ဂျူဗင်တပ်အတွက် ၂၈ ကြိမ်ကြိုးပမ်းခဲ့ပေမယ့် ဖရီးကစ်ဂိုးမသွင်းနိုင်သေးတဲ့ စီရော်နယ်ဒို

photo-gettyimages

photo-gettyimages

စီရော်နယ်ဒိုဟာ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးကစားသမားတွေထဲက တစ်ယောက်ဆိုတာ သံသယရှိစရာမလိုပါဘူး။ ကစားသမားဘ၀ ဂိုးပေါင်း ၇၀၀ သွင်းထားတယ်။ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ Ballon d’Or ဆုကို ၅ ကြိမ်တိုင်ရထားတယ်။ အင်္ဂလန်၊စပိန်၊အီတလီတို့မှာ အမှတ်ပေးချန်ပီယံဆုတွေရထားသလို ချန်ပီယံလိဂ်ဖလားလည်း ၅ ကြိမ်ကိုင်မြှောက်ခဲ့ဖူးကာ နိုင်ငံအသင်းနဲ့လည်း အဓိကဆုဖလား ၂ ခုရထားတယ်။ အဲဒီပေါ်တူဂီစူပါစတားဟာ ပင်နယ်တီဧရိယာအတွင်းထဲမှာရော အပြင်ဘက်မှာပါ ပုံစံမျိုးစုံနဲ့ ဂိုးသွင်းနိုင်စွမ်းရှိတယ်။

photo-social media

ဒါပေမဲ့လည်း အသက် ၃၄ နှစ်အရွယ် စီရော်နယ်ဒိုရဲ့စွမ်းဆောင်မှုပိုင်းမှာ တိုးတက်ဖို့လိုအပ်နေသေးတဲ့ အရာတစ်ခုတော့ ရှိနေဆဲပါပဲ။ သူ့ရဲ့ဖရီးကစ်ကန်သွင်းမှုဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ သူ့ကစားသမားဘဝမှာ ဖရီးကစ်ဂိုး ၅၄ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဂျူ၊ဗင်တပ်က သူ့ရဲ့မကြာသေးခင်ဖရီးကစ်မှတ်တမ်းကတော့ လုံးဝကို မထင်မှတ်လောက်အောင်ပါပဲ။ အဲဒီစီးရီးအေချန်ပီယံအသင်းအတွက် ဖရီးကစ်ကနေ ၂၈ ကြိမ်ကြိုးပမ်းခဲ့ပေမယ့် တစ်ကြိမ်မှကို ဂိုးအဖြစ်ပြောင်းလဲပေးနိုင်ခြင်း မရှိသေးတာပါ။

photo-BT Sports

သူဟာ အင်တာမီလန်နဲ့ ရာသီကြို ICC ပြိုင်ပွဲတုန်းက တည်ကန်ဘောကနေ ဂိုးသွင်းနိုင်ခဲ့တာ မှန်ပေမယ့် အဲဒါဟာ ခြေစမ်းပွဲသာဖြစ်လို့ တရားဝင်ပြိုင်ပွဲအဖြစ် ထည့်တွက်လို့ မရပါဘူး။ လိုကိုမိုးတစ်မော်စကိုနဲ့ ဒီကြားရက်ချန်ပီယံလိဂ်ပွဲစဉ်မှာ ၂ ကြိမ်မှုကြိုးပမ်းမှု မအောင်မြင်ခဲ့ပြီးနောက် စုစုပေါင်း ၂၈ ကြိမ်ဖြစ်သွားခဲ့တာပါ။ အဲဒီထဲမှာ နောက်ဆုံး ၉ ကြိမ်အပါအဝင် ၁၉  ကြိမ်က လူတံတိုင်းကိုထိမှန်ခဲ့ပါတယ်။ လက်ရှိမှာ စီရော်နယ်ဒိုဟာ ဂျူဗင်တပ်ရဲ့ပထမဦးစားပေးဖရီးကစ်ကန်သွင်းသူဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေကြောင့် ကစားဖော်ပီဂျာနစ်ကို ပေးကန်တာ ပိုကောင်းမယ့်အနေအထားဖြစ်နေပါတယ်။ ပီဂျာနစ်ဟာ စုစုပေါင်း ၁၅ ကြိမ်နဲ့ စီးရီးအေသမိုင်းမှာ ၇ ယောက်မြောက်ဖရီးကစ်သွင်းဂိုးအများဆုံးသူဖြစ်နေတာပါ။

[Zawgyi]

ဂ်ဴဗင္တပ္အတြက္ ၂၈ ႀကိမ္ႀကိဳးပမ္းခဲ့ေပမယ့္ ဖရီးကစ္ဂိုးမသြင္းႏိုင္ေသးတဲ့ စီေရာ္နယ္ဒို

