ဂျူ ဗင်တပ်ရဲ့သမိုင်းမှာပွဲဆက်အများဆုံးဂိုးသွင်းစံချိန်သစ်တင်ဖို့ နီးစပ်လာတဲ့ စီရော်နယ်ဒို

Photo-Internet
Photo-Internet

ဂျူ ဗင်တပ်က ဖီအိုရင်တီးနားကို ၃-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ တိုက်စစ်မှူ း စီရော်နယ်ဟာ ပင်နယ်တီကနေတစ်ဆင့် ၂ ဂိုးသွင်းယူခဲ့ပြီးနောက် ၁၄ နှစ်အတွင်း စီးရီးအေမှာ ဂျူ ဗင်တပ်အတွက်ပွဲဆက်အများဆုံးဂိုးသွင်းတဲ့ ပထမဆုံးကစားသမားဖြစ်လာပြီး စံချိန်သစ်တင်ဖို့လည်း နီးစပ်လာတယ်လို့ သိရပါတယ်။

Ballon d’Or ဆုကို ၅ ကြိမ်ရရှိထားတဲ့ စီရော်နယ်ဒိုဟာမိနစ် ၄၀ မှာပင်နယ်တီကနေတစ်ဆင့် ဂိုးသွင်းယူခဲ့သလိုမိနစ် ၈၀ မှာလည်း ဒုတိယအနိုင်ဂိုးကိုသွင်းခဲ့တာပါ။ ဂျူ ဗင်တပ်အတွက် တတိယဂိုးကို ၉၁ မိနစ်မှာ ဒီလစ်ကသွင်းခဲ့တာဖြစ်ပါတယ်။ ဒါဟာသူ့အတွက် စီးရီးအေမှာ ၉ ပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့ခြင်းလည်းဖြစ်ခဲ့ပါတယ်။

Photo-Internet

ဂျူ ဗင်တပ်အတွက် စီးရီးအေမှာ ၉ ပွဲဆက်ဂိုးသွင်းယူခဲ့တဲ့ပထမဆုံး ကစားသမားက ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူ းဟောင်း ထရက်ဇီဂေးဖြစ်ပြီး ၂၀၀၅ ဒီဇင်ဘာလအတွင်းမှာဒီမှတ်တမ်းရရှိခဲ့တာဖြစ်ပါတယ်။ သူ့နောက်ပိုင်းမှာဘယ်သူမှ ၉ ဂိုးဆက်ဂိုးမသွင်းနိုင်ခဲ့ရာကနေ စီရော်နယ်ဒိုက လိုက်မီသွားခဲ့တာဖြစ်ပါတယ်။ သူဟာနောက်တစ်ပွဲမှာဂိုးသွင်းနိုင်ရင် ၁၀ ပွဲဆက်ဂိုးသွင်းပြီး စံချိန်သစ်တင်မှာဖြစ်ပါတယ်။

Photo-Internet

ဒါ့အပြင် စီရော်နယ်ဒိုအတွက်ဒီ ၂ ဂိုးဟာဂျူ ဗင်တပ်ကို ၂၀၁၈ နွေရာသီကရောက်ပြီးနောက်ပိုင်းဂိုး ၅၀ ပြည့်လည်းဖြစ်ခဲ့တာပါ။ သူဟလက်ရှိစီးရီးအေမှာလည်း ၁၉ ဂိုးရရှိထားပြီးဖြစ်လို့ ပြီးခဲ့တဲ့ရာသီကသူသွင်းယူခဲ့တဲ့ ဂိုးထက် ၂ ဂိုးသာလျော့နည်းတော့တယ်လို့လည်း သိရပါတယ်။

Photo-Internet

အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ဒီဇင်ဘာ ၁ ရက်ကဆက်ဆူအိုလိုနဲ့ ကစားခဲ့တဲ့ပွဲကနေစပြီး ဂိုးသွင်းခဲ့ရာမှာ လာဇီယို၊ အူဒီးနီးစ်၊ ဆမ်ဒိုးရီးယား၊ ကက်ဂလီယာရီ၊ ရိုးမား၊ ပါးမားနဲ့ နာပိုလီ ပွဲတွေမှာဆက်တိုက်ဂိုးသွင်းယူပြီး ၉ ပွဲဆက်မှတ်တမ်းရရှိခဲ့တာဖြစ်ပါတယ်။

Photo-Internet

Zawgyi

ဂ်ဴ ဗင္တပ္ရဲ႕သမိုင္းမွာပြဲဆက္အမ်ားဆုံးဂိုးသြင္းစံခ်ိန္သစ္တင္ဖို႔ နီးစပ္လာတဲ႔ စီေရာ္နယ္ဒို

