ဂွါဒီယိုလာရဲ့လူထုတ်ပုံကို မန်စီးတီးကစားသမားတွေတောင် အံ့အားသင့်ခဲ့ရကြောင်း ဒီဘရူနီဝန်ခံ

photo-daily mail

photo-REX

ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပထမအကျော့ပွဲစဉ်မတိုင်ခင် အသင်းရဲ့ပွဲထွက်စာရင်းကို သိလိုက်ရချိန် မိမိတို့မန်စီးတီးကစားသမားတွေ အံ့အားသင့်သွားခဲ့ကြကြောင်း ကွင်းလယ်လူဒီဘရူနီက ဝန်ခံပြောကြားလိုက်ပါတယ်။ အဲဒီပွဲမှာ ဂွါဒီယိုလာဟာ စတာလင်း၊ အဂူရို၊ ဖာနန်ဒင်ဟိုနဲ့ ဒေးဗစ်ဆေးလ်ဗားတို့လို အဓိကကစားသမားတွေကို အရန်ခုံထိုင်ခိုင်းခဲ့လို့ ပွဲဝေဖန်သုံးသပ်သူတွေတောင် မယုံကြည်နိုင်ဖြစ်သွားကြပါတယ်။ ဒါ့အပြင် ဂွါဒီယိုလာဟာ တိုက်စစ်မှုးဂျီးဆပ်ကို တောင်ပံပို့လိုက်ပြီး ဒီဘရူနီနဲ့ဘာနာဒိုတို့ကို false 9 အဖြစ် တစ်လှည့်စီကစားစေခဲ့ပါတယ်။

photo-PA

ဒါကြောင့်လည်း ဒီဘရူနီက”ကျွန်တော်တို့ ဂွါဒီယိုလာနဲ့ ဒီမှာရှိနေတာ ၄ နှစ်ရှိသွားပြီ ထင်ပါတယ်။ ဒီတစ်ခါတော့ ကစားသမားတွေတောင် သိသိချင်း အံ့အားသင့်ကုန်ကြပါတယ်။ ပွဲမစခင်အထိ သူတို့ဘာလိုအပ်တယ်ဆိုတာကို သူတို့ မသိကြပါဘူး။ တချို့အပြောင်းအလဲတွေဟာ ကောင်းပါတယ်။ ကျွန်တော်တို့မလုပ်ပြနိုင်တဲ့အခိုက်အတန့် အနည်းအကျဉ်းပဲ ရှိတယ် ထင်ပါတယ်။ ဒီလိုအရည်အသွေးမြင့်ပွဲမျိုးမှာ တစ်ခါတစ်လေရုန်းကန်ရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့တွေ တကယ်ကိုအတူတကွတိုက်ပွဲဝင်နိုင်ခဲ့ကြတယ်လို့ ထင်ပါတယ်”လို့ ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။

photo-gettyimages

အဲဒီပွဲမှာ ပွဲထွက်နောက်ခံလူလာပေါ်တီဟာ ဒဏ်ရာရသွားလို့ ၃၃ မိနစ်မှာတင် ဖာနန်ဒင်ဟိုနဲ့ လူစားလဲလိုက်ရပါတယ်။ စတာလင်းကတော့ ဒုတိယပိုင်း ၇၃ မိနစ်မှာ ဘာနာဒိုအစားလူစားဝင်လာပြီး ရီးရဲလ်ခံစစ်ကို ဒုက္ခပေးခဲ့ကာ သူ့ကြောင့်ပဲ မန်စီးတီးဟာ အနိုင်ဂိုးဖြစ်သွားမယ့် ပင်နယ်တီရခဲ့တာပါ။ ဂွါဒီယိုလာဟာ အဲဒီလူစားလဲမှု ၂ ခုသာလုပ်ခဲ့တာဖြစ်ပြီး အဂူရိုဆိုရင် လူစားဝင်တောင် မကစားခဲ့ရပါဘူး။

[Zawgyi]

ဂြါဒီယုိလာရဲ႕လူထုတ္ပုံကို မန္စီးတီးကစားသမားေတြေတာင္ အံ့အားသင့္ခဲ့ရေၾကာင္း ဒီဘရူနီ၀န္ခံ

