာအကောင်းဆုံးဆုယူအပြီးမှာ ထပ်မံဖွင့်ဟသွားတာဖြစ်ပါတယ်။အဲဒီအစီအစဉ်ရှိတုန်းပဲလားဆိုတဲ့ ဖီဖာဝက်ဘ်ဆိုက်ရဲ့အမေးကို “ ဟုတ်ပါတယ်။ကျွန်တော် အမြဲပြောခဲ့သလိုပါပဲ။နယူးဝဲလ်အကျီၤကို ဝတ်ဆင်ပြီးကစားဖို့ဆိုတာ ကျွန်တော့်ရဲ့ငယ်ဘဝအိပ်မက်ပါ။ဒါပေမဲ့ ကျွန်တော်လုပ်နိုင်မလားဆိုတာတော့ မသိသေးပါဘူး။ဒီစိတ်ကူးဟာ ရင်သွေး ၃ယောက်ရတဲ့အထိ မပျောက်ပြယ်သေးပါဘူး ” လို့ ဖြေသွားခဲ့တာပါ။အသက် ၃၂နှစ်အရွယ် အာဂျင်တီးနားကြယ်ပွင့်ဟာ ကစားသမားဘဝက အနားယူတဲ့အချိန်မှာ နည်းပြဘဝကိုကူးပြောင်းဖို့တော့ ကိုယ့်ကိုယ်ကိုယ် သံသယရှိနေဆဲပါပဲ။“ ကျွန်တော်အမြဲပြောခဲ့ပါတယ်။ဒါကို ကျွန်တော်မလုပ်နိုင်ဘူးလို့။ဒါပေမဲ့ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်တော့မှသိနိုင်မှာမဟုတ်ပါဘူး။လူငယ်တွေနဲ့အလုပ်တွဲလုပ်ရတာ၊သူတို့ကို လေ့ကျင့်ပေးရတာ၊နည်းပြလုပ်ရတာ ကျွန်တော်အဆင်ပြေမလားလို့ တွေးမိသေးတယ်။အရိုးသားဆုံးပြောရရင် အခုချိန်မှာတော့ ဖြစ်မလာနိုင်သေးပါဘူး။လာမယ့်နှစ် အနည်းငယ်မှာ ဖြစ်လာနိုင်လား၊ဒါလည်း ကျွန်တော် မသိသေးပါဘူး ” လို့ မက်ဆီက ဆိုပါတယ်။