ဂျူဗင်တပ်ရဲ့နိုင်ပွဲအပြီးမှာ ဂုတ်က လာဆွဲတဲ့ကွင်းထဲကျူးကျော်လာသူကြောင့် ဒေါသထွက်ခဲ့ရတဲ့ စီရော်နယ်ဒို

photo-metro

photo-REX

လေဗာကူဆင်ကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ ဂျူဗင်တပ်ရဲ့ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်အပြီးမှာ တိုက်စစ်မှုးစီရော်နယ်ဒိုဟာ ကွင်းထဲကျူးကျော်ဝင်ရောက်လာသူတစ်ယောက်ရဲ့သူ့အပေါ်အပြုအမူကြောင့် ဒေါသထွက်ခဲ့ရပါတယ်။ အဲဒီပွဲမှာ စီရော်နယ်ဒိုဟာ ဂျူဗင်တပ်အတွက် ဦးဆောင်ဂိုးလည်း သွင်းပေးနိုင်ခဲ့ပါတယ်။ အမှတ်မလိုတော့ပေမယ့် သူ့အတွက် ကျေနပ်စရာပွဲတစ်ပွဲဖြစ်ခဲ့တာပါ။

photo-reuters

ပွဲပြီးတော့ အသင်းဖော်တွေနဲ့ နှုတ်ဆက်နေချိန်မှာ ကွင်းထဲကျူကျော်ဝင်လာသူတစ်ယောက်က ရုတ်တရတ်ရောက်လာပြီး သူ့လည်ဂုတ်က လှမ်းဆွဲကာ လက်ထဲက ဖုန်းနဲ့ ဆယ်လ်ဖီရိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ ချက်ချင်းပဲ စီရော်နယ်ဒိုဟာ ရှောင်ထွက်လိုက်ပြီး သူ့လည်ပင်းသူပြန်ကိုင်ကာ အဲဒီပရိသတ်ကိုပြန်ကြည့်ရင်းနဲ့ ဒေါသထွက်ခဲ့ပါတယ်။ ရုတ်တရတ်ဆိုတော့ သူ့ရဲ့လုံခြုံရေးအတွက် စီရော်နယ်ဒိုတစ်ယောက် စိုးရိမ်သွားပုံပါပဲ။

https://twitter.com/i/status/1204902868215455744

ပွဲချိန်အတွင်းမှာလည်း စီရော်နယ်ဒိုဟာ ကွင်းထဲကျူးကျော်ဝင်ရောက်လာသူတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဂျူဗင်တပ်အတွက် ဦးဆောင်ဂိုးသွင်းပြီးချိန်မှာ ပရိသတ်တစ်ယောက်က လာဖက်ခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာလည်း နောက်ထပ်ပရိသတ်တစ်ယောက်က သူ့အနားကပ်ဖို့ ကြိုးပမ်းခဲ့သေးတာပါ။ ကမ္ဘာကျော်ကစားသမားတစ်ယောက်ဖြစ်တာမို့ စီရော်နယ်ဒိုအတွက် အဲဒါတွေဟာ အမြဲလိုကြုံတွေ့နေရတဲ့ အမှုတစ်ခုလို ဖြစ်နေပါတယ်။

[Zawgyi]

ဂ်ဴဗင္တပ္ရဲ႕ႏုိင္ပြဲအၿပီးမွာ ဂုတ္က လာဆြဲတဲ့ကြင္းထဲက်ဴးေက်ာ္လာသူေၾကာင့္ ေဒါသထြက္ခ့ဲရတဲ့ စီေရာ္နယ္ဒို

ေလဗာကူဆင္ကို ၂-၀ နဲ႔အႏိုင္ရခဲ့တဲ့ ဂ်ဴဗင္တပ္ရဲ႕ခ်န္ပီယံလိဂ္အုပ္စုေနာက္ဆုံးပြဲစဥ္အၿပီးမွာ တိုက္စစ္မႈးစီေရာ္နယ္ဒုိဟာ ကြင္းထဲက်ဴးေက်ာ္၀င္ေရာက္လာသူတစ္ေယာက္ရဲ႕သူ႔အေပၚအျပဳအမူေၾကာင့္ ေဒါသထြက္ခဲ့ရပါတယ္။ အဲဒီပြဲမွာ စီေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္အတြက္ ဦးေဆာင္ဂိုးလည္း သြင္းေပးႏိုင္ခဲ့ပါတယ္။ အမွတ္မလိုေတာ့ေပမယ့္ သူ႔အတြက္ ေက်နပ္စရာပြဲတစ္ပြဲျဖစ္ခဲ့တာပါ။

ပြဲၿပီးေတာ့ အသငး္ေဖာ္ေတြနဲ႔ ႏႈတ္ဆက္ေနခ်ိန္မွာ ကြင္းထဲက်ဴေက်ာ္၀င္လာသူတစ္ေယာက္က ရုတ္တရတ္ေရာက္လာၿပီး သူ႔လည္ဂုတ္က လွမ္းဆြဲကာ လက္ထဲက ဖုနး္နဲ႔ ဆယ္လ္ဖီရိုက္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ ခ်က္ခ်င္းပဲ စီေရာ္နယ္ဒိုဟာ ေရွာင္ထြက္လုိက္ၿပီး သူ႔လည္ပင္းသူျပန္ကိုင္ကာ အဲဒီပရိသတ္ကိုျပန္ၾကည့္ရင္းနဲ႔ ေဒါသထြက္ခဲ့ပါတယ္။ ရုတ္တရတ္ဆိုေတာ့ သူ႔ရဲ႕လုံၿခဳံေရးအတြက္ စီေရာ္နယ္ဒိုတစ္ေယာက္ စုိးရိမ္သြားပုံပါပဲ။

ပြဲခ်ိန္အတြင္းမွာလည္း စီေရာ္နယ္ဒိုဟာ ကြင္းထဲက်ဴးေက်ာ္၀င္ေရာက္လာသူေတြနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။ ဂ်ဴဗင္တပ္အတြက္ ဦးေဆာင္ဂိုးသြငး္ၿပီးခ်ိန္မွာ ပရိသတ္တစ္ေယာက္က လာဖက္ခဲ့ပါတယ္။ ပြဲခ်ိန္ေႏွာင္းပိုင္းမွာလည္း ေနာက္ထပ္ပရိသတ္တစ္ေယာက္က သူ႔အနားကပ္ဖုိ႔ ႀကဳိးပမ္းခဲ့ေသးတာပါ။ ကမာၻေက်ာ္ကစားသမားတစ္ေယာက္ျဖစ္တာမို႔ စီေရာ္နယ္ဒုိအတြက္ အဲဒါေတြဟာ အၿမဲလိုႀကဳံေတြ႕ေနရတဲ့ အမႈတစ္ခုလို ျဖစ္ေနပါတယ္။