
photo-gettyimages
photo-gettyimages
ၾကာသပေတးညက ကစားခဲ့တဲ့ယူရိုေျခစစ္ပြဲစဥ္မွာ စပိန္ဟာ ရိုေမးနီးယားကို အေ၀းကြင္းမွာ ၂-၁ ဂိုးနဲ႔ အႏိုင္ရခဲ့လုိ႔ အုပ္စုတြင္းရာႏႈန္းျပည့္ႏိုင္ပြဲရစံခ်ိန္ကို ဆက္ထိန္းႏိုင္ခဲ့ၿပီး အသင္းေခါငး္ေဆာင္ျဖစ္သူရာမုိ႔စ္ဟာလည္း ပင္နယ္တီကေန တစ္ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ ေနာက္ခံလူရာမုိ႔စ္အေနနဲ႔ စပိန္အတြက္ ေနာက္ဆုံးကစားခဲ့တဲ့ ၉ ပြဲမွာ ၈ ဂိုးသြင္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။
photo-social media
ရိုေမးနီးယားနဲ႔ပြဲက သြင္းဂိုးေၾကာင့္ စပိန္လက္ေရြးစင္အသင္းအတြက္ ရာမုိ႔စ္ရဲ႕သြင္းဂိုးအေရအတြက္ဟာ ၂၁ ဂိုးအထိ ရွိလာခ့ဲၿပီ ျဖစ္ပါတယ္။ ဗဟိုေနာက္ခံလူတစ္ေယာက္က လက္ေရြးစင္အသင္းမွာ ၂၁ ဂိုးအထိသြင္းႏုိင္ခဲ့တယ္ဆိုတာ နည္းတဲ့စြမ္းေဆာင္ရည္မဟုတ္ပါဘူး။ ဒါေၾကာင့္လည္း ရာမုိ႔စ္ဟာ စပိန္အသင္းသမိုင္းတစ္ေလွ်ာက္ ဂိုးသြင္းအမ်ားဆုံး ၁၀ ဦးထဲက အဆင့္ ၁၀ ေနရာမွာရပ္တည္ေနတဲ့ မီခ်ယ္နဲ႔ စံခ်ိန္တူသြားပါတယ္။ တစ္နည္းအားျဖင့္ ရာမုိ႔စ္ဟာ စပိန္အသင္းသမိုင္းက ဂိုးသြင္းအမ်ားဆုံး ၁၀ ဦးစာရင္းထဲမွာ ပါလာခဲ့တာပါ။
photo-gettyimages
ပိုၿပီးအံ့ၾသစရာေကာင္းတာကေတာ့ ရာမုိ႔စ္ရဲ႕ႏိုင္ငံတကာသြင္းဂိုးအေရအတြက္ဟာ ဂႏၳ၀င္ကစားသမားအခ်ိဳ႕ျဖစ္ၾကတဲ့ ေဒးဗစ္ဘက္ခမ္း၊ေတာ့တီတို႔ထက္ေတာင္ ပုိမ်ားေနတာပါ။ နာမည္ႀကီးတဲ့လက္ရွိကစားေနသူေတြထဲက ဆုိရင္လည္း ေကာ္တင္ဟို၊ရီဘာရီနဲ႔ကားလုိ႔တီဗက္ဇ္တို႔ထက္ ႏိုင္ငံတကာသြင္းဂိုးပိုမ်ားေနပါတယ္။ ရာမုိ႔စ္အတြက္ အထင္ႀကီးစရာမွတ္တမ္းပါပဲ။ စပိန္အသင္းရဲ႕ေျခစစ္ပြဲစဥ္ေတြက မၿပီးဆုံးေသးသလုိ ၃၃ ႏွစ္ရွိေနၿပီျဖစ္ေပမယ့္ ထိပ္တန္းအဆင့္မွာ ကစားႏိုင္ဆဲျဖစ္လု႔ိ ရာမို႔စ္ဟာ ႏိုင္ငံအသင္းအတြက္ ဂိုးေတြထပ္သြင္းႏိုင္ဦးမွာပါ။ ေလာေလာဆယ္ေတာ့ ရာမုိ႔စ္ဟာ ကလပ္နဲ႔ႏိုင္ငံတို႔အတြက္ စုစုေပါင္း ဂိုး ၁၁၀ သြင္းေပးထားပါတယ္။
[Unicode]