စီေရာ္နယ္ဒိုဟာ သမိုင္းတစ္ေလွ်ာက္ အႀကီးက်ယ္ဆုံးကစားသမားေတြထဲက တစ္ေယာက္ဆိုတာ သံသယရွိစရာမလိုပါဘူး။ ကစားသမားဘ၀ ဂိုးေပါင္း ၇၀၀ သြင္းထားတယ္။ ကမာၻ႔အေကာင္းဆုံးကစားသမားဆုျဖစ္တဲ့ Ballon d’Or ဆုကုိ ၅ ႀကိမ္တုိင္ရထားတယ္။ အဂၤလန္၊စပိန္၊အီတလီတို႔မွာ အမွတ္ေပးခ်န္ပီယံဆုေတြရထားသလို ခ်န္ပီယံလိဂ္ဖလားလည္း ၅ ႀကိမ္ကိုင္ေျမွာက္ခဲ့ဖူးကာ ႏိုင္ငံအသင္းနဲ႔လည္း အဓိကဆုဖလား ၂ ခုရထားတယ္။ အဲဒီေပၚတူဂီစူပါစတားဟာ ပင္နယ္တီဧရိယာအတြင္းထဲမွာေရာ အျပင္ဘက္မွာပါ ပုံစံမ်ိဳးစုံနဲ႔ ဂိုးသြငး္ႏိုင္စြမ္းရွိတယ္။

ဒါေပမဲ့လည္း အသက္ ၃၄ ႏွစ္အရြယ္ စီေရာ္နယ္ဒိုရဲ႕စြမ္းေဆာင္မႈပိုင္းမွာ တုိးတက္ဖုိ႔လိုအပ္ေနေသးတဲ့ အရာတစ္ခုေတာ့ ရွိေနဆဲပါပဲ။ သူ႔ရဲ႕ဖရီးကစ္ကန္သြင္းမႈျဖစ္ပါတယ္။ စီေရာ္နယ္ဒိုဟာ သူ႔ကစားသမားဘ၀မွာ ဖရီးကစ္ဂိုး ၅၄ ဂိုးသြင္းႏို္င္ခဲ့ေပမယ့္ ဂ်ဴ၊ဗင္တပ္က သူ႔ရဲ႕မၾကာေသးခင္ဖရီးကစ္မွတ္တမး္ကေတာ့ လုံး၀ကုိ မထင္မွတ္ေလာက္ေအာင္ပါပဲ။ အဲဒီစီးရီးေအခ်န္ပီယံအသင္းအတြက္ ဖရီးကစ္ကေန ၂၈ ႀကိမ္ႀကိဳးပမး္ခဲ့ေပမယ့္ တစ္ႀကိမ္မွကို ဂိုးအျဖစ္ေျပာင္းလဲေပးႏိုင္ျခင္း မရွိေသးတာပါ။

သူဟာ အင္တာမီလန္နဲ႔ ရာသီႀကိဳ ICC ၿပိဳင္ပြဲတုန္းက တည္ကန္ေဘာကေန ဂိုးသြင္းႏိုင္ခဲ့တာ မွန္ေပမယ့္ အဲဒါဟာ ေျခစမ္းပြဲသာျဖစ္လုိ႔ တရား၀င္ၿပိဳင္ပြဲအျဖစ္ ထည့္တြက္လုိ႔ မရပါဘူး။ လိုကိုမိုးတစ္ေမာ္စကိုနဲ႔ ဒီၾကားရက္ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ၂ ႀကိမ္မႈႀကိဳးပမး္မႈ မေအာင္ျမင္ခဲ့ၿပီးေနာက္ စုစုေပါင္း ၂၈ ႀကိမ္ျဖစ္သြားခဲ့တာပါ။ အဲဒီထဲမွာ ေနာက္ဆုံး ၉ ႀကိမ္အပါအ၀င္ ၁၉  ႀကိမ္က လူတံတိုင္းကိုထိမွန္ခဲ့ပါတယ္။ လက္ရွိမွာ စီေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္ရဲ႕ပထမဦးစားေပးဖရီးကစ္ကန္သြင္းသူျဖစ္ပါတယ္။ ဒါေပမဲ့ လက္ရွိအေျခအေနေၾကာင့္ ကစားေဖာ္ပီဂ်ာနစ္ကို ေပးကန္တာ ပိုေကာင္းမယ့္အေနအထားျဖစ္ေနပါတယ္။ ပီဂ်ာနစ္ဟာ စုစုေပါင္း ၁၅ ႀကိမ္နဲ႔ စီးရီးေအသမုိင္းမွာ ၇ ေယာက္ေျမာက္ဖရီးကစ္သြင္းဂိုးအမ်ားဆုံးသူျဖစ္ေနတာပါ။