ဂျူဗီရဲ့ဟီးရိုးဖြစ်ခဲ့ပေမယ့် ပင်နယ်တီရဖို့ ဒိုင်ဗင်ထိုးခဲ့ကြောင်း စွပ်စွဲခံနေရတဲ့ စီရော်နယ်ဒို

photo-the sun

photo-Rex Feagu

ဂျီနိုအာကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ကြားရက်စီးရီးအေပွဲစဉ်မှာ နောက်ဆုံးမိနစ်ပင်နယ်တီဂိုးနဲ့ စီရော်နယ်ဒိုဟာ ဂျူဗင်တပ်ရဲ့ဟီရိုး ထပ်ဖြစ်ခဲ့ပြန်ပါတယ်။ သူ့ရဲ့အနိုင်ဂိုးနဲ့ ဂျူဗင်တပ်ကို စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့တာပါ။ ဒါပေမဲ့လည်း အဲဒီပင်နယ်တီရဖို့အတွက် စီရော်နယ်ဒိုဟာ ဒိုင်ဗင်ထိုးခဲ့တယ်ဆိုတဲ့စွပ်စွဲမှုတွေ ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

photo-EPA

ဂျူဗင်တပ်ဟာ အဲဒီအိမ်ကွင်းပွဲစဉ်မှာ တန်းဆင်းဇုန်နားက ဂျီနိုအာကို ပထမပိုင်းပြီးချိန်အထိ ၁-၁ သရေသာကစားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမိနစ် ၅၀ ကျော်မှာ ဂျီနိုအာဘက်က ၂ ယောက်အထုတ်ခံခဲ့ရပေမယ့် အနိုင်ဂိုးရဖို့ ရုန်းကန်ခဲ့ရပြီး ပွဲပြီးခါနီးမှာ ဂျူဗင်တပ်ဘက်ကလည်း တစ်ယောက်အထုတ်ခံခဲ့ရပါသေးတယ်။ နာကျင်အချိန်ပို ၉၂ မိနစ်မှာ သူဟာ ဂျူဗင်တပ်အတွက် ဂိုးသွင်းခဲ့ပေမယ့် VAR ကြည့်ပြီး ပယ်ဖျက်ခံလိုက်ရပါတယ်။ ဒါပေမဲ့ နောက်တစ်ကြိမ်မှာတော့ သူငြင်းပယ်ခံရခြင်း မရှိတော့ပါဘူး။ နာကျင်အချိန်ပိုရဲ့နောက်ဆုံးမိနစ်ပိုင်းလေးမှာ သူ့ကြောင့် ဂျူဗင်တပ်ပင်နယ်တီရခဲ့ပြီး အဲဒါကို သူကိုင်တိုင်ပဲ အမှားအယွင်းမရှိကန်သွင်းကာ အဲဒီပွဲမှာ ဂျူဗင်တပ်ရဲ့သူရဲကောင်းဖြစ်ခဲ့တာပါ။

photo-EPA

ဒါပေမဲ့လည်း အဲဒီပင်နယ်တီရဖို့ စီရော်နယ်ဒိုဟာ တမင်သက်သက်လှဲချခဲ့တာလို့ စွပ်စွဲခံနေရပါတယ်။ ပြိုင်ဘက်ပင်နယ်တီဧရိယာအတွင်း သူဘောလုံးလှည့်အထုတ်မှာ ဂျီနိုအာက ဆာနာဘရီယာရဲ့ခြေထောက်နဲ့ထိသွားပြီးပြီးချင်းမှာပဲ သူလဲကျသွားခဲ့တာ ဖြစ်ပါတယ်။ အတော်များများက ထိတယ်လို့ မထင်ကြပါဘူး။ တချို့ကလည်း စီရော်နယ်ဒိုဟာ ရည်ရွယ်ချက်ရှိရှိနဲ့ လှဲချခဲ့တာလို့ ဆိုပါတယ်။ အဲဒါနဲ့ပတ်သက်လု့ိ ဆိုရှယ်မီဒီယာပေါ်မှာ သူ့ကို လှောင်ပြောင်ပြောဆိုမှုတွေလည်း ရှိနေကြပါတယ်။ ဆိုရှယ်မီဒီယာသုံးစွဲသူတစ်ယောက်ကဆိုရင် ”သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးဒိုင်ဗင်သမား”လို့ စီရော်နယ်ဒိုကို လှော်င်ပြောင်ခဲ့ပါတယ်။

[Zawgyi]

ဂ်ဴဗီရဲ႕ဟီးရိုးျဖစ္ခဲ့ေပမယ့္ ပင္နယ္တီရဖုိ႔ ဒိုင္ဗင္ထိုးခဲ့ေၾကာင္း စြပ္စြဲခံေနရတဲ့ စီေရာ္နယ္ဒိုိ

