
photo-gettyimages
photo-oxford mail
အောက်စဖို့ဒ်ယူနိုက်တက်ဟာ ကာရာဘောင်းဖလားကနေ ထွက်သွားခဲ့ရပြီဖြစ်ပေမယ့် ကြုံတောင်ကြုံခဲစွမ်းဆောင်နိုင်မှုတစ်ခုတော့ လုပ်ပြသွားခဲ့ပါတယ်။ အင်္ဂလန်တတိယတန်းဖြစ်တဲ့ လိဂ် ၁ မှာကစားနေတဲ့ အဲဒီအသင်းငယ်လေးဟာ ကာရာဘောင်းဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ဂိုးကန်သွင်းချက်၁၈ ချက်တောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါဟာ ဂွါဒီယိုလာလက်ထက် မန်စီးတီးရင်ဆိုင်ခဲ့ရတဲ့ပွဲတွေထဲမှာ အများဆုံးပါပဲ။
photo-gettyimages
အဲဒီတတိယတန်းအသင်းငယ်လေးဟာ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံကို ကမောက်ကမဖြစ်အောင်ကြိုးစားတဲ့အနေနဲ့ မန်စီးတီးဂိုးသမားဘရာဗိုရဲ့ဂိုးပေါက်ကို တရစပ်ခြိမ်းခြောက်မှုလုပ်ခဲ့တာပါ။ မန်စီးတီးရဲ့ချန်ပီယံပြိုင်ဘက်လီဗာပူးတောင် ရာသီအဖွင့်ကွန်မြူနတီဒိုင်းတုန်းက ဂွါဒီယိုလာရဲ့ဂိုးကန်သွင်းချက်အများကြီးလုပ်နိုင်ခဲ့ပေမယ့် အောက်စဖို့ဒ်လောက်တော့ မများခဲ့ပါဘူး။ မန်စီးတီးက ပင်နယ်တီအဆုံးအဖြတ်နဲ့နိုင်သွားတဲ့ အဲဒီ ၁-၁ သရေပွဲမှာ လီဗာပူးဟာ ဂိုးကန်သွင်းမှု ၁၇ ကြိမ်ရှိခဲ့တာပါ။ တကယ်လည်း အောက်စဖု့ိဒ်ဟာ ကာရာဘောင်းကွာတားပွဲမှာ ပထမပိုင်းက မန်စီးတီးရဲ့ဦးဆောင်ဂိုးကို ဒုတိယပိုင်းစစချင်းမှာ ပြန်လည်ချေပနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှ စတာလင်းရဲ့အနိုင်ဂိုးတွေကြောင့် ၃-၁ ရလဒ်နဲ့ ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။
photo-gettyimages
ဂွါဒီယိုလာလက်ထက် မန်စီးတီးကို ချန်ပီယံလိဂ်မှာ ဂိုးကန်သွင်းချက်အများဆုံးလုပ်နိုင်ခဲ့တာက စကော့တလန်ချန်ပီယံဆဲလ်တစ်ဖြစ်ပြီး ၁၆ ကြိမ်ရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာတော့ ဂျာဂင်ကလော့ပ်ရဲ့တိုက်စစ်အသားပေးလီဗာပူးဖြစ်ပြီး ၁၆ ကြိမ်ပဲ ဖြစ်ပါတယ်။ ဝက်စ်ဘရွန်းနဲ့ မိုနာကိုတို့တောင် ဂွါဒီယိုလာလက်ထက် မန်စီးတီးဘက်ကို ဂိုးကန်သွင်းချက်အများဆုံး ၆ သင်းထဲ ပါဝင်ကြပါတယ်။ မန်ယူ၊ ချဲလ်ဆီးနဲ့ ဘာစီလိုနာတို့တောင် ဂွါဒီယိုလာလက်ထက်မှာ မန်စီးတီးဘက်ကို အဲဒီလောက် မလုပ်နိုင်ခဲ့ကြပါဘူး။
