ဂျူဗီရဲ့အကောင်းဆုံးကစားသမားက ဒိုင်ဘာလာလို့ စီရော်နယ်ဒိုကိုကျော်ရွေးခဲ့တဲ့ ဒေါက်ဂလက်ကော်စတာ

photo-the sun

photo-gettyimages

ဂျူဗင်တပ်တောင်ပံကစားသမားဒေါက်ဂလက်ကော်စတာဟာ သူ့အသင်းရဲ့အကောင်းဆုံးကစားသမားနာမည်ကိုပြောရာမှာ စီရော်နယ်ဒိုကိုကျော်ပြီး ဒိုင်ဘာလာကသာ အသင်းရဲ့အဓိကကျသူဖြစ်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ စီရော်နယ်ဒိုဟာ ဒီရာသီစီးရီးအေမှာ ဂျူဗင်တပ်ရဲ့အရေးပါဆုံးသူဖြစ်နေပြီး အဲဒီပေါ်တူဂီစူပါစတားရဲ့စွမ်းဆောင်မှုနဲ့အတူ ဂျူဗင်တပ်ဟာ စီးရီးအေအမှတ်ပေးဇယားမှာ လာဇီယိုရဲ့အထက် ၁ မှတ်အသာနဲ့ ထိပ်ဆုံးနေရာက ရပ်တည်နေတာပါ။

photo-reuters

အဲဒီရီးရဲလ်နဲ့မန်ယူကြယ်ပွင့်ဟောင်းဟာ ဒီရာသီ ကလပ်ရဲ့ထိပ်တန်းဂိုးသွင်းရှင်လည်း ဖြစ်နေပြီး စီးရီးအေမှာ ၂၁ ဂိုးသွင်းထားလို့ သူ့သွင်းဂိုးအရေအတွက်ဟာ ဒိုင်ဘာလာထက် ၃ ဆပိုများပါတယ်။ ဒါပေမဲ့လည်း ဒေါက်ဂလက်ကော်စတာအဖို့ကတော့ စီရော်နယ်ဒိုဟာ ဂျူဗင်တပ်မှာ ဒိုင်ဘာလာလောက် မကောင်းသလို ဖြစ်နေပါတယ်။ ဒီလိုပြောခဲ့တာကလည်း အဲဒီအာဂျင်တီးနားသားနဲ့ သူ့ရဲ့အရမ်းကိုရင်းနှီးတဲ့ ခင်မင်မှုကြောင့် ဖြစ်ပါလိမ့်မယ်။

photo-gettyimages

ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram ပေါ်က အမေးအဖြေအစီအစဉ်တစ်ခုမှာ ဂျူဗင်တပ်က အကောင်းဆုံးကစားသမားက ဘယ်သူလဲလို့မေးမြန်းတော့ ဒေါက်ဂလက်ကော်စတာက”အတောင့်တင်းဆုံးအသင်းဖော်ကတော့ ဒိုင်ဘာလာပါပဲ။ ပြီးရင်တော့ စီရော်နယ်ဒိုပေါ့ဗျာ”လို့ ပြန်လည်ဖြေကြားခဲ့တာပါ။ အဲဒီဘရာဇီးသားရဲ့ဒီလိုဖြေကြားမှုကို တချို့ပရိသတ်တွေက အံ့သြတကြီးဖြစ်နေကြပါတယ်။ ဂျူဗင်တပ်တိုက်စစ်မှုးတစ်ဦးဖြစ်တဲ့ ဒိုင်ဘာလာဟာ လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူပါ။

[Zawgyi]

ဂ်ဴဗီရဲ႕အေကာင္းဆုံးကစားသမားက ဒိုင္ဘာလာလုိ႔ စီေရာ္နယ္ဒိုကိုေက်ာ္ေရြးခဲ့တဲ့ ေဒါက္ဂလက္ေကာ္စတာ

ဂ်ဴဗင္တပ္ေတာင္ပံကစားသမားေဒါက္ဂလက္ေကာ္စတာဟာ သူ႔အသင္းရဲ႕အေကာင္းဆုံးကစားသမားနာမည္ကိုေျပာရာမွာ စီေရာ္နယ္ဒိုကိုေက်ာ္ၿပီး ဒိုင္ဘာလာကသာ အသင္းရဲ႕အဓိကက်သူျဖစ္ေၾကာင္း အခုိင္အမာေျပာၾကားလုိက္ပါတယ္။ စီေရာ္နယ္ဒိုဟာ ဒီရာသီစီးရီးေအမွာ ဂ်ဴဗင္တပ္ရဲ႕အေရးပါဆုံးသူျဖစ္ေနၿပီး အဲဒီေပၚတူဂီစူပါစတားရဲ႕စြမ္းေဆာင္မႈနဲ႔အတူ ဂ်ဴဗင္တပ္ဟာ စီးရီးေအအမွတ္ေပးဇယားမွာ လာဇီယိုရဲ႕အထက္ ၁ မွတ္အသာနဲ႔ ထိပ္ဆုံးေနရာက ရပ္တည္ေနတာပါ။

အဲဒီရီးရဲလ္နဲ႔မန္ယူၾကယ္ပြင့္ေဟာင္းဟာ ဒီရာသီ ကလပ္ရဲ႕ထိပ္တန္းဂိုးသြင္းရွင္လည္း ျဖစ္ေနၿပီး စီးရီးေအမွာ ၂၁ ဂိုးသြင္းထားလုိ႔ သူ႔သြင္းဂိုးအေရအတြက္ဟာ ဒိုင္ဘာလာထက္ ၃ ဆပိုမ်ားပါတယ္။ ဒါေပမဲ့လည္း ေဒါက္ဂလက္ေကာ္စတာအဖို႔ကေတာ့ စီေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္မွာ ဒိုင္ဘာလာေလာက္ မေကာင္းသလို ျဖစ္ေနပါတယ္။ ဒီလိုေျပာခဲ့တာကလည္း အဲဒီအာဂ်င္တီးနားသားနဲ႔ သူ႔ရဲ႕အရမ္းကိုရင္းႏွီးတဲ့ ခင္မင္မႈေၾကာင့္ ျဖစ္ပါလိမ့္မယ္။

ဆုိရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Instagram ေပၚက အေမးအေျဖအစီအစဥ္တစ္ခုမွာ ဂ်ဴဗင္တပ္က အေကာင္းဆုံးကစားသမားက ဘယ္သူလဲလို႔ေမးျမန္းေတာ့ ေဒါက္ဂလက္ေကာ္စတာက”အေတာင့္တင္းဆုံးအသင္းေဖာ္ကေတာ့ ဒိုင္ဘာလာပါပဲ။ ၿပီးရင္ေတာ့ စီေရာ္နယ္ဒိုေပါ့ဗ်ာ”လို႔ ျပန္လည္ေျဖၾကားခဲ့တာပါ။ အဲဒီဘရာဇီးသားရဲ႕ဒီလိုေျဖၾကားမႈကို တခ်ိဳ႕ပရိသတ္ေတြက အံ့ၾသတႀကီးျဖစ္ေနၾကပါတယ္။ ဂ်ဴဗင္တပ္တိုက္စစ္မႈးတစ္ဦးျဖစ္တဲ့ ဒိုင္ဘာလာဟာ လက္ရွိမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံထားရသူပါ။