ဂျူ ဗင်တပ်ရဲ့ပြဿ နာ ၁၀၀ အထိစီရော်နယ်ဒိုဖြေရှင်းနိုင်စွမ်းရှိတယ်လို့ ဆာရီချီးကျူ း

Photo- Internet
Photo- Internet

ဂျူ ဗင်တပ်အသင်းနည်းပြ ဆာရီက တိုက်စစ်မှူ း စီရော်နယ်ဒိုဟာ အသင်းရဲ့ပြဿ     နာ ၁၀၀ ကိုဖြေရှင်းပေးနိုင်စွမ်းရှိနေတယ်လို့ ပြောလိုက်ပါတယ်။ ပါးမားကို အိမ်ကွင်းမှာ ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဆာရီကအခုလို ချီးကျူ းလိုက်တာဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ ပွဲချိန် ၄၃ မိနစ်တို့နဲ့ ၅၈ မိနစ်တို့မှာအသင်းအတွက်ဂိုးတွေကိုသွင်းယူပေးခဲ့တာပါ။ ဒီဂိုးတွေကြောင့် သူဟာ ဒီရာသီစီးရီးအေမှာ ၁၆ ဂိုးပြည့်ခဲ့ပြီး ဥရောပထိပ်တန်းလိဂ် ၅ ရပ်ထဲမှာ ၁၄ ရာသီဆက်အနည်းဆုံး ၁၅ ဂိုးဆက်တိုက်သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားလည်းဖြစ်လာပါတယ်။

Photo- Internet

ဒီလိုမျိုးဂိုးတွေသွင်းယူခဲ့တဲ့အပြင် စီရော်နယ်ဒိုဟာအသင်းရဲ့ခံစစ်ပိုင်းကိုလည်းကူညီပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ပွဲအပြီးမှာ ဆာရီက”တစ်ခါတလေမှာပြဿ     နာတွေဖန်တီးတတ်တဲ့ ချန်ပီယံတစ်ယောက် ကျွန်တော်တို့ဆီမှာရှိနေပါတယ်။ ဒါပေမယ့်သူဟာပြဿ     နာပေါင်းသောင်းခြောက်ထောင်ထဲက ၁၀၀ လောက်ကိုဖြေရှင်းပေးနိုင်စွမ်းရှိတဲ့သူပါ။ကျန်တဲ့သူတွေက သူ့ကိုဗဟိုပြု ပြီးကစားနေကြတာပါ ” လို့ပြောသွားပါတယ်။

Photo- Internet

ဒီပွဲအနိုင်ကြောင့် ဂျူ ဗင်တပ်ဟာဒုတိယနေရာကအင်တာမီလန်ကို ၄ မှတ်ဖြတ်ပြီး ထိပ်ဆုံးကနေဦးဆောင်နေပြီဖြစ်လို့ ချန်ပီယံဘွဲ့ကို ၉ ကြိမ်ဆက်ရရှိရေးမျှော်လင့်ချက်လည်း ပြန်လည်တောက်ပလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆာရီကတော့ အင်တာဟာထိပ်ဆုံးနေရာကိုပြန်လည်ရယူနိုင်စွမ်းရှိနေတယ်လို့ အသင်းသားတွေကို သတိပေးထားပါတယ်။

Photo- Internet

ဂျူ ဗင်တပ်ဟာ လာမယ့်ကြားရက်မှာ ကိုပါအီတာလီယာပွဲစဉ်အဖြစ် ရိုးမာကိုအိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး လာမယ့် တနင်္ဂနွေမှာတော့ စီးရီးအေပွဲအဖြစ် နာပိုလီကိုအဝေးကွင်းသွားရောက်ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

Photo- Internet

Zawgyi

ဂ်ဴ ဗင္တပ္ရဲ႕ျပႆ နာ ၁၀၀ အထိစီေရာ္နယ္ဒိုေျဖရွင္းႏိုင္စြမ္းရွိတယ္လို႔ ဆာရီခ်ီးက်ဴ း