ရီးရဲလ္မက္ဒရစ္နဲ႔ ခ်န္ပီယံလိဂ္ပထမအေက်ာ့ပြဲစဥ္မတိုင္ခင္ အသင္းရဲ႕ပြဲထြက္စာရင္းကို သိလိုက္ရခ်ိန္ မိမိတို႔မန္စီးတီးကစားသမားေတြ အံ့အားသင့္သြားခဲ့ၾကေၾကာင္း ကြင္းလယ္လူဒီဘရူနီက ၀န္ခံေျပာၾကားလိုက္ပါတယ္။ အဲဒီပြဲမွာ ဂြါဒီယိုလာဟာ စတာလင္း၊ အဂူရို၊ ဖာနန္ဒင္ဟိုနဲ႔ ေဒးဗစ္ေဆးလ္ဗားတို႔လို အဓိကကစားသမားေတြကို အရန္ခုံထိုင္ခုိင္းခဲ့လို႔ ပြဲေ၀ဖန္သုံးသပ္သူေတြေတာင္ မယုံၾကည္ႏိုင္ျဖစ္သြားၾကပါတယ္။ ဒါ့အျပင္ ဂြါဒီယိုလာဟာ တုိက္စစ္မႈးဂ်ီးဆပ္ကို ေတာင္ပံပို႔လိုက္ၿပီး ဒီဘရူနီနဲ႔ဘာနာဒုိတုိ႔ကို false 9 အျဖစ္ တစ္လွည့္စီကစားေစခဲ့ပါတယ္။

ဒါေၾကာင့္လည္း ဒီဘရူနီက”ကၽြန္ေတာ္တို႔ ဂြါဒီယိုလာနဲ႔ ဒီမွာရွိေနတာ ၄ ႏွစ္ရွိသြားၿပီ ထင္ပါတယ္။ ဒီတစ္ခါေတာ့ ကစားသမားေတြေတာင္ သိသိခ်င္း အံ့အားသင့္ကုန္ၾကပါတယ္။ ပြဲမစခင္အထိ သူတို႔ဘာလိုအပ္တယ္ဆိုတာကို သူတို႔ မသိၾကပါဘူး။ တခ်ို႕အေျပာင္းအလဲေတြဟာ ေကာင္းပါတယ္။ ကၽြန္ေတာ္တို႔မလုပ္ျပႏိုင္တဲ့အခိုက္အတန္႔ အနည္းအက်ဥ္းပဲ ရွိတယ္ ထင္ပါတယ္။ ဒီလိုအရည္အေသြးျမင့္ပြဲမ်ိဳးမွာ တစ္ခါတစ္ေလရုန္းကန္ရမွာပါ။ ဒါေပမဲ့ ကၽြန္ေတာ္တို႔ေတြ တကယ္ကိုအတူတကြတိုက္ပြဲ၀င္ႏိုင္ခဲ့ၾကတယ္လုိ႔ ထင္ပါတယ္”လို႔ ပြဲအၿပီးမွာ ေျပာသြားခဲ့ပါတယ္။

အဲဒီပြဲမွာ ပြဲထြက္ေနာက္ခံလူလာေပၚတီဟာ ဒဏ္ရာရသြားလို႔ ၃၃ မိနစ္မွာတင္ ဖာနန္ဒင္ဟိုနဲ႔ လူစားလဲလိုက္ရပါတယ္။ စတာလင္းကေတာ့ ဒုတိယပိုင္း ၇၃ မိနစ္မွာ ဘာနာဒိုအစားလူစား၀င္လာၿပီး ရီးရဲလ္ခံစစ္ကို ဒုကၡေပးခဲ့ကာ သူ႔ေၾကာင့္ပဲ မန္စီးတီးဟာ အႏိုင္ဂိုးျဖစ္သြားမယ့္ ပင္နယ္တီရခဲ့တာပါ။ ဂြါဒီယုိလာဟာ အဲဒီလူစားလဲမႈ ၂ ခုသာလုပ္ခဲ့တာျဖစ္ၿပီး အဂူရိုဆိုရင္ လူစား၀င္ေတာင္ မကစားခဲ့ရပါဘူး။