
Photo Credit
Photo Credit
မန်စီးတီးအသင်းနည်းပြ ပက်ဂွါဒီယိုလာကို “အသင်းဟောင်း ဘာစီလိုနာအသင်းရဲ့ တံခါးဟာ သူ့အတွက် အမြဲဖွင့်ထားလိမ့်မယ်”လို့ အသိပေးထားပြီး ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဂျိုးဆက်ဘာတိုမြူကလည်း ကက်တလန်မြေကို ဂွါဒီယိုလာပြန်လာမှာကို ငြင်းပယ်ခဲ့ခြင်း မရှိပါဘူး။
Photo Credit
ဂွါဒီယိုလာဟာ ဘာစီလိုနာအသင်းရဲ့ လူငယ်ကစားသမားဘဝမှာ ခြေစွမ်းကောင်းတွေကြောင့် တောက်ပခဲ့ပြီး စီနီယာအသင်းကြီးမှာပါ ကစားခွင့်ရလာတဲ့အထိ ကစားသမားဘဝ အောင်မြင်ခဲ့တဲ့အပြင် လက်ရှိမှာ နည်းပြအဖြစ်လည်း အောင်ပန်းတွေ ဆွတ်ခူးထားတဲ့ ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးဖြစ်ပါတယ်။
Photo Credit
ဂွါဒီယိုလာ ဘာစီလိုနာအသင်းကို ပြန်လာမလားဆိုတာနဲ့ ပက်သတ်ပြီး ဘာတိုမြူက “ဒါက ကျွန်တော့်အပေါ်မှာ မူတည်တာ မဟုတ်ပါဘူး။ ထွက်ခွာသွားဖိ့ုကို ပက်ပဲ ဆုံးဖြတ်ခဲ့တာပါ၊၊ ဒါပေမဲ့ ဘာစီလိုနာအသင်းက သူ့ကို အမြဲတံခါးဖွင့်ထားပြီး ကြိုဆိုလျက်ပါ”လိ့ု ပြောသွားခဲ့ပါတယ်။
Photo Credit ; B/R
လက်ရှိမှာတော့ ဘာစီလိုနာအသင်းကို နည်းပြ ဗယ်လ်ဗာဒီကိုင်တွယ်နေတာဖြစ်ပြီး သူရဲ့ လုပ်ဆောင်ချက်တွေကြောင့် ဗယ်လ်ဗာဒီရဲ့အနာဂတ်ကလည်း မေးခွန်းထုတ်ချင်စရာ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဗယ်လ်ဗာဒီရဲ့ စာချုပ်က ၂၀၂၀-၂၁ ရာသီမှ ကုန်ဆုံးမှာ ဖြစ်ပါတယ်။
Photo Credit
ဘာတိုမြူကတော့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ အိုင်ဗန်ရာကီတစ်နဲ့ အာတူရိုဗီဒယ်တိ့ုကို စီးရီးအေအင်အားကြီး ကလပ်အသင်းဖြစ်တဲ့ အင်တာအသင်းက စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ကစားသမားတွေကလည်း အသင်းကနေ ထွက်ခွာဖွယ်ရှိနေတာကြောင့် နည်းပြ ဗယ်လ်ဗာဒီကို ထုတ်ပယ်ဖိ့ု ရည်ရွယ်ချက် မရှိပုံပါပဲ။
Photo Credit
ဘာတိုမြူက “ဇန်နဝါရီမှာ လှုပ်ရှားမှုတွေ အများကြီးလုပ်ဖိ့ု မရည်ရွယ်ထားပါဘူး။ ကျွန်တော်တိ့ုမှာ ဟန်ချက်ညီနေတဲ့အသင်းကို ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်တို့ ဘာမှ မလိုအပ်ပါဘူး။ ဒါပေမဲ့ အသင်းက ဘယ်ကစားသမားကိုမှ မဆုံးရှုံးအောင်တော့ ကျွန်တော်တို့လည်း မတတ်နိုင်ပါဘူး”လို့ ပြောသွားခဲ့ပါတယ်။
