ဂျူဗီကစားသမားဘဝမှာ ဆိုးရွားတဲ့ ဖရီးကစ်မှတ်တမ်းပိုင်ဆိုင်နေတဲ့ စီရော်နယ်လ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ အသင်းတိုက်စစ်အတွက် မရှိမဖြစ်ကစားသမားဖြစ်နေပေမယ့် သူ့ရဲ့ ဖရီးကစ်စွမ်းဆောင်ရည်ကတော့ စိတ်ပျက်စရာကောင်းလောက်အောင် ဆိုးရွားနေပါတယ်။

၂၀၁၈ ခုနှစ်တုန်းက ရီးယဲလ်အသင်းကနေ ဂျူဗင်တပ်စ်အသင်းကို ပေါင်(၉၉)သန်းနဲ့ပြောင်းရွှေ့ခဲ့သူ စီရော်နယ်လ်ဒိုဟာ လက်ရှိအချိန်အထိ ဂျူဗင်တပ်စ်အသင်းအတွက် (၁၁၈)ပွဲကစား၊ (၉၁)ဂိုးသွင်းယူထားပြီး တစ်ပွဲပျမ်းမျှ(ဝ.၇၇)ဂိုးနှုန်းသွင်းခဲ့သလို စီးရီးအေချန်ပီယံဆုကို (၂)ရာသီဆက်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ ဖရီးကစ်သွင်းဂိုးအရေအတွက်က မထင်မှတ်လောက်အောင်ပဲ နည်းပါးနေပြီး တစ်ချိန်တုန်းက ဖရီးကစ်တွေကနေ လှလှပပဂိုးသွင်းယူပြခဲ့တဲ့ စီရော်နယ်လ်ဒို မဟုတ်တော့တာအသေအချာပါပဲ။ ဂျူဗင်တပ်စ်ကစားသမားဘဝတစ်လျှောက် စီရော်နယ်လ်ဒိုဟာ ဖရီးကစ်အကြိမ်ပေါင်း (၆၅)ကြိမ်အထိကန်သွင်းခဲ့ပြီး အဲဒီထဲကမှ (၁)ကြိမ်သာဂိုးဝင်ခဲ့တာလည်းဖြစ်ပါတယ်။

ဖရီးကစ်ကနေ စီရော်နယ်လ်ဒို တစ်လုံးတည်းသောဂိုးသွင်းနိုင်ခဲ့တာက ဂျူဗီကစားသမားဘ၀ (၈၁)ပွဲမြောက်ဖြစ်တဲ့ ၂၀၂၀၊ ဇူလိုင်လတုန်းက တိုရီနိုနဲ့ပွဲမှာဖြစ်ပြီး အဲဒီပွဲမတိုင်ခင်နဲ့ နောက်ပိုင်းပွဲတွေမှာ ဖရီးကစ်ကန်သွင်းချက် (၆၄)ကြိမ်အထိရှိပေမယ့် တစ်ဂိုးမှမသွင်းနိုင်ခဲ့ပါဘူး။ ပိုဆိုးတာက အဲဒီ(၆၄)ကြိမ်ထဲက (၃)ပုံ(၂)ပုံပမာဏဖြစ်တဲ့ (၄၄)ကြိမ်ဟာ Wall တောင်မကျော်ခဲ့ဘဲ ပြိုင်ဘက်ကစားသမားတွေနဲ့ ထိပြီးလွဲချော်ခဲ့တာပဲဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာ ဂျူဗင်တပ်စ်အသင်းကို စီရော်နယ်လ်ဒိုမရောက်ခင်တုန်းက ဖရီးကစ်ကနေ ဂိုးသွင်းယူနိုင်မှုက (၂)နှစ်တာကာလအတွင်း (၇၄)ကြိမ်မှာ (၁၁)ဂိုးသာရှိခဲ့ပြီး ဖရီးကစ်စွမ်းဆောင်ရည် အားနည်းနေတာကြောင့် မန်ချက်စတာယူနိုက်တက်၊ ရီးယဲလ်အသင်းတို့မှာ ဖရီးကစ်ဘုရင်ဖြစ်ခဲ့တဲ့ စီရော်နယ်လ်ဒိုကို အဲဒီနေရာအတွက် အားကိုးခဲ့ပေမယ့် သူက ပိုဆိုးရွားနေတာလည်းဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုဟာ ကစားသမားဘဝတစ်လျှောက် ဖရီးကစ်ကနေ (၄၆)ဂိုးအထိသွင်းယူခဲ့ပေမယ့် ဂျူဗင်တပ်စ်အသင်းမှာတော့ သူ့ရဲ့ဖရီးကစ်စွမ်းရည်က မထင်မှတ်လောက်အောင် ကျဆင်းနေတာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းနည်းပြ ပီယာလိုကတော့ စီရော်နယ်လ်ဒိုရဲ့ ဖရီးကစ်စွမ်းရည်နဲ့ပတ်သက်လို့ ကာကွယ်ပြောဆိုခဲ့ပြီး စီရော်နယ်လ်ဒိုဟာ လေ့ကျင့်ခန်းအစီအစဉ်မှာ သူ့ရဲ့ ဖရီးကစ်ကန်တဲ့ပုံစံကို ပြောင်းလဲမှုတွေလုပ်ဖို့ ကြိုးစားလေ့ကျင့်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဂ်ဴဗီကစားသမားဘဝမွာ ဆိုး႐ြားတဲ့ ဖရီးကစ္မွတ္တမ္းပိုင္ဆိုင္ေနတဲ့ စီေရာ္နယ္လ္ဒို

ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ေပၚတူဂီနာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ အသင္းတိုက္စစ္အတြက္ မရွိမျဖစ္ကစားသမားျဖစ္ေနေပမယ့္ သူ႔ရဲ႕ ဖရီးကစ္စြမ္းေဆာင္ရည္ကေတာ့ စိတ္ပ်က္စရာေကာင္းေလာက္ေအာင္ ဆိုး႐ြားေနပါတယ္။ ၂၀၁၈ ခုႏွစ္တုန္းက ရီးယဲလ္အသင္းကေန ဂ်ဴဗင္တပ္စ္အသင္းကို ေပါင္(၉၉)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့သူ စီေရာ္နယ္လ္ဒိုဟာ လက္ရွိအခ်ိန္အထိ ဂ်ဴဗင္တပ္စ္အသင္းအတြက္ (၁၁၈)ပြဲကစား၊ (၉၁)ဂိုးသြင္းယူထားၿပီး တစ္ပြဲပ်မ္းမွ်(ဝ.၇၇)ဂိုးႏႈန္းသြင္းခဲ့သလို စီးရီးေအခ်န္ပီယံဆုကို (၂)ရာသီဆက္ရရွိေအာင္စြမ္းေဆာင္ႏိုင္ခဲ့သူျဖစ္ပါတယ္။ ဒါေပမဲ့ သူ႔ရဲ႕ ဖရီးကစ္သြင္းဂိုးအေရအတြက္က မထင္မွတ္ေလာက္ေအာင္ပဲ နည္းပါးေနၿပီး တစ္ခ်ိန္တုန္းက ဖရီးကစ္ေတြကေန လွလွပပဂိုးသြင္းယူျပခဲ့တဲ့ စီေရာ္နယ္လ္ဒို မဟုတ္ေတာ့တာအေသအခ်ာပါပဲ။

ဂ်ဴဗင္တပ္စ္ကစားသမားဘဝတစ္ေလွ်ာက္ စီေရာ္နယ္လ္ဒိုဟာ ဖရီးကစ္အႀကိမ္ေပါင္း (၆၅)ႀကိမ္အထိကန္သြင္းခဲ့ၿပီး အဲဒီထဲကမွ (၁)ႀကိမ္သာဂိုးဝင္ခဲ့တာလည္းျဖစ္ပါတယ္။ ဖရီးကစ္ကေန စီေရာ္နယ္လ္ဒို တစ္လုံးတည္းေသာဂိုးသြင္းႏိုင္ခဲ့တာက ဂ်ဴဗီကစားသမားဘ၀ (၈၁)ပြဲေျမာက္ျဖစ္တဲ့ ၂၀၂၀၊ ဇူလိုင္လတုန္းက တိုရီႏိုနဲ႔ပြဲမွာျဖစ္ၿပီး အဲဒီပြဲမတိုင္ခင္နဲ႔ ေနာက္ပိုင္းပြဲေတြမွာ ဖရီးကစ္ကန္သြင္းခ်က္ (၆၄)ႀကိမ္အထိရွိေပမယ့္ တစ္ဂိုးမွမသြင္းႏိုင္ခဲ့ပါဘူး။ ပိုဆိုးတာက အဲဒီ(၆၄)ႀကိမ္ထဲက (၃)ပုံ(၂)ပုံပမာဏျဖစ္တဲ့ (၄၄)ႀကိမ္ဟာ Wall ေတာင္မေက်ာ္ခဲ့ဘဲ ၿပိဳင္ဘက္ကစားသမားေတြနဲ႔ ထိၿပီးလြဲေခ်ာ္ခဲ့တာပဲျဖစ္ပါတယ္။ ၂၀၁၈ခုႏွစ္မွာ ဂ်ဴဗင္တပ္စ္အသင္းကို စီေရာ္နယ္လ္ဒိုမေရာက္ခင္တုန္းက ဖရီးကစ္ကေန ဂိုးသြင္းယူႏိုင္မႈက (၂)ႏွစ္တာကာလအတြင္း (၇၄)ႀကိမ္မွာ (၁၁)ဂိုးသာရွိခဲ့ၿပီး ဖရီးကစ္စြမ္းေဆာင္ရည္ အားနည္းေနတာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္၊ ရီးယဲလ္အသင္းတို႔မွာ ဖရီးကစ္ဘုရင္ျဖစ္ခဲ့တဲ့ စီေရာ္နယ္လ္ဒိုကို အဲဒီေနရာအတြက္ အားကိုးခဲ့ေပမယ့္ သူက ပိုဆိုး႐ြားေနတာလည္းျဖစ္ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ ကစားသမားဘဝတစ္ေလွ်ာက္ ဖရီးကစ္ကေန (၄၆)ဂိုးအထိသြင္းယူခဲ့ေပမယ့္ ဂ်ဴဗင္တပ္စ္အသင္းမွာေတာ့ သူ႔ရဲ႕ဖရီးကစ္စြမ္းရည္က မထင္မွတ္ေလာက္ေအာင္ က်ဆင္းေနတာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းနည္းျပ ပီယာလိုကေတာ့ စီေရာ္နယ္လ္ဒိုရဲ႕ ဖရီးကစ္စြမ္းရည္နဲ႔ပတ္သက္လို႔ ကာကြယ္ေျပာဆိုခဲ့ၿပီး စီေရာ္နယ္လ္ဒိုဟာ ေလ့က်င့္ခန္းအစီအစဥ္မွာ သူ႔ရဲ႕ ဖရီးကစ္ကန္တဲ့ပုံစံကို ေျပာင္းလဲမႈေတြလုပ္ဖို႔ ႀကိဳးစားေလ့က်င့္ေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။