
Photo Credit
ယူနိုက်တက်အသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က မန်ချက်စတာဒါဘီပွဲမှာ ပြိုင်ဘက်စီးတီးနည်းပြ ဂွါဒီယိုလာကို ရှူး တိုးတိုးနေဆိုတဲ့အမူအရာ လုပ်ပြခဲ့ရတဲ့အကြောင်းရင်းကို ရှင်းလင်းပြောဆိုလာပါတယ်။
Photo Credit
စပို့တင်းလစ္စဘွန်းအသင်းခေါင်းဆောင်ဟောင်း ဖာနန်ဒက်စ်ဟာ သူ့ရဲ့ပထမဆုံးမန်ချက်စတာဒါဘီပွဲမှာ တိုက်စစ်မှူး မာရှယ် ဦးဆောင်ဂိုးသွင်းယူနိုင်ရေးအတွက် လှပတဲ့ဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပြီး ယူနိုက်တက်လည်း စီးတီးကို ၂-၀ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။
Photo Credit
ဒါပေမဲ့ ကွင်းဘေးစည်းနားမှာ ဂွါဒီယိုလာကို လက်ဟန်ခြေဟန်နဲ့ တိတ်တိတ်နေလို့ အဓိပ္ပာယ်ရတဲ့ပုံစံမျိုး ပြုလုပ်ခဲ့တဲ့ ဖာနန်ဒက်စ်ရဲ့အပြုအမူကို ယူနိုက်တက်ပရိသတ်တွေက ပိုမိုသဘောကျနေပါတယ်။ အစောပိုင်းမှာတော့ စပိန်နိုင်ငံသား ဂွါဒီယိုလာနဲ့ ပေါ်တူဂီနိုင်ငံသား ဖာနန်ဒက်စ်တို့ကြား ဘာတွေပြေခဲ့လဲ၊ ဘာဖြစ်လို့ ဖာနန်ဒက်စ်က ဒီလိုလုပ်ပြရတာလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိခဲ့ပါဘူး။
Photo Credit
ဒါပေမဲ့ စကိုင်းစပို့တ်သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဖာနန်ဒက်စ်က အဲဒီအချိန်မှာ ဂွါဒီယိုလာတစ်ယောက် စိတ်ဆိုးဒေါသထွက်နေခဲ့ကြောင်း ပြောပါတယ်။ ”ဒီအကြောင်းကို သူငယ်ချင်းတချို့နဲ့တောင် ပြောဖြစ်ခဲ့ပါသေးတယ်။ တချို့ကလည်း ”ဂွါဒီယိုလာက အောင်မြင်မှုအားလုံးရယူထားတာလေ။ သူ့ကို ဒီလိုလုပ်ခဲ့တဲ့ ဘရူနိုဆိုတာ ဘယ်သူလဲ’လို့တောင် တွေးနေနိုင်ပါတယ်”
Photo Credit
”ဒါပေမဲ့ ဒီလိုဖြစ်ခဲ့တာက လေးစားမှုနဲ့ဆိုင်ပါတယ်။ အခုချိန်မှာတော့ သွေးအေးနေပြီဖြစ်လို့ ကွင်းထဲထပ်ရှိနေရင် ဒီလိုလုပ်ဦးမယ်လို့ မတွေးမိပါဘူး။ အဒီအချိန်တုန်းကတော့ ကျွန်တော့်ကြောင့် သူဒေါသထွက်နေပြီလို့ ပြောပါတယ်။ ကျွန်တော်လည်း စိတ်ဇောတွေတက်နေလို့ ပြန်လည်တုံ့ပြန်ခဲ့တာပါ။ ဘောလုံးလောကမှာ သူ့ရဲ့လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ ဂွါဒီယိုလာကို ကျွန်တော် လေးစားမှုအပြည့်ရှိပါတယ်”
Photo Credit
”ဒါပေမဲ့ အဲဒီအချိန်မှာတော့ ကျွန်တော့်ကို သူလေးစားမှုမရှိဘူးလို့ ထင်ခဲ့ပြီး ကျွန်တော့်ရဲ့လေးစားမှုနဲ့လည်း မထိုက်တန်ဘူးလို့ ထင်ခဲ့ပါတယ်”လို့ ဖာနန်ဒက်စ်က ပြောပါတယ်။
