ဂြါဒီိယုိလာလိုပဲ လမ္းပတ္ေအာင္ျမင္မယ္လို႔ အသင္းေဖာ္ေဟာင္းဇန္ဒန္ေထာက္ခံ

photo-gettyimages

photo-gettyimages

၄၁ ႏွစ္အရြယ္လမ္းပတ္ဟာ ၿပီးခဲ့တဲ့လကမွ နည္းျပသစ္အျဖစ္ ၃ ႏွစ္စာခ်ဳပ္နဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္ကို ျပန္ေရာက္လာခဲ့တာပါ။ ခ်ဲလ္ဆီးအသင္းသမိုင္းတစ္ေလွ်ာက္ဂိုးအမ်ားဆုံးသြင္းသူလည္းျဖစ္တဲ့ လမ္းပတ္ဟာ ၿပီးခဲ့တဲ့ႏွစ္ကမွ နည္းျပေလာကထဲ၀င္ေရာက္ခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ပထမဆုံးရာသီမွာပဲ ဒါဘီကိုတန္းတက္လုနီးျဖစ္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တာပါ။

photo-gettyimages

နည္းျပအေတြ႕အႀကဳံအားျဖင့္ ဘာမွမရွိေသးတဲ့ လမ္းပတ္ကို ခ်ဲလ္ဆီးနည္းျပအျဖစ္ ခန္႔အပ္ခဲ့တဲ့ အသင္းပိုင္ရွင္ေအဘရာမုိဗစ္ခ်္ရဲ႕ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္လို႔ အေတာ္မ်ားမ်ားက ေမးခြန္းထုတ္ခဲ့ၾကပါတယ္။ ပုံမွန္ဆုိရင္ မိုဗစ္ခ်္ဟာ အေတြ႕အႀကဳံရင့္သူေတြကိုသာဦးစားေပးၿပီး ရလဒ္မေကာင္းတာနဲ႔ ခ်က္ခ်င္းထုတ္ပယ္ေလ့ရွိပါတယ္။ လမး္ပတ္က်မွ ခြ်င္းခ်က္ျဖစ္ေနေပမယ့္ သူ႔ရဲ႕ခ်ဲလ္ဆီးအသင္းေဖာ္ေဟာင္းဇန္ဒန္ကေတာ့ ငယ္ရြယ္တဲ့အခ်ိန္မွာ ဘာစီလိုနာနဲ႔ ဂြါဒီယိုလာေအာင္ျမင္ခဲ့တာကို ေထာက္ျပၿပီး လမ္းပတ္လည္းေအာင္ျမင္ႏိုင္တယ္လို႔ အားေပးခဲ့တာပါ။

photo-gettyimages

”ဒါဘီမွာ လမ္းပတ္ေကာင္းေကာငး္လုပ္ႏိုင္ခဲ့တာ ကၽြန္ေတာ္သိပါတယ္။ ဒါေၾကာင့္ ခ်ဲလ္ဆီးကိုသူသြားဖို႔ အခ်ိန္ေကာင္းျဖစ္ခဲ့တာပါ။ ဂြါဒီိယိုလာဆုိရင္ ငယ္ငယ္ရြယ္ရြယ္နဲ႔ပဲ ဘာစီလုိနာမွာ ခန္႔အပ္ခံခဲ့ရတာပါ။ ဒါေၾကာင့္ အခုဟာက ဘာမွကြဲျပာသြားတယ္လို႔ မထင္ပါဘူး။ သူေကာင္းေကာင္းလုပ္ႏိုင္မွာပါ။ သူဟာ အေျခအေနအခိ်န္အခါကိုလည္း သိသူပါ။ ဘယ္လုိျဖစ္မလဲဆိုတာ ဘယ္သူသိႏိုင္မွာလဲ။ ဒါေပမဲ့ သူကေတာ့ ဥာဏ္ေကာင္းၿပီး အခြင့္အေရးတစ္ခုနဲ႔ ထိုက္တန္ပါတယ္”လို႔ ခ်ဲလ္ဆီးကစားသမားေဟာင္းဇန္ဒန္က ေျပာၾကားခဲ့တာပါ။

[Unicode]

၄၁ နှစ်အရွယ်လမ်းပတ်ဟာ ပြီးခဲ့တဲ့လကမှ နည်းပြသစ်အဖြစ် ၃ နှစ်စာချုပ်နဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကို ပြန်ရောက်လာခဲ့တာပါ။ ချဲလ်ဆီးအသင်းသမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းသူလည်းဖြစ်တဲ့ လမ်းပတ်ဟာ ပြီးခဲ့တဲ့နှစ်ကမှ နည်းပြလောကထဲဝင်ရောက်ခဲ့တာဖြစ်ပြီး သူ့ရဲ့ပထမဆုံးရာသီမှာပဲ ဒါဘီကိုတန်းတက်လုနီးဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။

နည်းပြအတွေ့အကြုံအားဖြင့် ဘာမှမရှိသေးတဲ့ လမ်းပတ်ကို ချဲလ်ဆီးနည်းပြအဖြစ် ခန့်အပ်ခဲ့တဲ့ အသင်းပိုင်ရှင်အေဘရာမိုဗစ်ချ်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ အတော်များများက မေးခွန်းထုတ်ခဲ့ကြပါတယ်။ ပုံမှန်ဆိုရင် မိုဗစ်ချ်ဟာ အတွေ့အကြုံရင့်သူတွေကိုသာဦးစားပေးပြီး ရလဒ်မကောင်းတာနဲ့ ချက်ချင်းထုတ်ပယ်လေ့ရှိပါတယ်။ လမ်းပတ်ကျမှ ချွင်းချက်ဖြစ်နေပေမယ့် သူ့ရဲ့ချဲလ်ဆီးအသင်းဖော်ဟောင်းဇန်ဒန်ကတော့ ငယ်ရွယ်တဲ့အချိန်မှာ ဘာစီလိုနာနဲ့ ဂွါဒီယိုလာအောင်မြင်ခဲ့တာကို ထောက်ပြပြီး လမ်းပတ်လည်းအောင်မြင်နိုင်တယ်လို့ အားပေးခဲ့တာပါ။

”ဒါဘီမှာ လမ်းပတ်ကောင်းကောင်းလုပ်နိုင်ခဲ့တာ ကျွန်တော်သိပါတယ်။ ဒါကြောင့် ချဲလ်ဆီးကိုသူသွားဖို့ အချိန်ကောင်းဖြစ်ခဲ့တာပါ။ ဂွါဒီယိုလာဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ ဘာစီလိုနာမှာ ခန့်အပ်ခံခဲ့ရတာပါ။ ဒါကြောင့် အခုဟာက ဘာမှကွဲပြာသွားတယ်လို့ မထင်ပါဘူး။ သူကောင်းကောင်းလုပ်နိုင်မှာပါ။ သူဟာ အခြေအနေအချိန်အခါကိုလည်း သိသူပါ။ ဘယ်လိုဖြစ်မလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။ ဒါပေမဲ့ သူကတော့ ဉာဏ်ကောင်းပြီး အခွင့်အရေးတစ်ခုနဲ့ ထိုက်တန်ပါတယ်”လို့ ချဲလ်ဆီးကစားသမားဟောင်းဇန်ဒန်က ပြောကြားခဲ့တာပါ။