
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အင်္ဂလန်အသင်းရဲ့ ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်ဟာ ယူရို ၂၀၂၀ ဖိုင်နယ်ရဲ့ ပင်နယ်တီ အဆုံးအဖြတ်မှာ အီတလီအသင်းအတွက်
နောက်ဆုံး ကန်သွင်းတဲ့ ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီကို မဖမ်းမီ ဂိုးရှေ့နေရာ ယူနေချိန်မှာ သူ့ကိုယ်သူ “ ကိစ္စမရှိဘူး ….အဆင်ပြေသွားမယ် ” ဆိုပြီး တစ်ယောက်တည်း အားပေးစကားတွေ ပြောနေခဲ့ပါတယ်။
ဒါကို ရုပ်သံမီဒီယာတွေက သေချာရိုက်ကူးနိုင်ခဲ့ပါတယ်။
ဒီအခိုက်အတန့်ဟာ ပစ်ဖို့ဒ်အတွက်တော့ ဗုံးတစ်လုံးပေါ်မှာ ထိုင်ထားမိနေသလိုဖြစ်နေမှာပါပဲ။
အီတလီအသင်းရဲ့ ဒုတိယပင်နယ်တီကိုကန်သွင်းခဲ့တဲ့ ဘယ်လော့တီရဲ့ ကန်ချက်ကိုလည်း ကာကွယ်နိုင်ခဲ့ပေမယ့် ဂျော်ဂျင်ဟို လို နိုင်ငံအသင်းအတွက် ပင်နယ်တီကန်သွင်း ရာနှုန်းပြည့် အောင်မြင်ထားသူတစ်ဦးရဲ့ ကန်ချက်ကို ကာကွယ်နိုင်ဖို့ဆိုတာ တစ်ကယ့်ကိုမလွယ်ကူတဲ့ ကိစ္စတစ်ခုပါ။
ဒါပေမယ့် ပစ်ဖို့ဒ်ဟာ မလွယ်ကူတဲ့ကိစ္စကို အောင်မြင်အောင်လုပ်နိုင်ခဲ့ပါတယ်။
ဂျော်ဂျင်ဟိုရဲ့ အောင်မြင်တဲ့ ပင်နယ်တီစံချိန်ကို ရပ်တန့်နိုင်ခဲ့ပါတယ်။
အဲ့သည့်အချိန်က အင်္ဂလန်အသင်းဟာ ရက်ရှ်ဖို့ဒ်နဲ့ ဆန်ချိုတို့ လွဲချော်ခဲ့တာကြောင့် ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီ ဝင်ခဲ့မယ်ဆိုရင် အီတလီအသင်းက ဖလားရယူသွားနိုင်တော့မယ့် အခြေအနေဖြစ်နေချိန်ပါ။
ဒါပေမယ့် ပစ်ဖို့ဒ်က ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီကို အမှားအယွင်းမရှိ ကာကွယ်သွားခဲ့ပါတယ်။
သူ့ရဲ့ စွမ်းဆောင်ရည်ပိုင်းမှာ အပြစ်ဆိုဖို့မရှိခဲ့ပေမယ့် အင်္ဂလန်အသင်းရဲ့ အဆုံးအဖြတ် ပင်နယ်တီကျိန်စာကိုတော့ အဆုံးမသတ်နိုင်ခဲ့ပါဘူး။
အင်္ဂလန်အသင်း ကန်သွင်းရမယ့် (၅)လုံးမြောက် ပင်နယ်တီကိုတော့ ဘူကာယို ဆာကာက ဝင်အောင်မကန်နိုင်ခဲ့တာကြောင့် အီတလီအသင်းက ၂၀၀၆ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံး ဆုဖလားကြီးတစ်လုံးကို ပိုင်ဆိုင်သွားခဲ့ပါတယ်။
ပြိုင်ပွဲတစ်လျှောက်လုံးမှာ ပစ်ဖို့ဒ် နဲ့ ဒွန်နာရမ်မာတို့နှစ်ဦးလုံးရဲ့ လက်စွမ်းတွေဟာ ချီးကျူးစရာဖြစ်ခဲ့သလို ပစ်ဖို့ဒ်ဟာလည်း ပြိုင်ပွဲရဲ့ ရွှေလက်အိတ်ဆုကို ဆွတ်ခူးရရှိသွားခဲ့ပါတယ်။
ပစ်ဖို့ဒ်က ယူရို၂၀၂၀ပြိုင်ပွဲတောက်လျှောက်မှာ ခရိုအေရှား၊ စကော့တလန်၊ ချက်၊ ဂျာမနီနဲ့ ယူကရိန်း ပွဲတွေမှာ ဂိုးမပေးခဲ့ရပဲ clean sheet ရရှိခဲ့တာကြောင့် ချန်ပီယံအီတလီအသင်းရဲ့ ဂိုးသမား ဒွန်နာရမ်မာထက် clean sheet နှစ်ပွဲပိုများပြီး ဒီဆုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ေဂ်ာ္ဂ်င္ဟိုရဲ႕ ပင္နယ္တီကို မ ကာကြယ္ခင္ ကိုယ့္ကိုယ္ကိုယ္ အားေပးစကား ေျပာခဲ့တဲ့ ပစ္ဖို႔ဒ္