Photo Credit
Zawgyi
ဂြါဒီယိုလာအတြက္ ဘာစီလိုနာအသင္း တံခါးအၿမဲဖြင့္ထားပါတယ္…
မန္စီးတီးအသင္းနည္းျပ ပက္ဂြါဒီယိုလာကို “အသင္းေဟာင္း ဘာစီလိုနာအသင္းရဲ႕ တံခါးဟာ သူ႕အတြက္ အၿမဲဖြင့္ထားလိမ့္မယ္”လို႔ အသိေပးထားၿပီး ဘာစီလိုနာအသင္းဥကၠ႒ ဂ်ိဳးဆက္ဘာတိုျမဴကလည္း ကက္တလန္ေျမကို ဂြါဒီယိုလာျပန္လာမွာကို ျငင္းပယ္ခဲ့ျခင္း မရွိပါဘူး။
ဂြါဒီယိုလာဟာ ဘာစီလိုနာအသင္းရဲ႕ လူငယ္ကစားသမားဘဝမွာ ေျခစြမ္းေကာင္းေတြေၾကာင့္ ေတာက္ပခဲ့ၿပီး စီနီယာအသင္းၾကီးမွာပါ ကစားခြင့္ရလာတဲ့အထိ ကစားသမားဘဝ ေအာင္ျမင္ခဲ့တဲ့အျပင္ လက္ရွိမွာ နည္းျပအျဖစ္လည္း ေအာင္ပန္းေတြ ဆြတ္ခူးထားတဲ့ ကမၻာ့အေကာင္းဆံုးနည္းျပေတြထဲက တစ္ဦးျဖစ္ပါတယ္။
ဂြါဒီယိုလာ ဘာစီလိုနာအသင္းကို ျပန္လာမလားဆိုတာနဲ႔ ပက္သတ္ၿပီး ဘာတိုျမဴက “ဒါက ကၽြန္ေတာ့္အေပၚမွာ မူတည္တာ မဟုတ္ပါဘူး။ ထြက္ခြာသြားဖိ႔ုကို ပက္ပဲ ဆံုးျဖတ္ခဲ့တာပါ၊၊ ဒါေပမဲ့ ဘာစီလိုနာအသင္းက သူ႔ကို အၿမဲတံခါးဖြင့္ထားၿပီး ႀကိဳဆိုလ်က္ပါ”လိ႔ု ေျပာသြားခဲ့ပါတယ္။
လက္ရွိမွာေတာ့ ဘာစီလိုနာအသင္းကို နည္းျပ ဗယ္လ္ဗာဒီကိုင္တြယ္ေနတာျဖစ္ၿပီး သူရဲ႕ လုပ္ေဆာင္ခ်က္ေတြေၾကာင့္ ဗယ္လ္ဗာဒီရဲ႕အနာဂတ္ကလည္း ေမးခြန္းထုတ္ခ်င္စရာ ျဖစ္ေနပါတယ္။ ဒါေပမဲ့ ဗယ္လ္ဗာဒီရဲ႕ စာခ်ဳပ္က ၂၀၂၀-၂၁ ရာသီမွ ကုန္ဆံုးမွာ ျဖစ္ပါတယ္။
ဘာတိုျမဴကေတာ့ ဇန္နဝါရီ အေျပာင္းအေရႊ႕မွာ အသင္းရဲ႕ ကစားသမားေတြျဖစ္တဲ့ အိုင္ဗန္ရာကီတစ္နဲ႔ အာတူရိုဗီဒယ္တိ႔ုကို စီးရီးေအအင္အားႀကီး ကလပ္အသင္းျဖစ္တဲ့ အင္တာအသင္းက စိတ္ဝင္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနၿပီး ကစားသမားေတြကလည္း အသင္းကေန ထြက္ခြာဖြယ္ရွိေနတာေၾကာင့္ နည္းျပ ဗယ္လ္ဗာဒီိကို ထုတ္ပယ္ဖိ႔ု ရည္ရြယ္ခ်က္ မရွိပံုပါပဲ။
ဘာတိုျမဴက “ဇန္နဝါရီမွာ လႈပ္ရွားမႈေတြ အမ်ားၾကီးလုပ္ဖိ႔ု မရည္ရြယ္ထားပါဘူး။ ကၽြန္ေတာ္တိ႔ုမွာ ဟန္ခ်က္ညီေနတဲ့အသင္းကို ပိုင္ဆိုင္ထားပါတယ္။ ကၽြန္ေတာ္တို႔ ဘာမွ မလိုအပ္ပါဘူး။ ဒါေပမဲ့ အသင္းက ဘယ္ကစားသမားကိုမွ မဆံုးရႈံးေအာင္ေတာ့ ကၽြႏ္ေတာ္တို႔လည္း မတတ္ႏိုင္ပါဘူး”လို႔ ေျပာသြားခဲ့ပါတယ္။