ဂွန်ဇာလက်ဇ် မျက်နှာကို မထိုးလိုက်ရလို့ နောင်တရနေတဲ့ နေမာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ပြီးခဲ့တဲ့တနင်္ဂနွေည မာဆေးနဲ့ပွဲမှာ ပြိုင်ဘက်ကစားသမားအယ်ဗာရိုဂွန်ဇာလက်ဇ်ကို ပိုပြင်းထန်တဲ့တုံ့ပြန်မှုမလုပ်လိုက်ရလို့ နောင်တရမိကြောင်း ပီအက်စ်ဂျီတိုက်စစ်မှုးနေမာက ဆိုရှယ်မီဒီယာမှာ ဖွင့်ဟလိုက်ပါတယ်။

အဲဒီပွဲမှာ ပီအက်စ်ဂျီဟာ မာဆေးကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့သလို ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာလည်း ရန်ပွဲဖြစ်ခဲ့လို့ နှစ်ဖက်ကစားသမား ၅ ယောက်တောင် အထုတ်ခံခဲ့ရပါတယ်။

https://twitter.com/i/status/1305249545455104003

အဲဒီမှာ နေမာက နောက်ဆုံးအနီကတ်ပြခံရသူဖြစ်ပြီး ဂွန်ဇာလက်ဇ်က သူ့ကို လူမျိုးရေးခွဲခြားခဲ့တယ်လို့ စွပ်စွဲခဲ့သလို အဲဒီစပိန်သားနောက်ခံလူရဲ့ဦးခေါင်းနောက်ကို လက်နဲ့ရိုက်ခဲ့လို့ အထုတ်ခံခဲ့ရတာပါ။ သူ့လုပ်ရပ်ဟာ မှန်ကန်တယ်လို့ နေမာဘက်က မှတ်ယူထားသလို အဲဒီထက်မကပိုလုပ်လိုက်ရမှာလို့လည်း ဆိုရှယ်မီဒီယာထက်မှာ ဖွင့်ဟခဲ့ပါတယ်။

“ကျွန်တော့်ရဲ့တစ်ခုတည်းသောနောင်တက အဲဒီသောက်ကောင်ရဲ့မျက်နှာကို မထိုးလိုက်ရတာပါ”လို့ နေမာက ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ပေါ်မှာ ရေးတင်ခဲ့တာပါ။ ဂွန်ဇာလက်ဇ်ဟာ သူ့ကို ဆိုးရွားတဲ့လူမျိုးရေးခွဲခြားစကားလုံးသုံးခဲ့တယ်လို့လည်း နေမာက Twitter မှာပဲ ထပ်ရေးတင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်ပီအက်စ်ဂျီဟာ အခုဆိုရင် ရာသီသစ်လီဂူးပြိုင်ပွဲမှာ ကစားရတဲ့ ၂ ပွဲစလုံးရှုံးထားတာဖြစ်ပြီး ၁၉၈၄-၈၅ နောက်ပိုင်း အဲဒီလိုဖြစ်တာ ဒါပထမအဆုံးအကြိမ်ပါ။

ဒါ့အပြင် သွင်းဂိုးလည်းမရှိသေးတာကြောင့် ပီအက်စ်ဂျီဟာ လီဂူးအမှတ်ပေးဇယားမှာ တန်းဆင်းဇုန်ထဲကိုရောက်ရှိသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

ဂြန္ဇာလက္ဇ္ မ်က္ႏွာကို မထိုးလိုက္ရလို႔ ေနာင္တရေနတဲ့ ေနမာ

ၿပီးခဲ့တဲ့တနဂၤေႏြည မာေဆးနဲ႔ပြဲမွာ ၿပိဳင္ဘက္ကစားသမားအယ္ဗာ႐ိုဂြန္ဇာလက္ဇ္ကို ပိုျပင္းထန္တဲ့တုံ႔ျပန္မႈမလုပ္လိုက္ရလို႔ ေနာင္တရမိေၾကာင္း ပီအက္စ္ဂ်ီတိုက္စစ္မႈးေနမာက ဆိုရွယ္မီဒီယာမွာ ဖြင့္ဟလိုက္ပါတယ္။ အဲဒီပြဲမွာ ပီအက္စ္ဂ်ီဟာ မာေဆးကို ၁-၀ နဲ႔ရႈံးနိမ့္ခဲ့သလို ပြဲၿပီးခါနီး နာက်င္အခ်ိန္ပိုမွာလည္း ရန္ပြဲျဖစ္ခဲ့လို႔ ႏွစ္ဖက္ကစားသမား ၅ ေယာက္ေတာင္ အထုတ္ခံခဲ့ရပါတယ္။

အဲဒီမွာ ေနမာက ေနာက္ဆုံးအနီကတ္ျပခံရသူျဖစ္ၿပီး ဂြန္ဇာလက္ဇ္က သူ႔ကို လူမ်ိဳးေရးခြဲျခားခဲ့တယ္လို႔ စြပ္စြဲခဲ့သလို အဲဒီစပိန္သားေနာက္ခံလူရဲ႕ဦးေခါင္းေနာက္ကို လက္နဲ႔႐ိုက္ခဲ့လို႔ အထုတ္ခံခဲ့ရတာပါ။ သူ႔လုပ္ရပ္ဟာ မွန္ကန္တယ္လို႔ ေနမာဘက္က မွတ္ယူထားသလို အဲဒီထက္မကပိုလုပ္လိုက္ရမွာလို႔လည္း ဆိုရွယ္မီဒီယာထက္မွာ ဖြင့္ဟခဲ့ပါတယ္။

“ကြၽန္ေတာ့္ရဲ႕တစ္ခုတည္းေသာေနာင္တက အဲဒီေသာက္ေကာင္ရဲ႕မ်က္ႏွာကို မထိုးလိုက္ရတာပါ”လို႔ ေနမာက ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Twitter ေပၚမွာ ေရးတင္ခဲ့တာပါ။ ဂြန္ဇာလက္ဇ္ဟာ သူ႔ကို ဆိုး႐ြားတဲ့လူမ်ိဳးေရးခြဲျခားစကားလုံးသုံးခဲ့တယ္လို႔လည္း ေနမာက Twitter မွာပဲ ထပ္ေရးတင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီခ်န္ပီယံလိဂ္ဗိုလ္လုပြဲေရာက္ပီအက္စ္ဂ်ီဟာ အခုဆိုရင္ ရာသီသစ္လီဂူးၿပိဳင္ပြဲမွာ ကစားရတဲ့ ၂ ပြဲစလုံးရႈံးထားတာျဖစ္ၿပီး ၁၉၈၄-၈၅ ေနာက္ပိုင္း အဲဒီလိုျဖစ္တာ ဒါပထမအဆုံးအႀကိမ္ပါ။ ဒါ့အျပင္ သြင္းဂိုးလည္းမရွိေသးတာေၾကာင့္ ပီအက္စ္ဂ်ီဟာ လီဂူးအမွတ္ေပးဇယားမွာ တန္းဆင္းဇုန္ထဲကိုေရာက္ရွိသြားပါတယ္။