အဂၤလန္အသင္းရဲ႕ ဂိုးသမား ေဂ်ာ္ဒန္ပစ္ဖို႔ဒ္ဟာ ယူ႐ို ၂၀၂၀ ဖိုင္နယ္ရဲ႕ ပင္နယ္တီ အဆုံးအျဖတ္မွာ အီတလီအသင္းအတြက္ ေနာက္ဆုံး ကန္သြင္းတဲ့ ေဂ်ာ္ဂ်င္ဟိုရဲ႕ ပင္နယ္တီကို မဖမ္းမီ ဂိုးေရွ႕ေနရာ ယူေနခ်ိန္မွာ သူ႔ကိုယ္သူ “ ကိစၥမရွိဘူး ….အဆင္ေျပသြားမယ္ ” ဆိုၿပီး တစ္ေယာက္တည္း အားေပးစကားေတြ ေျပာေနခဲ့ပါတယ္။ ဒါကို ႐ုပ္သံမီဒီယာေတြက ေသခ်ာ႐ိုက္ကူးႏိုင္ခဲ့ပါတယ္။
ဒီအခိုက္အတန႔္ဟာ ပစ္ဖို႔ဒ္အတြက္ေတာ့ ဗုံးတစ္လုံးေပၚမွာ ထိုင္ထားမိေနသလိုျဖစ္ေနမွာပါပဲ။ အီတလီအသင္းရဲ႕ ဒုတိယပင္နယ္တီကိုကန္သြင္းခဲ့တဲ့ ဘယ္ေလာ့တီရဲ႕ ကန္ခ်က္ကိုလည္း ကာကြယ္ႏိုင္ခဲ့ေပမယ့္ ေဂ်ာ္ဂ်င္ဟို လို ႏိုင္ငံအသင္းအတြက္ ပင္နယ္တီကန္သြင္း ရာႏႈန္းျပည့္ ေအာင္ျမင္ထားသူတစ္ဦးရဲ႕ ကန္ခ်က္ကို ကာကြယ္ႏိုင္ဖို႔ဆိုတာ တစ္ကယ့္ကိုမလြယ္ကူတဲ့ ကိစၥတစ္ခုပါ။ ဒါေပမယ့္ ပစ္ဖို႔ဒ္ဟာ မလြယ္ကူတဲ့ကိစၥကို ေအာင္ျမင္ေအာင္လုပ္ႏိုင္ခဲ့ပါတယ္။ ေဂ်ာ္ဂ်င္ဟိုရဲ႕ ေအာင္ျမင္တဲ့ ပင္နယ္တီစံခ်ိန္ကို ရပ္တန႔္ႏိုင္ခဲ့ပါတယ္။
အဲ့သည့္အခ်ိန္က အဂၤလန္အသင္းဟာ ရက္ရွ္ဖို႔ဒ္နဲ႔ ဆန္ခ်ိဳတို႔ လြဲေခ်ာ္ခဲ့တာေၾကာင့္ ေဂ်ာ္ဂ်င္ဟိုရဲ႕ ပင္နယ္တီ ဝင္ခဲ့မယ္ဆိုရင္ အီတလီအသင္းက ဖလားရယူသြားႏိုင္ေတာ့မယ့္ အေျခအေနျဖစ္ေနခ်ိန္ပါ။ ဒါေပမယ့္ ပစ္ဖို႔ဒ္က ေဂ်ာ္ဂ်င္ဟိုရဲ႕ ပင္နယ္တီကို အမွားအယြင္းမရွိ ကာကြယ္သြားခဲ့ပါတယ္။ သူ႔ရဲ႕ စြမ္းေဆာင္ရည္ပိုင္းမွာ အျပစ္ဆိုဖို႔မရွိခဲ့ေပမယ့္ အဂၤလန္အသင္းရဲ႕ အဆုံးအျဖတ္ ပင္နယ္တီက်ိန္စာကိုေတာ့ အဆုံးမသတ္ႏိုင္ခဲ့ပါဘူး။ အဂၤလန္အသင္း ကန္သြင္းရမယ့္ (၅)လုံးေျမာက္ ပင္နယ္တီကိုေတာ့ ဘူကာယို ဆာကာက ဝင္ေအာင္မကန္ႏိုင္ခဲ့တာေၾကာင့္ အီတလီအသင္းက ၂၀၀၆ ကမာၻ႔ဖလားေနာက္ပိုင္း ပထမဆုံး ဆုဖလားႀကီးတစ္လုံးကို ပိုင္ဆိုင္သြားခဲ့ပါတယ္။
ၿပိဳင္ပြဲတစ္ေလွ်ာက္လုံးမွာ ပစ္ဖို႔ဒ္ နဲ႔ ဒြန္နာရမ္မာတို႔ႏွစ္ဦးလုံးရဲ႕ လက္စြမ္းေတြဟာ ခ်ီးက်ဴးစရာျဖစ္ခဲ့သလို ပစ္ဖို႔ဒ္ဟာလည္း ၿပိဳင္ပြဲရဲ႕ ေ႐ႊလက္အိတ္ဆုကို ဆြတ္ခူးရရွိသြားခဲ့ပါတယ္။ ပစ္ဖို႔ဒ္က ယူ႐ို၂၀၂၀ၿပိဳင္ပြဲေတာက္ေလွ်ာက္မွာ ခ႐ိုေအရွား၊ စေကာ့တလန္၊ ခ်က္၊ ဂ်ာမနီနဲ႔ ယူကရိန္း ပြဲေတြမွာ ဂိုးမေပးခဲ့ရပဲ clean sheet ရရွိခဲ့တာေၾကာင့္ ခ်န္ပီယံအီတလီအသင္းရဲ႕ ဂိုးသမား ဒြန္နာရမ္မာထက္ clean sheet ႏွစ္ပြဲပိုမ်ားၿပီး ဒီဆုကို ရရွိခဲ့တာလည္း ျဖစ္ပါတယ္။