ဂ်ဴ ဗင္တပ္က ဖီအိုရင္တီးနားကို ၃-၀ နဲ႔အႏိုင္ရခဲ့တဲ႔ပြဲမွာ တိုက္စစ္မွဴ း စီေရာ္နယ္ဟာ ပင္နယ္တီကေနတစ္ဆင့္ ၂ ဂိုးသြင္းယူခဲ့ၿပီးေနာက္ ၁၄ ႏွစ္အတြင္း စီးရီးေအမွာ ဂ်ဴ ဗင္တပ္အတြက္ပြဲဆက္အမ်ားဆုံးဂိုးသြင္းတဲ႔ ပထမဆုံးကစားသမားျဖစ္လာၿပီး စံခ်ိန္သစ္တင္ဖို႔လည္း နီးစပ္လာတယ္လို႔ သိရပါတယ္။

Ballon d’Or ဆုကို ၅ ႀကိမ္ရရွိထားတဲ႔ စီေရာ္နယ္ဒိုဟာမိနစ္ ၄၀ မွာပင္နယ္တီကေနတစ္ဆင့္ ဂိုးသြင္းယူခဲ့သလိုမိနစ္ ၈၀ မွာလည္း ဒုတိယအႏိုင္ဂိုးကိုသြင္းခဲ့တာပါ။ ဂ်ဴ ဗင္တပ္အတြက္ တတိယဂိုးကို ၉၁ မိနစ္မွာ ဒီလစ္ကသြင္းခဲ့တာျဖစ္ပါတယ္။ ဒါဟာသူ႔အတြက္ စီးရီးေအမွာ ၉ ပြဲဆက္ဂိုးသြင္းယူႏုိင္ခဲ့ျခင္းလည္းျဖစ္ခဲ့ပါတယ္။

ဂ်ဴ ဗင္တပ္အတြက္ စီးရီးေအမွာ ၉ ပြဲဆက္ဂိုးသြင္းယူခဲ့တဲ႔ပထမဆုံး ကစားသမားက ျပင္သစ္လက္ေရြးစင္တိုက္စစ္မွဴ းေဟာင္း ထရက္ဇီေဂးျဖစ္ၿပီး ၂၀၀၅ ဒီဇင္ဘာလအတြင္းမွာဒီမွတ္တမ္းရရွိခဲ့တာျဖစ္ပါတယ္။ သူ႔ေနာက္ပိုင္းမွာဘယ္သူမွ ၉ ဂိုးဆက္ဂိုးမသြင္းႏိုင္ခဲ့ရာကေန စီေရာ္နယ္ဒိုက လိုက္မီသြားခဲ့တာျဖစ္ပါတယ္။ သူဟာေနာက္တစ္ပြဲမွာဂိုးသြင္းႏိုင္ရင္ ၁၀ ပြဲဆက္ဂိုးသြင္းၿပီး စံခ်ိန္သစ္တင္မွာျဖစ္ပါတယ္။

ဒါ့အျပင္ စီေရာ္နယ္ဒိုအတြက္ဒီ ၂ ဂိုးဟာဂ်ဴ ဗင္တပ္ကို ၂၀၁၈ ေႏြရာသီကေရာက္ၿပီးေနာက္ပိုင္းဂိုး ၅၀ ျပည့္လည္းျဖစ္ခဲ့တာပါ။ သူဟလက္ရွိစီးရီးေအမွာလည္း ၁၉ ဂိုးရရွိထားၿပီးျဖစ္လို႔ ၿပီးခဲ့တဲ႔ရာသီကသူသြင္းယူခဲ့တဲ႔ ဂိုးထက္ ၂ ဂိုးသာေလ်ာ႔နည္းေတာ႔တယ္လို႔လည္း သိရပါတယ္။

အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္တဲ႔ စီေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ႔ဒီဇင္ဘာ ၁ ရက္ကဆက္ဆူအိုလိုနဲ႔ ကစားခဲ့တဲ႔ပြဲကေနစၿပီး ဂိုးသြင္းခဲ့ရာမွာ လာဇီယို၊ အူဒီးနီးစ္၊ ဆမ္ဒိုးရီးယား၊ ကက္ဂလီယာရီ၊ ရိုးမား၊ ပါးမားနဲ႔ နာပိုလီ ပြဲေတြမွာဆက္တိုက္ဂိုးသြင္းယူၿပီး ၉ ပြဲဆက္မွတ္တမ္းရရွိခဲ့တာျဖစ္ပါတယ္။