ဂြိုဟ်သိမ်ဂြိုဟ်မွှားကြောင့် ချန်ပီယံဆုနဲ့လွဲချော်နိုင်တယ်ဆိုတဲ့သတင်းတွေအပေါ် လီဗာပူးပရိသတ်တွေရဲ့ တုံ့ပြန်မှု

Photo Credit

Photo Credit

လီဗာပူးဟာ စနေညက ဝက်ဖို့ဒ်ကို ၃ဂိုးပြတ်အရေးနိမ့်ခဲ့ရပေမယ့် ပထမဆုံးအကြိမ်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ လမ်းကြောင်းမှန်ပေါ် ရှိနေဆဲဖြစ်ပြီး ဒုတိယနေရာက မန်စီးတီးကို တစ်ပွဲပို ၂၂ မှတ်ဖြတ်ထားဆဲဖြစ်ပါတယ်။ သူတို့ဟာ နောက်ထပ် ၄ပွဲအနိုင်ရတာနဲ့ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအမှတ်ပေးချန်ပီယံဆုရယူနိုင်မှာပါ။

Photo Credit

အခုချိန်မှာ လီဗာပူးကို ဘယ်အရာကမှ တားဆီးနိုင်မယ့်ပုံမရှိပါဘူး။ ပြီးခဲ့တဲ့ရက်သတ္တပတ်ကတော့ တရုတ်ကနေ အစပြုလိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်ရာသီကို မူလစီစဉ်ထားသလို ဆက်လက်မကျင်းပဖြစ်ဘဲ ဖျက်သိမ်းရဖွယ်ရှိတယ်လု့ိ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ လောင်းကစားဒိုင်တွေက အဲဒီလိုဖြစ်ဖို့ ၅/၁ လေး အကျောပေးထားပြီး ဒီလိုအဆင့်မှာ လုံးဝဖျက်သိမ်းတာထက် ပွဲတွေကို တံခါးပိတ်ကျင်းပတာက နည်းနည်းပိုဖြစ်နိုင်ပါသေးတယ်။

Photo Credit

အခုလည်း နောက်သတင်းတစ်ပုဒ်ကလည်း လီဗာပူးရဲ့အမှတ်ပေးချန်ပီယံဖြစ်ရေးမျှော်လင့်ချက်ကို တားဆီးနိုင်တာ ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးတည်းမဟုတ်ဘူးလု့ိ ဆိုလာပါတယ်။ အင်္ဂါနေ့က Daily Express သတင်းစာမှာ ရေးသားခဲ့တဲ့သတင်းအရ ကြီးမားတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုက ဧပြီလ ၂၉ရက်နေ့မှာ ကမ္ဘာကြီးကို ဝင်တိုက်ဖွယ်ရှိနေပြီး အဲဒီဖြစ်ရပ်ကြောင့် ကမ္ဘာကြီး ထိခိုက်ပျက်စီးရလိမ့်မယ်လို့ နာဆာက ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း ပါဝင်ခဲ့ပါတယ်။

Photo Credit

killer rock လို့ အမည်ပေးထားတဲ့ အဲဒီဂြိုဟ်သိမ်ဂြိုဟ်မွှားက ၂.၅ မိုင်အထိ အချင်းဝက်ရှိပြီး ပျမ်းမျှ တစ်စက္ကန့်ကို ၈.၇ ကီလိုမီတာနှုန်း တစ်နည်းအားဖြင့် ပျမ်းမျှ တစ်နာရီ ၁၉၄၆၁ မိုင်(၃၁၃၂၀ ကီလိုမီတာ)နှုန်းနဲ့ ကမ္ဘာမြေကြီးဆီ ဦးတည်ရွေ့လျားနေတယ်လို့ သိရပါတယ်။

Photo Credit

အဲဒီဂြိုဟ်သိမ်ဂြိုဟ်မွှား ကမ္ဘာကြီးကို တည့်တည့်ဝင်တိုက်ဖို့က ဖြစ်နိုင်ခြေအရမ်းနည်းနေပေမယ့် အဖျားခတ်ထိသွားရင်တောင် ပျက်စီးဆုံးရှုံးမှုကြီးမားလာနိုင်ပါတယ်။ အဲဒီသတင်းနဲ့ပတ်သက်လို့ လီဗာပူးပရိသတ်တွေက တွစ်တာမှာ သူတို့ရဲ့အမြင်တွေကို အသီးသီးရေးသားခဲ့ပါတယ်။