ဂ်ဴ ဗင္တပ္အသင္းနည္းျပ ဆာရီက တိုက္စစ္မွဴ း စီေရာ္နယ္ဒိုဟာ အသင္းရဲ႕ျပႆ     နာ ၁၀၀ ကိုေျဖရွင္းေပးႏိုင္စြမ္းရွိေနတယ္လို႔ ေျပာလိုက္ပါတယ္။ ပါးမားကို အိမ္ကြင္းမွာ ၂-၁ နဲ႔အႏုိင္ရခဲ့တဲ႔ပြဲအၿပီးမွာ ဆာရီကအခုလို ခ်ီးက်ဴ းလိုက္တာျဖစ္ပါတယ္။

စီေရာ္နယ္ဒိုဟာ ပြဲခ်ိန္ ၄၃ မိနစ္္တို႔နဲ႔ ၅၈ မိနစ္တို႔မွာအသင္းအတြက္ဂိုးေတြကိုသြင္းယူေပးခဲ့တာပါ။ ဒီဂိုးေတြေၾကာင့္ သူဟာ ဒီရာသီစီးရီးေအမွာ ၁၆ ဂိုးျပည့္ခဲ့ၿပီး ဥေရာပထိပ္တန္းလိဂ္ ၅ ရပ္ထဲမွာ ၁၄ ရာသီဆက္အနည္းဆုံး ၁၅ ဂိုးဆက္တိုက္သြင္းယူႏိုင္ခဲ့တဲ႔ ပထမဆုံးကစားသမားလည္းျဖစ္လာပါတယ္။

ဒီလိုမ်ဳိးဂိုးေတြသြင္းယူခဲ့တဲ႔အျပင္ စီေရာ္နယ္ဒိုဟာအသင္းရဲ႕ခံစစ္ပိုင္းကိုလည္းကူညီေပးႏိုင္ခဲ့သူျဖစ္ပါတယ္။ ပြဲအၿပီးမွာ ဆာရီက”တစ္ခါတေလမွာျပႆ     နာေတြဖန္တီးတတ္တဲ႔ ခ်န္ပီယံတစ္ေယာက္ ကၽြန္ေတာ္တို႔ဆီမွာရွိေနပါတယ္။ ဒါေပမယ္႔သူဟာျပႆ     နာေပါင္းေသာင္းေျခာက္ေထာင္ထဲက ၁၀၀ ေလာက္ကိုေျဖရွင္းေပးႏိုင္စြမ္းရွိတဲ႔သူပါ။က်န္တဲ႔သူေတြက သူ႔ကိုဗဟိုျပဳ ၿပီးကစားေနၾကတာပါ ” လို႔ေျပာသြားပါတယ္။

ဒီပြဲအႏိုင္ေၾကာင့္ ဂ်ဴ ဗင္တပ္ဟာဒုတိယေနရာကအင္တာမီလန္ကို ၄ မွတ္ျဖတ္ၿပီး ထိပ္ဆုံးကေနဦးေဆာင္ေနၿပီျဖစ္လို႔ ခ်န္ပီယံဘြဲ႕ကို ၉ ႀကိမ္ဆက္ရရွိေရးေမွ်ာ္လင့္ခ်က္လည္း ျပန္လည္ေတာက္ပလာခဲ့ပါတယ္။ ဒါေပမယ္႔လည္း ဆာရီကေတာ႔ အင္တာဟာထိပ္ဆုံးေနရာကိုျပန္လည္ရယူႏိုင္စြမ္းရွိေနတယ္လို႔ အသင္းသားေတြကို သတိေပးထားပါတယ္။

ဂ်ဴ ဗင္တပ္ဟာ လာမယ္႔ၾကားရက္မွာ ကိုပါအီတာလီယာပြဲစဥ္အျဖစ္ ရိုးမာကိုအိမ္ကြင္းမွာ လက္ခံကစားရမွာျဖစ္ၿပီး လာမယ္႔ တနဂၤေႏြမွာေတာ႔ စီးရီးေအပြဲအျဖစ္ နာပိုလီကိုအေ၀းကြင္းသြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္တယ္လို႔ သိရပါတယ္။