Photo Credit
Zawgyi
ဂြါဒီယိုလာကို ႐ွဴး တုိး တိုး ေနပုံစံ လုပ္ျပခဲ့တ့ဲအေၾကာင္းရင္း ဖာနန္ဒက္စ္ ရွင္းလင္း
ယူႏုိက္တက္အသင္းကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္က မန္ခ်က္စတာဒါဘီပဲြမွာ ၿပိဳင္ဘက္စီးတီးနည္းျပ ဂြါဒီယိုလာကို ႐ွဴး တိုးတိုးေနဆုိတဲ့အမူအရာ လုပ္ျပခဲ့ရတဲ့အေၾကာင္းရင္းကို ရွင္းလင္းေျပာဆုိလာပါတယ္။
စပို႔တင္းလစၥဘြန္းအသင္းေခါင္းေဆာင္ေဟာင္း ဖာနန္ဒက္စ္ဟာ သူ႕ရဲ႕ပထမဆုံးမန္ခ်က္စတာဒါဘီပြဲမွာ တုိက္စစ္မွဴး မာရွယ္ ဦးေဆာင္ဂိုးသြင္းယူႏုိင္ေရးအတြက္ လွပတဲ့ဖန္တီးမႈျပဳလုပ္ေပးႏိုင္ခဲ့ၿပီး ယူႏုိက္တက္လည္း စီးတီးကို ၂-၀ ဂိုးနဲ႔အႏုိင္ရရွိခဲ့ပါတယ္။
ဒါေပမဲ့ ကြင္းေဘးစည္းနားမွာ ဂြါဒီယိုလာကို လက္ဟန္ေျခဟန္နဲ႔ တိတ္တိတ္ေနလို႔ အဓိပၸာယ္ရတဲ့ပုံစံမ်ိဳး ျပဳလုပ္ခဲ့တဲ့ ဖာနန္ဒက္စ္ရဲ႕အျပဳအမူကို ယူႏုိက္တက္ပရိသတ္ေတြက ပိုမိုသေဘာက်ေနပါတယ္။ အေစာပိုင္းမွာေတာ့ စပိန္ႏုိင္ငံသား ဂြါဒီယိုလာနဲ႔ ေပၚတူဂီႏိုင္ငံသား ဖာနန္ဒက္စ္တို႔ၾကား ဘာေတြေျပခဲ့လဲ၊ ဘာျဖစ္လုိ႔ ဖာနန္ဒက္စ္က ဒီလုိလုပ္ျပရတာလဲဆိုတာ ရွင္းရွင္းလင္းလင္းမသိခဲ့ပါဘူး။
ဒါေပမဲ့ စကုိင္းစပုိ႔တ္သတင္းဌာနနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာေတာ့ ဖာနန္ဒက္စ္က အဲဒီအခ်ိန္မွာ ဂြါဒီယိုလာတစ္ေယာက္ စိတ္ဆုိးေဒါသထြက္ေနခဲ့ေၾကာင္း ေျပာပါတယ္။ ”ဒီအေၾကာင္းကို သူငယ္ခ်င္းတခ်ိဳ႕နဲ႔ေတာင္ ေျပာျဖစ္ခဲ့ပါေသးတယ္။ တခ်ိဳ႕ကလည္း ”ဂြါဒီယိုလာက ေအာင္ျမင္မႈအားလုံးရယူထားတာေလ။ သူ႕ကို ဒီလုိလုပ္ခဲ့တဲ့ ဘ႐ူႏိုဆုိတာ ဘယ္သူလဲ’လုိ႔ေတာင္ ေတြးေနႏိုင္ပါတယ္”
”ဒါေပမဲ့ ဒီလုိျဖစ္ခဲ့တာက ေလးစားမႈနဲ႔ဆုိင္ပါတယ္။ အခုခ်ိန္မွာေတာ့ ေသြးေအးေနၿပီျဖစ္လုိ႔ ကြင္းထဲထပ္ရွိေနရင္ ဒီလုိလုပ္ဦးမယ္လုိ႔ မေတြးမိပါဘူး။ အဒီအခ်ိန္တုန္းကေတာ့ ကၽြန္ေတာ့္ေၾကာင့္ သူေဒါသထြက္ေနၿပီလုိ႔ ေျပာပါတယ္။ ကၽြန္ေတာ္လည္း စိတ္ေဇာေတြတက္ေနလုိ႔ ျပန္လည္တုံ႔ျပန္ခဲ့တာပါ။ ေဘာလုံးေလာကမွာ သူ႕ရဲ႕လုပ္ေဆာင္ခ်က္ေတြနဲ႔ပတ္သက္လုိ႔ ဂြါဒီယိုလာကို ကၽြန္ေတာ္ ေလးစားမႈအျပည့္ရွိပါတယ္”
”ဒါေပမဲ့ အဲဒီအခ်ိန္မွာေတာ့ ကၽြန္ေတာ့္ကို သူေလးစားမႈမရွိဘူးလို႔ ထင္ခဲ့ၿပီး ကၽြန္ေတာ့္ရဲ႕ေလးစားမႈနဲ႔လည္း မထုိက္တန္ဘူးလုိ႔ ထင္ခဲ့ပါတယ္”လုိ႔ ဖာနန္ဒက္စ္က ေျပာပါတယ္။