[Zawgyi]
ဂြါဒီယိုလာလက္ထက္ မန္စီးတီးကို ဂိုးကန္သြင္းခ်က္အမ်ားဆုံးလုပ္ႏိုင္ခဲ့တာက တတိယတန္းအသင္းငယ္ေလး
ေအာက္စဖို႔ဒ္ယူႏုိက္တက္ဟာ ကာရာေဘာင္းဖလားကေန ထြက္သြားခဲ့ရၿပီျဖစ္ေပမယ့္ ႀကဳံေတာင္ႀကဳံခဲစြမး္ေဆာင္ႏိုင္မႈတစ္ခုေတာ့ လုပ္ျပသြားခဲ့ပါတယ္။ အဂၤလန္တတိယတန္းျဖစ္တဲ့ လိဂ္ ၁ မွာကစားေနတဲ့ အဲဒီအသင္းငယ္ေလးဟာ ကာရာေဘာင္းဖလားကြာတားဖုိင္နယ္ပြဲစဥ္မွာ ဂိုးကန္သြင္းခ်က္၁၈ ခ်က္ေတာင္ လုပ္ႏိုင္ခဲ့ပါတယ္။ ဒါဟာ ဂြါဒီယိုလာလက္ထက္ မန္စီးတီးရင္ဆိုင္ခဲ့ရတဲ့ပြဲေတြထဲမွာ အမ်ားဆုံးပါပဲ။
အဲဒီတတိယတန္းအသင္းငယ္ေလးဟာ လက္ရွိပရီးမီးယားလိဂ္ခ်န္ပီယံကို ကေမာက္ကမျဖစ္ေအာင္ႀကိဳးစားတဲ့အေနန႔ဲ မန္စီးတီးဂိုးသမားဘရာဗိုရဲ႕ဂိုးေပါက္ကို တရစပ္ၿခိမ္းေျခာက္မႈလုပ္ခဲ့တာပါ။ မန္စီးတီးရဲ႕ခ်န္ပီယံၿပိဳင္ဘက္လီဗာပူးေတာင္ ရာသီအဖြင့္ကြန္ျမဴနတီဒိုင္းတုန္းက ဂြါဒီယိုလာရဲ႕ဂိုးကန္သြင္းခ်က္အမ်ားႀကီးလုပ္ႏိုင္ခဲ့ေပမယ့္ ေအာက္စဖုိ႔ဒ္ေလာက္ေတာ့ မမ်ားခဲ့ပါဘူး။ မန္စီးတီးက ပင္နယ္တီအဆုံးအျဖတ္နဲ႔ႏိုင္သြားတဲ့ အဲဒီ ၁-၁ သေရပြဲမွာ လီဗာပူးဟာ ဂိုးကန္သြင္းမႈ ၁၇ ႀကိမ္ရွိခဲ့တာပါ။ တကယ္လည္း ေအာက္စဖု႔ိဒ္ဟာ ကာရာေဘာင္းကြာတားပြဲမွာ ပထမပိုင္းက မန္စီးတီးရဲ႕ဦးေဆာင္ဂိုးကို ဒုတိယပိုင္းစစခ်င္းမွာ ျပန္လည္ေခ်ပႏိုင္ခဲ့ပါတယ္။ ေနာက္ပိုင္းမွ စတာလင္းရဲ႕အႏိုင္ဂိုးေတြေၾကာင့္ ၃-၁ ရလဒ္နဲ႔ ၿပိဳင္ပဲြက ထြက္ခဲ့ရတာပါ။
ဂြါဒီယိုလာလက္ထက္ မန္စီးတီးကို ခ်န္ပီယံလိဂ္မွာ ဂိုးကန္သြင္းခ်က္အမ်ားဆုံးလုပ္ႏိုင္ခဲ့တာက စေကာ့တလန္ခ်န္ပီယံဆဲလ္္တစ္ျဖစ္ၿပီး ၁၆ ႀကိမ္ရွိခဲ့ပါတယ္။ ပရီးမီးယားလိဂ္မွာေတာ့ ဂ်ာဂင္ကေလာ့ပ္ရဲ႕တိုက္စစ္အသားေပးလီဗာပူးျဖစ္ၿပီး ၁၆ ႀကိမ္ပဲ ျဖစ္ပါတယ္။ ၀က္စ္ဘရြန္းနဲ႔ မုိနာကိုတို႔ေတာင္ ဂြါဒီယုိလာလက္ထက္ မန္စီးတီးဘက္ကို ဂိုးကန္သြင္းခ်က္အမ်ားဆုံး ၆ သင္းထဲ ပါ၀င္ၾကပါတယ္။ မန္ယူ၊ ခ်ဲလ္ဆီးနဲ႔ ဘာစီလုိနာတုိ႔ေတာင္ ဂြါဒီယိုလာလက္ထက္မွာ မန္စီးတီးဘက္ကို အဲဒီေလာက္ မလုပ္ႏိုင္ခဲ့ၾကပါဘူး။