Photo Credit

”ပထမဆုံး တတိယကမ္ဘာစစ်၊ ပြီးတော့ ကိုရိုနာဗိုင်းရပ်စ်၊ အခု ဂြိုဟ်သိမ်ဂြိုဟ်မွှားတဲ့။ ကြည့်ရတာ စကြဝဠာကြီးတစ်ခုလုံးက လီဗာပူးအသင်း အမှတ်ပေးချန်ပီယံမဖြစ်အောင် ရှိသမျှအရာအားလုံးနဲ့ တားဆီးနေပုံရတယ်” ”လီဗာပူးရဲ့အကြီးမားဆုံးပြိုင်ဘက်တွေက ကိုရိုနာဗိုင်းရပ်စ်နဲ့ ဂြိဟ်သိမ်ဂြိုဟ်မွှားတွေပဲ”

Photo Credit

”မေလမှာ လီဗာပူးအသင်း အမှတ်ပေးချန်ပီယံဖြစ်ချိန် အောက်ပါအရာတွေက တားဆီးဖို့ မစွမ်းဆောင်တဲ့အရာတွေအဖြစ် ကျန်ရစ်ခဲ့ပါလိမ့်မယ်။ ဒေါ်နယ်ထရမ့်နဲ့အီရန်၊ Brexit၊ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတို့ပဲဖြစ်ပါတယ်” ”လီဗာပူးအနေနဲ့ လိဂ်ချန်ပီယံဆုရဖို့ ခပ်မြန်မြန်လေး လုပ်ရတော့မယ်”လို့ ပရိသတ်တွေရော၊ ဂျာနယ်လစ်တစ်ဦးကပါ ရေးသားခဲ့ပါတယ်။

Photo Credit

Zawgyi

ၿဂိဳဟ္သိမ္ၿဂိဳဟ္မႊားေၾကာင့္ ခ်န္ပီယံဆုနဲ႔လဲြေခ်ာ္ႏိုင္တယ္ဆိုတ့ဲသတင္းေတြအေပၚ လီဗာပူးပရိသတ္ေတြရဲ႕ တုံ႔ျပန္မႈ

