ဂျူဗင်တပ်အသင်းဆီနည်းပြအဖြစ်နဲ့ ပြန်လာတော့မယ့်ဂန္ထဝင် ပီယာလို

photo- internet
photo- internet

ဂျူဗင်တပ်အသင်းကွင်းလယ်လူဟောင်းဖြစ်တဲ့ အန်ဒရီပီယာလိုဟာ လာမယ့်ရာသီမှာကလပ်ရဲ့ယူ-၂၃ နည်းပြအဖြစ်စတင်တာဝန်ယူတော့မယ်လို့ သိရပါတယ်။ ဂျူဗင်တပ်ယူ-၂၃ အသင်းဟာ စီးရီး (စီ) မှာယှဉ်ပြိုင်နေတဲ့အသင်းဖြစ်ပြီး မကြာသေးခင်က နည်းပြလိုင်စင်ရရှိသွားတဲ့ ပီယာလိုကိုခေါ်ယူခန့်အပ်သွားမှာဖြစ်ပါတယ်။

အေစီမီလန်နဲ့ အီတလီအသင်းတို့ရဲ့ကွင်းလယ်လူဟောင်းဖြစ်တဲ့ ပီယာလိုဟာသူ့ခေတ်အခါမှာတော့ အကောင်းဆုံးကွင်းလယ်ဖန်တီးရှင်တစ်ဦးဖြစ်ပြီး အခုမန်ယူရောက်နေတဲ့ ပေါ့ဂ်ဘာကိုခြေစွမ်းတိုးတက်စေဖို့ ဂျူဗင်တပ်မှာရှိတုန်းက အများကြီးကူညီပေးခဲ့သူလည်းဖြစ်ပါတယ်။

photo- internet

မေဂျာလိဂ်ကလပ်တစ်ခုဖြစ်တဲ့ နယူးယော့ခ်စီးတီးမှာ ကစားပြီးနောက် ၂၀၁၇ တုန်းကအနားယူလိုက်တဲ့ ပီယာလိုဟာ ဂျူဗင်တပ်ပရိသတ်တွေရဲ့ချစ်ခင်နှစ်သက်မှုကိုအခုထိခံနေရတဲ့သူဖြစ်ပြီး သူကစားခဲ့တဲ့ ၂၀၁၁ ကနေစပြီး ဂျူဗင်တပ်ဟာ ၄ နှစ်ဆက်တိုက် စီးရီးအေချန်ပီယံဘွဲ့ကိုရရှိခဲ့တဲ့အပြင် ၂၀၁၅ မှာလည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ခဲ့ပါတယ်။

photo- internet

အသက် ၄၀ ရှိပြီဖြစ်တဲ့ ပီယာလိုဟာ ဂျူဗင်တပ်စီနီယာအသင်းအတွက် အရည်အသွေးမြင့်မားတဲ့ လူငယ်ကစားသမားတွေကိုမွေးထုတ်ပေးနိုင်မယ်လို့လည်း ယုံကြည်ထားကြပါတယ်။ ဂျူဗင်တပ်ယူ- ၂၃ အသင်းဟာ တူရင်မြို့နဲ့ ၁၀၀ ကီလိုမီတာကွာဝေးတဲ့ အလက်ဇန်ဒရီးယားမြို့မှာအခြေစိုက်တာဖြစ်ပါတယ်။

photo- internet

Zawgyi

ဂ်ဴဗင္တပ္အသင္းဆီနည္းျပအျဖစ္နဲ႔ ျပန္လာေတာ႔မယ္႔ဂႏၳ၀င္ ပီယာလို

ဂ်ဴဗင္တပ္အသင္းကြင္းလယ္လူေဟာင္းျဖစ္တဲ႔ အန္ဒရီပီယာလိုဟာ လာမယ္႔ရာသီမွာကလပ္ရဲ႕ယူ-၂၃ နည္းျပအျဖစ္စတင္တာ၀န္ယူေတာ႔မယ္လို႔ သိရပါတယ္။ ဂ်ဴဗင္တပ္ယူ-၂၃ အသင္းဟာ စီးရီး (စီ) မွာယွဥ္ၿပိဳင္ေနတဲ႔အသင္းျဖစ္ၿပီး မၾကာေသးခင္က နည္းျပလိုင္စင္ရရွိသြားတဲ႔ ပီယာလိုကိုေခၚယူခန္႔အပ္သြားမွာျဖစ္ပါတယ္။

ေအစီမီလန္နဲ႔ အီတလီအသင္းတို႔ရဲ႕ကြင္းလယ္လူေဟာင္းျဖစ္တဲ႔ ပီယာလိုဟာသူ႔ေခတ္အခါမွာေတာ႔ အေကာင္းဆုံးကြင္းလယ္ဖန္တီးရွင္တစ္ဦးျဖစ္ၿပီး အခုမန္ယူေရာက္ေနတဲ႔ ေပါ့ဂ္ဘာကိုေျခစြမ္းတိုးတက္ေစဖို႔ ဂ်ဴဗင္တပ္မွာရွိတုန္းက အမ်ားႀကီးကူညီေပးခဲ့သူလည္းျဖစ္ပါတယ္။

ေမဂ်ာလိဂ္ကလပ္တစ္ခုျဖစ္တဲ႔ နယူးေယာ႔ခ္စီးတီးမွာ ကစားၿပီးေနာက္ ၂၀၁၇ တုန္းကအနားယူလိုက္တဲ႔ ပီယာလိုဟာ ဂ်ဴဗင္တပ္ပရိသတ္ေတြရဲ႕ခ်စ္ခင္ႏွစ္သက္မႈကိုအခုထိခံေနရတဲ႔သူျဖစ္ၿပီး သူကစားခဲ့တဲ႔ ၂၀၁၁ ကေနစၿပီး ဂ်ဴဗင္တပ္ဟာ ၄ ႏွစ္ဆက္တိုက္ စီးရီးေအခ်န္ပီယံဘြဲ႕ကိုရရွိခဲ့တဲ႔အျပင္ ၂၀၁၅ မွာလည္း ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္ခဲ့ပါတယ္။

အသက္ ၄၀ ရွိၿပီျဖစ္တဲ႔ ပီယာလိုဟာ ဂ်ဴဗင္တပ္စီနီယာအသင္းအတြက္ အရည္အေသြးျမင့္မားတဲ႔ လူငယ္ကစားသမားေတြကိုေမြးထုတ္ေပးႏိုင္မယ္လို႔လည္း ယုံၾကည္ထားၾကပါတယ္။ ဂ်ဴဗင္တပ္ယူ- ၂၃ အသင္းဟာ တူရင္ၿမိဳ႕နဲ႔ ၁၀၀ ကီလိုမီတာကြာေ၀းတဲ႔ အလက္ဇန္ဒရီးယားၿမိဳ႕မွာအေျခစိုက္တာျဖစ္ပါတယ္။