ကြာသပတေးညက ကစားခဲ့တဲ့ယူရိုခြေစစ်ပွဲစဉ်မှာ စပိန်ဟာ ရိုမေးနီးယားကို အဝေးကွင်းမှာ ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့လို့ အုပ်စုတွင်းရာနှုန်းပြည့်နိုင်ပွဲရစံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပြီး အသင်းခေါင်းဆောင်ဖြစ်သူရာမို့စ်ဟာလည်း ပင်နယ်တီကနေ တစ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ နောက်ခံလူရာမို့စ်အနေနဲ့ စပိန်အတွက် နောက်ဆုံးကစားခဲ့တဲ့ ၉ ပွဲမှာ ၈ ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရိုမေးနီးယားနဲ့ပွဲက သွင်းဂိုးကြောင့် စပိန်လက်ရွေးစင်အသင်းအတွက် ရာမို့စ်ရဲ့သွင်းဂိုးအရေအတွက်ဟာ ၂၁ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဗဟိုနောက်ခံလူတစ်ယောက်က လက်ရွေးစင်အသင်းမှာ ၂၁ ဂိုးအထိသွင်းနိုင်ခဲ့တယ်ဆိုတာ နည်းတဲ့စွမ်းဆောင်ရည်မဟုတ်ပါဘူး။ ဒါကြောင့်လည်း ရာမို့စ်ဟာ စပိန်အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ၁၀ ဦးထဲက အဆင့် ၁၀ နေရာမှာရပ်တည်နေတဲ့ မီချယ်နဲ့ စံချိန်တူသွားပါတယ်။ တစ်နည်းအားဖြင့် ရာမို့စ်ဟာ စပိန်အသင်းသမိုင်းက ဂိုးသွင်းအများဆုံး ၁၀ ဦးစာရင်းထဲမှာ ပါလာခဲ့တာပါ။
ပိုပြီးအံ့သြစရာကောင်းတာကတော့ ရာမို့စ်ရဲ့နိုင်ငံတကာသွင်းဂိုးအရေအတွက်ဟာ ဂန္ထဝင်ကစားသမားအချို့ဖြစ်ကြတဲ့ ဒေးဗစ်ဘက်ခမ်း၊တော့တီတို့ထက်တောင် ပိုများနေတာပါ။ နာမည်ကြီးတဲ့လက်ရှိကစားနေသူတွေထဲက ဆိုရင်လည်း ကော်တင်ဟို၊ရီဘာရီနဲ့ကားလို့တီဗက်ဇ်တို့ထက် နိုင်ငံတကာသွင်းဂိုးပိုများနေပါတယ်။ ရာမို့စ်အတွက် အထင်ကြီးစရာမှတ်တမ်းပါပဲ။ စပိန်အသင်းရဲ့ခြေစစ်ပွဲစဉ်တွေက မပြီးဆုံးသေးသလို ၃၃ နှစ်ရှိနေပြီဖြစ်ပေမယ့် ထိပ်တန်းအဆင့်မှာ ကစားနိုင်ဆဲဖြစ်လု့ိ ရာမို့စ်ဟာ နိုင်ငံအသင်းအတွက် ဂိုးတွေထပ်သွင်းနိုင်ဦးမှာပါ။ လောလောဆယ်တော့ ရာမို့စ်ဟာ ကလပ်နဲ့နိုင်ငံတို့အတွက် စုစုပေါင်း ဂိုး ၁၁၀ သွင်းပေးထားပါတယ်။