လီဗာပူးဟာ စေနညက ၀က္ဖို႔ဒ္ကို ၃ဂိုးျပတ္အေရးနိမ့္ခဲ့ရေပမယ့္ ပထမဆုံးအႀကိမ္ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ လမ္းေၾကာင္းမွန္ေပၚ ရွိေနဆဲျဖစ္ၿပီး ဒုတိယေနရာက မန္စီးတီးကို တစ္ပြဲပို ၂၂ မွတ္ျဖတ္ထားဆဲျဖစ္ပါတယ္။ သူတုိ႔ဟာ ေနာက္ထပ္ ၄ပြဲအႏိုင္ရတာနဲ႔ ႏွစ္ေပါင္း ၃၀ အတြင္း ပထမဆုံးအမွတ္ေပးခ်န္ပီယံဆုရယူႏုိင္မွာပါ။
အခုခ်ိန္မွာ လီဗာပူးကို ဘယ္အရာကမွ တားဆီးႏိုင္မယ့္ပုံမရွိပါဘူး။ ၿပီးခဲ့တဲ့ရက္သတၱပတ္ကေတာ့ တ႐ုတ္ကေန အစျပဳလုိက္တဲ့ ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ပရီးမီးယားလိဂ္ရာသီကို မူလစီစဥ္ထားသလို ဆက္လက္မက်င္းပျဖစ္ဘဲ ဖ်က္သိမ္းရဖြယ္ရွိတယ္လု႔ိ သတင္းေတြထြက္ေပၚလာခဲ့ပါတယ္။ ေလာင္းကစားဒုိင္ေတြက အဲဒီလုိျဖစ္ဖို႔ ၅/၁ ေလး အေက်ာေပးထားၿပီး ဒီလုိအဆင့္မွာ လုံး၀ဖ်က္သိမ္းတာထက္ ပြဲေတြကို တံခါးပိတ္က်င္းပတာက နည္းနည္းပိုျဖစ္ႏိုင္ပါေသးတယ္။
အခုလည္း ေနာက္သတင္းတစ္ပုဒ္ကလည္း လီဗာပူးရဲ႕အမွတ္ေပးခ်န္ပီယံျဖစ္ေရးေမွ်ာ္လင့္ခ်က္ကို တားဆီးႏိုင္တာ ကို႐ိုနာဗုိင္းရပ္စ္တစ္မ်ိဳးတည္းမဟုတ္ဘူးလု႔ိ ဆုိလာပါတယ္။ အဂၤါေန႔က Daily Express သတင္းစာမွာ ေရးသားခဲ့တဲ့သတင္းအရ ႀကီးမားတဲ့ ၿဂိဳဟ္သိမ္ၿဂိဳဟ္မႊားတစ္ခုက ဧၿပီလ ၂၉ရက္ေန႔မွာ ကမၻာႀကီးကို ၀င္တုိက္ဖြယ္ရွိေနၿပီး အဲဒီျဖစ္ရပ္ေၾကာင့္ ကမၻာႀကီး ထိခိုက္ပ်က္စီးရလိမ့္မယ္လုိ႔ နာဆာက ေၾကညာခ်က္ထုတ္ျပန္ခ့ဲေၾကာင္း ပါ၀င္ခဲ့ပါတယ္။
killer rock လုိ႔ အမည္ေပးထားတဲ့ အဲဒီၿဂိဳဟ္သိမ္ၿဂိဳဟ္မႊားက ၂.၅ မိုင္အထိ အခ်င္း၀က္ရွိၿပီး ပ်မ္းမွ် တစ္စကၠန္႔ကို ၈.၇ ကီလုိမီတာႏႈန္း တစ္နည္းအားျဖင့္ ပ်မ္းမွ် တစ္နာရီ ၁၉၄၆၁ မိုင္(၃၁၃၂၀ ကီလုိမီတာ)ႏႈန္းနဲ႔ ကမၻာေျမႀကီးဆီ ဦးတည္ေရြ႕လ်ားေနတယ္လုိ႔ သိရပါတယ္။
အဲဒီၿဂိဳဟ္သိမ္ၿဂိဳဟ္မႊား ကမၻာႀကီးကို တည့္တည့္၀င္တုိက္ဖို႔က ျဖစ္ႏိုင္ေျခအရမ္းနည္းေနေပမယ့္ အဖ်ားခတ္ထိသြားရင္ေတာင္ ပ်က္စီးဆုံး႐ံႈးမႈႀကီးမားလာႏိုင္ပါတယ္။ အဲဒီသတင္းနဲ႔ပတ္သက္လုိ႔ လီဗာပူးပရိသတ္ေတြက တြစ္တာမွာ သူတုိ႔ရဲ႕အျမင္ေတြကို အသီးသီးေရးသားခဲ့ပါတယ္။
”ပထမဆုံး တတိယကမၻာစစ္၊ ၿပီးေတာ့ ကို႐ိုနာဗုိင္းရပ္စ္၊ အခု ၿဂိဳဟ္သိမ္ၿဂိဳဟ္မႊားတဲ့။ ၾကည့္ရတာ စၾက၀ဠာႀကီးတစ္ခုလုံးက လီဗာပူးအသင္း အမွတ္ေပးခ်န္ပီယံမျဖစ္ေအာင္ ရွိသမွ်အရာအားလုံးနဲ႔ တားဆီးေနပုံရတယ္” ”လီဗာပူးရဲ႕အႀကီးမားဆုံးၿပိဳင္ဘက္ေတြက ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ၿဂိဟ္သိမ္ၿဂိဳဟ္မႊားေတြပဲ”
”ေမလမွာ လီဗာပူးအသင္း အမွတ္ေပးခ်န္ပီယံျဖစ္ခ်ိန္ ေအာက္ပါအရာေတြက တားဆီးဖို႔ မစြမ္းေဆာင္တဲ့အရာေတြအျဖစ္ က်န္ရစ္ခဲ့ပါလိမ့္မယ္။ ေဒၚနယ္ထရမ့္နဲ႔အီရန္၊ Brexit၊ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ၿဂိဳဟ္သိမ္ၿဂိဳဟ္မႊားတို႔ပဲျဖစ္ပါတယ္” ”လီဗာပူးအေနနဲ႔ လိဂ္ခ်န္ပီယံဆုရဖို႔ ခပ္ျမန္ျမန္ေလး လုပ္ရေတာ့မယ္”လုိ႔ ပရိသတ္ေတြေရာ၊ ဂ်ာနယ္လစ္တစ္ဦးကပါ ေရးသားခဲ့ပါတယ္။