ဂွါဒီယိုလာလက်အောက်မှာ မှတ်တမ်းကောင်း ရယူနိုင်တဲ့ စတာလင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးအသင်းကို၄ဂိုး၁ဂိုးနဲ့အနိုင်ရတဲ့ပွဲအပြီးမှာမန်စီးတီးကစားသမားစတာလင်ဟာ မှတ်တမ်းကောင်း ရယူနိုင်ခဲ့ပါပြီ။စတာလင်ဟာ နည်းပြ ဂွါဒီယိုလာလက်အောက်မှာ မက်ဆီ၊ အဂူရိုတို့ပြီးနောက် ဂိုး ၁၀၀ သွင်းယူနိုင်တဲ့ တတိယမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။

မက်ဆီဟာဂွါဒီယိုလာဘာစီလိုနာအသင်းနည်းပြအဖြစ်တာဝန်ယူချိန်ကဂိုးပေါင်း၂၁၁ဂိုးသွင်းယူခဲ့သလိုအဂူရိုဟာဂွါဒီယိုလာမန်စီးတီးနည်းပြအဖြစ်တာ
ဝန်ယူချိန်မှာဂိုးပေါင်း၁၂၀ဂိုးသွင်းယူထားပါတယ်။

မန်စီးတီး အသင်းက လီဗာပူးအသင်းကို (၄)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စတာလင်က ဘာနာဒိုဆေးလ်ဗားရဲ့ပေးပို့မှုကို အနီးကပ်ခေါင်းတိုက်ပြီး ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ ၂၀၁၅ ခုနှစ်က လီဗာပူးအသင်းကနေ မန်စီးတီးအသင်းကို ပြောင်းရွှေ့ပြီးကတည်းက စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပါတယ်။ဂွါဒီယိုလာရောက်လာပြီးနောက်ပိုင်းမှာလည်း စတာလင်ဟာ မန်စီးတီးရဲ့အားကိုးရတဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။

စတာလင်ဟာ နောက်ဆုံး ၃ ရာသီမှာ တစ်ရာသီချင်းကို ၁၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ပြိုင်ပွဲစုံ ၃၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ဒီရာသီမှာလည်း စတာလင်ဟာ လိဂ်သွင်းဂိုး ၉ ဂိုးအပါအဝင် ပြိုင်ပွဲစုံ ၁၁ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာပရီးမီးယားလိဂ်ပွဲစဉ်ပေါင်း၂၂ပွဲကစားပြီးချိန်မှာပွဲပေါင်း၂၃ပွဲကစားထားတဲ့ဒုတိယနေရာမှာရှိတဲ့ ယူနိုက်တက်အသင်းကိုငါးမှတ်ဖြတ်ကာအ
မှတ်ပေးဇယားထိပ်ဆုံးမှာရပ်တည်နေပါတယ်။ လီဗာပူးအသင်းကတော့ ရလဒ်တွေဆိုးရွားနေပြီး မန်စီးတီးနဲ့ (၁၀)မှတ်အကွာ အဆင့်(၄)နေရာမှာ ရပ်တည်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဂြါဒီယိုလာလက္ေအာက္မွာ မွတ္တမ္းေကာင္း ရယူႏိုင္တဲ့ စတာလင္

လီဗာပူးအသင္းကို၄ဂိုး၁ဂိုးနဲ႔အႏိုင္ရတဲ့ပြဲအၿပီးမွာမန္စီးတီးကစားသမားစတာလင္ဟာ မွတ္တမ္းေကာင္း ရယူႏိုင္ခဲ့ပါၿပီ။စတာလင္ဟာ နည္းျပ ဂြါဒီယိုလာလက္ေအာက္မွာ မက္ဆီ ၊ အဂူ႐ိုတို႔ၿပီးေနာက္ ဂိုး ၁၀၀ သြင္းယူႏိုင္တဲ့ တတိယေျမာက္ကစားသမားျဖစ္လာခဲ့ပါတယ္။

မက္ဆီဟာဂြါဒီယိုလာဘာစီလိုနာအသင္းနည္းျပအျဖစ္တာဝန္ယူခ်ိန္ကဂိုးေပါင္း၂၁၁ဂိုးသြင္းယူခဲ့သလိုအဂူ႐ိုဟာဂြါဒီယိုလာမန္စီးတီးနည္းျပအျဖစ္တာဝန္ယူခ်ိန္မွာဂိုးေပါင္း၁၂၀ဂိုးသြင္းယူထားပါတယ္။

မန္စီးတီး အသင္းက လီဗာပူးအသင္းကို (၄)ဂိုး-(၁)ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ စတာလင္က ဘာနာဒိုေဆးလ္ဗားရဲ႕ေပးပို႔မႈကို အနီးကပ္ေခါင္းတိုက္ၿပီး ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ ကစားသမားဟာ ၂၀၁၅ ခုႏွစ္က လီဗာပူးအသင္းကေန မန္စီးတီးအသင္းကို ေျပာင္းေ႐ႊ႕ၿပီးကတည္းက စြမ္းေဆာင္ရည္ေကာင္းေတြျပသႏိုင္ခဲ့ပါတယ္။ဂြါဒီယိုလာေရာက္လာၿပီးေနာက္ပိုင္းမွာလည္း စတာလင္ဟာ မန္စီးတီးရဲ႕အားကိုးရတဲ့ကစားသမားျဖစ္လာခဲ့ပါတယ္။

စတာလင္ဟာ ေနာက္ဆုံး ၃ ရာသီမွာ တစ္ရာသီခ်င္းကို ၁၅ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီတုန္းက ၿပိဳင္ပြဲစုံ ၃၁ ဂိုးအထိ သြင္းယူႏိုင္ခဲ့ပါတယ္။ဒီရာသီမွာလည္း စတာလင္ဟာ လိဂ္သြင္းဂိုး ၉ ဂိုးအပါအဝင္ ၿပိဳင္ပြဲစုံ ၁၁ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

မန္စီးတီးအသင္းဟာပရီးမီးယားလိဂ္ပြဲစဥ္ေပါင္း၂၂ပြဲကစားၿပီးခ်ိန္မွာပြဲေပါင္း၂၃ပြဲကစားထားတဲ့ဒုတိယေနရာမွာရွိတဲ့ ယူႏိုက္တက္အသင္းကိုငါးမွတ္ျဖတ္ကာအ
မွတ္ေပးဇယားထိပ္ဆုံးမွာရပ္တည္ေနပါတယ္။ လီဗာပူးအသင္းကေတာ့ ရလဒ္ေတြဆိုး႐ြားေနၿပီး မန္စီးတီးနဲ႔ (၁၀)မွတ္အကြာ အဆင့္(၄)ေနရာမွာ ရပ္တည္ေနပါတယ္။