ဂျူဗင်တပ်အတွက် သူူ့ရဲ့ပထမဆုံးဖရီးကစ်ဂိုးကို ရမ်ဆေးခိုးယူတာခံလိုက်ရတဲ့ စီရော်နယ်ဒို

photo-the sun

photo-gettyimages

စီရော်နယ်ဒိုဟာ သူ့ရဲ့ကလပ်ကစားသမားဘဝမှာ ဖရီးကစ်သွင်းဂိုး ၄၆ ဂိုးရှိခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်မှာ ဂျူဗင်တပ်ကိုပြောင်းသွားပြီးကတည်းက သူ့ကစားသမားဘဝဖရီးကစ်သွင်းဂိုးအရေအတွက်ကို ထပ်မံတိုးမြှင့်နိုင်ခြင်း မရှိတော့ပါဘူး။ လိုကိုမိုးတစ်နဲ့ချန်ပီယံလိဂ်ပွဲမတိုင် အဲဒီစီးရီးအေချန်ပီယံအသင်းမှာ ဖရီးကစ်ကနေ ၂၉ ကြိမ်တိုင်ကြိုးပမ်းခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းကို မရှိခဲ့တာပါ။

photo-gettyimages

ဒါပေမဲ့ မနေ့ညက လိုကိုမိုးတစ်နဲ့ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်မှာ စီရော်နယ်ဒိုရဲ့ပွဲအစ ၃ မိနစ် ဖရီးကစ်ကန်သွင်းမှုဟာ ဂိုးသမားရဲ့ရင်ဘတ်ကနေ လျှံထွက်ပြီး သူ့ရဲ့ပေါင်ကြားထဲကတစ်ဆင့် ဂိုးထဲဝင်တော့မယ့်ဆဲဆဲ ဂိုးစည်းပေါ်မှာပဲ ရမ်ဆေးက ထပ်ဆင့်ပိတ်လိုက်လို့ ဂျူဗင်တပ်ဦးဆောင်ဂိုးစရခဲ့ပါတယ်။ ရမ်ဆေးမပိတ်လည်း ဘောလုံးက ဂိုးစည်းကိုကျော်တော့မှာပါ။ ဂိုးဝင်သွားတော့ ရမ်ဆေးက ချက်ချင်းပဲ စီရော်နယ်ဒိုဆီလာရောက်အောင်ပွဲခံခဲ့ပါတယ်။ အဲဒီလိုမလုပ်ခင်မှာ ကိုးရို့ကားယားနဲ့ လက်ကို လေထဲမှာထားပြီး စီရော်နယ်ဒိုကို လက်ညှိုးညွန်ကာ အဲဒီပေါ်တူဂီသားရဲ့ဂိုးလို့ ရည်ညွန်းခဲ့ပါတယ်။

photo-sportbible

သူ့ရဲ့အောင်ပွဲခံပုံအရ စီရော်နယ်ဒိုကလည်း သူ့ဂိုးလို့ ထင်မှတ်ခဲ့ပုံံပါပဲ။ ခဏကြာတော့မှ သူ့ဂိုးမဟုတ်မှန်းသိသွားလို့ စီရော်နယ်ဒိုတစ်ယောက် စိတ်ပျက်သွားတဲ့ပုံကို တွေ့လိုက်ရပါတယ်။ ရမ်ဆေးကြောင့် ဂျူဗင်တပ်မှာ သူဖရီးကစ်ဂိုးမသွင်းဖူးသေးဘူးဆိုတဲ့မှတ်တမ်းဆိုးကြီးက ဆက်လက်တည်တံ့သွားခဲ့တာပါ။ စီရော်နယ်ဒိုတစ်ယောက် ဘယ်လောက်တောင် ခံပြင်းနေလိုက်မလဲ။

[Zawgyi]

ဂ်ဴဗင္တပ္အတြက္ သူူ႔ရဲ႕ပထမဆုံးဖရီးကစ္ဂိုးကို ရမ္ေဆးခိုးယူတာခံလိုက္ရတဲ့ စီေရာ္နယ္ဒို