ဂ်ီႏိုအာကို ၂-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ၾကားရက္စီးရီးေအပြဲစဥ္မွာ ေနာက္ဆုံးမိနစ္ပင္နယ္တီဂိုးနဲ႔ စီေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္ရဲ႕ဟီရိုး ထပ္ျဖစ္ခဲ့ျပန္ပါတယ္။ သူ႔ရဲ႕အႏိုင္ဂိုးနဲ႔ ဂ်ဴဗင္တပ္ကို စီးရီးေအအမွတ္ေပးဇယားထိပ္ဆုံးေနရာဆီ ျပန္လည္ပို႔ေဆာင္ေပးႏိုင္ခဲ့တာပါ။ ဒါေပမဲ့လည္း အဲဒီပင္နယ္တီရဖို႔အတြက္ စီေရာ္နယ္ဒိုဟာ ဒိုင္ဗင္ထိုးခဲ့တယ္ဆိုတဲ့စြပ္စြဲမႈေတြ ဆုိရွယ္မီဒီယာေပၚမွာ ထြက္ေပၚလာခဲ့ပါတယ္။

ဂ်ဴဗင္တပ္ဟာ အဲဒီအိမ္ကြင္းပြဲစဥ္မွာ တန္းဆင္းဇုန္နားက ဂ်ီႏိုအာကို ပထမပိုင္းၿပီးခ်ိန္အထိ ၁-၁ သေရသာကစားႏိုင္ခဲ့ပါတယ္။ ဒုတိယပိုင္းမိနစ္ ၅၀ ေက်ာ္မွာ ဂ်ီႏုိအာဘက္က ၂ ေယာက္အထုတ္ခံခဲ့ရေပမယ့္ အႏိုင္ဂိုးရဖို႔ ရုန္းကန္ခဲ့ရၿပီး ပြဲၿပီးခါနီးမွာ ဂ်ဴဗင္တပ္ဘက္ကလည္း တစ္ေယာက္အထုတ္ခံခဲ့ရပါေသးတယ္။ နာက်င္အခ်ိန္ပို ၉၂ မိနစ္မွာ သူဟာ ဂ်ဴဗင္တပ္အတြက္ ဂိုးသြင္းခဲ့ေပမယ့္ VAR ၾကည့္ၿပီး ပယ္ဖ်က္ခံလုိက္ရပါတယ္။ ဒါေပမဲ့ ေနာက္တစ္ႀကိမ္မွာေတာ့ သူျငငး္ပယ္ခံရျခင္း မရွိေတာ့ပါဘူး။ နာက်င္အခ်ိန္ပိုရဲ႕ေနာက္ဆုံးမိနစ္ပိုင္းေလးမွာ သူ႔ေၾကာင့္ ဂ်ဴဗင္တပ္ပင္နယ္တီရခဲ့ၿပီး အဲဒါကို သူကိုင္တုိင္ပဲ အမွားအယြင္းမရွိကန္သြင္းကာ အဲဒီပြဲမွာ ဂ်ဴဗင္တပ္ရဲ႕သူရဲေကာင္းျဖစ္ခဲ့တာပါ။

ဒါေပမဲ့လည္း အဲဒီပင္နယ္တီရဖို႔ စီေရာ္နယ္ဒိုဟာ တမင္သက္သက္လွဲခ်ခဲ့တာလို႔ စြပ္စြဲခံေနရပါတယ္။ ၿပိဳင္ဘက္ပင္နယ္တီဧရိယာအတြင္း သူေဘာလုံးလွည့္အထုတ္မွာ ဂ်ီႏိုအာက ဆာနာဘရီယာရဲ႕ေျခေထာက္နဲ႔႔ထိသြားၿပီးၿပီးခ်င္းမွာပဲ သူလဲက်သြားခဲ့တာ ျဖစ္ပါတယ္။ အေတာ္မ်ားမ်ားက ထိတယ္လုိ႔ မထင္ၾကပါဘူး။ တခ်ိဳ႕ကလည္း စီေရာ္နယ္ဒိုဟာ ရည္ရြယ္ခ်က္ရွွိရွိနဲ႔ လွဲခ်ခဲ့တာလို႔ ဆုိပါတယ္။ အဲဒါနဲ႔ပတ္သက္လု႔ိ ဆုိရွယ္မီဒီယာေပၚမွာ သူ႔ကို ေလွာင္ေျပာင္ေျပာဆိုမႈေတြလည္း ရွိေနၾကပါတယ္။ ဆုိရွယ္မီဒီယာသုံးစြဲသူတစ္ေယာက္ကဆိုရင္ ”သမိုင္းတစ္ေလွ်ာက္ အႀကီးက်ယ္ဆုံးဒုိင္ဗင္သမား”လုုိ႔ စီေရာ္နယ္ဒိုကို ေလွာ္င္ေျပာင္ခဲ့ပါတယ္။