စီေရာ္နယ္ဒုိဟာ သူ႔ရဲ႕ကလပ္ကစားသမားဘ၀မွာ ဖရီးကစ္သြင္းဂိုး ၄၆ ဂိုးရွိခဲ့တာပါ။ ဒါေပမဲ့ ၿပီးခဲ့တဲ့ႏွစ္မွာ ဂ်ဴဗင္တပ္ကိုေျပာငး္သြားၿပီးကတည္းက သူ႔ကစားသမားဘ၀ဖရီးကစ္သြင္းဂိုးအေရအတြက္ကို ထပ္မံတိုးျမွင့္ႏိုင္ျခင္း မရွိေတာ့ပါဘူး။ လိုကိုမိုးတစ္နဲ႔ခ်န္ပီယံလိဂ္ပြဲမတိုင္ အဲဒီစီးရီးေအခ်န္ပီယံအသင္းမွာ ဖရီးကစ္ကေန ၂၉ ႀကိမ္တိုင္ႀကိဳးပမ္းခဲ့ေပမယ့္ ဂိုးအျဖစ္ ေျပာင္းလဲႏုိင္ျခငး္ကို မရွိခဲ့တာပါ။

ဒါေပမဲ့ မေန႔ညက လိုကိုမိုးတစ္နဲ႔ခ်န္ပီယံလိဂ္အေ၀းကြငး္ပြဲစဥ္မွာ စီေရာ္နယ္ဒိုရဲ႕ပြဲအစ ၃ မိနစ္ ဖရီးကစ္ကန္သြင္းမႈဟာ ဂိုးသမားရဲ႕ရင္ဘတ္ကေန လွ်ံထြက္ၿပီး သူ႔ရဲ႕ေပါင္ၾကားထဲကတစ္ဆင့္ ဂိုးထဲ၀င္ေတာ့မယ့္ဆဲဆဲ ဂိုးစည္းေပၚမွာပဲ ရမ္ေဆးက ထပ္ဆင့္ပိတ္လုိက္လုိ႔ ဂ်ဴဗင္တပ္ဦးေဆာင္ဂိုးစရခဲ့ပါတယ္။ ရမ္ေဆးမပိတ္လည္း ေဘာလုံးက ဂိုးစည္းကိုေက်ာ္ေတာ့မွာပါ။ ဂိုး၀င္သြားေတာ့ ရမ္ေဆးက ခ်က္ခ်င္းပဲ စီေရာ္နယ္ဒိုဆီလာေရာက္ေအာင္ပြဲခံခဲ့ပါတယ္။ အဲဒီလုိမလုပ္ခင္မွာ ကိုးရို႕ကားယားနဲ႔ လက္ကို ေလထဲမွာထားၿပီး စီေရာ္နယ္ဒိုကို လက္ညိႈးညြန္ကာ အဲဒီေပၚတူဂီသားရဲ႕ဂိုးလုိ႔ ရည္ညြန္းခဲ့ပါတယ္။

သူ႔ရဲ႕ေအာင္ပြဲခံပုံအရ စီေရာ္နယ္ဒိုကလည္း သူ႕ဂိုးလုိ႔ ထင္မွတ္ခဲ့ပုံံပါပဲ။ ခဏၾကာေတာ့မွ သူ႔ဂိုးမဟုတ္မွန္းသိသြားလို႔ စီေရာ္နယ္ဒိုတစ္ေယာက္ စိတ္ပ်က္သြားတဲ့ပုံကို ေတြ႕လိုက္ရပါတယ္။ ရမ္ေဆးေၾကာင့္ ဂ်ဴဗင္တပ္မွာ သူဖရီးကစ္ဂိုးမသြင္းဖူးေသးဘူးဆိုတဲ့မွတ္တမ္းဆိုးႀကီးက ဆက္လက္တည္တံ့သြားခဲ့တာပါ။ စီေရာ္နယ္ဒိုတစ္ေယာက္ ဘယ္ေလာက္ေတာင္ ခံျပင္းေနလိုက္မလဲ။