
photo-social media
photo-gettyimages
ထိပ်တန်းဘောလုံးသမားတစ်ယောက်ဖြစ်လာဖို့ ခရစ္စတီယာနိုဂျူနီယာလေးအပေါ် ဖိအားတွေက အမြဲတမ်းပိုမိုပြင်းထန်နေမှာပါ။ အဖေက သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဆိုတော့ သားဖြစ်သူအပေါ်မှာလည်း တစ်ကမ္ဘာလုံးက ပရိသတ်တွေဟာ အရမ်းငယ်သေးတဲ့အချိန်ကစားသမားဘဝကတည်းက မျက်စိဒေါက်ထောက်ကြည့်နေကြတော့မှာပါ။ ဒါကြောင့်မို့လည်း အဲဒီပေါ်တူဂီဂန္ထဝင်နဲ့ သူ့သားဖြစ်သူတို့ တူရင်မြို့ကိုရောက်လာကတည်းက ဂျူဗင်တပ်အသင်းရဲ့လူငယ်ပွဲစဉ်တွေဟာ ပိုပြီးအာရုံစိုက်ခံလာရပါတယ်။
photo-juventus
ဂျူဗင်တပ်အသင်းကြီးမှာ ဖခင်ဖြစ်သူက သွင်းဂိုးတွေနဲ့ အသင်းရဲ့အရေးပါဆုံးကစားသမားဖြစ်နေချိန် ဂျူနီယာလေးကလည်း ဂျူဗင်တပ်လူငယ်အသင်းတစ်သင်းဖြစ်တဲ့ ယူ-၉ အသင်းမှာ ဂိုးသွင်းကြမ်းပြနေပါတယ်။ သူဟာ ဂျူဗင်တပ်ယူ-၉ အသင်းအတွက် ၂၈ ပွဲမှာ ၅၈ ဂိုးတောင် သွင်းပေးထားပါတယ်။ ဒါ့အပြင် ဂိုးဖန်တီးမှုကိုကြည့်မယ်ဆိုရင်လည်း ၁၈ ကြိမ်တောင် ရှိနေတာပါ။
photo-gettyimages
ခရစ္စတီယာနိုဂျူနီယာလေးဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကလည်း သူ့ရဲ့ဂျူဗင်တပ်ပွဲဦးထွက်မှာ ၄ ဂိုးသွင်းနိုင်ခဲ့ပါသေးတယ်။ စီရော်နယ်ဒိုက ဂျူနီယာလေးကို သူ့ခြေရာနင်းစေချင်သလို သားဖြစ်သူကလည်း သူ့အဖေထက် ပိုကောင်းစေရမယ်လို့ ကြုံးဝါးထားတာပါ။ ”ကျွန်တော့်သားက သူ့အဖေလိုဖြစ်နိုင်စေဖို့ မျှော်လင့်ပါတယ်။ သူက ကျွန်တော့်ထက် ပိုကောင်းလိမ့်မယ်လို့ ကျွန်တော့်ကို ပြောသေးတယ်။ ဒါပေမဲ့ အဲဒါဟာ ခက်ခဲမယ်လို့ ထင်ပါတယ်။ ဂိုးသွင်းရင် သူအရမ်းပျော်သလို ကျွန်တော်လည်း အဲဒီလိုပါပဲ”လို့ စီရော်နယ်ဒိုက ပြီးခဲ့တဲ့နှစ်က အင်တာဗျူးတစ်ခုမှာ သားဖြစ်သူအကြောင်းပြောခဲ့တာပါ။
[Zawgyi]
ဂ်ဴဗင္တပ္ယူ-၉ အသင္းမွာ ဂိုးသြင္းၾကမး္ျပေနတဲ့ အေဖတူသား ခရစၥတီယာႏိုဂ်ဴနီယာ
ထိပ္တန္းေဘာလုံးသမားတစ္ေယာက္ျဖစ္လာဖုိ႔ ခရစၥတီယာႏုိဂ်ဴနီယာေလးအေပၚ ဖိအားေတြက အၿမဲတမ္းပိုမိုျပင္းထန္ေနမွာပါ။ အေဖက သမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးကစားသမားေတြထဲက တစ္ေယာက္ဆိုေတာ့ သားျဖစ္သူအေပၚမွာလည္း တစ္ကမာၻလုံးက ပရိသတ္ေတြဟာ အရမ္းငယ္ေသးတဲ့အခ်ိန္ကစားသမားဘ၀ကတည္းက မ်က္စိေဒါက္ေထာက္ၾကည့္ေနၾကေတာ့မွာပါ။ ဒါေၾကာင့္မို႔လည္း အဲဒီေပၚတူဂီဂႏၳ၀င္နဲ႔ သူ႔သားျဖစ္သူတုိ႔ တူရင္ၿမိဳ႕ကိုေရာက္လာကတည္းက ဂ်ဴဗင္တပ္အသင္းရဲ႕လူငယ္ပြဲစဥ္ေတြဟာ ပိုၿပီးအာရုံစိုက္ခံလာရပါတယ္။
ဂ်ဴဗင္တပ္အသင္းႀကီးမွာ ဖခင္ျဖစ္သူက သြင္းဂိုးေတြနဲ႔ အသငး္ရဲ႕အေရးပါဆုံးကစားသမားျဖစ္ေနခ်ိန္ ဂ်ဴနီယာေလးကလည္း ဂ်ဴဗင္တပ္လူငယ္အသင္းတစ္သင္းျဖစ္တဲ့ ယူ-၉ အသင္းမွာ ဂိုးသြင္းၾကမ္းျပေနပါတယ္။ သူဟာ ဂ်ဴဗင္တပ္ယူ-၉ အသင္းအတြက္ ၂၈ ပြဲမွာ ၅၈ ဂိုးေတာင္ သြင္းေပးထားပါတယ္။ ဒါ့အျပင္ ဂိုးဖန္တီးမႈကိုၾကည့္မယ္ဆုိရင္လည္း ၁၈ ႀကိမ္ေတာင္ ရွိေနတာပါ။
ခရစၥတီယာႏိုဂ်ဴနီယာေလးဟာ ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလကလည္း သူ႔ရဲ႕ဂ်ဴဗင္တပ္ပြဲဦးထြက္မွာ ၄ ဂိုးသြင္းႏိုင္ခဲ့ပါေသးတယ္။ စီေရာ္နယ္ဒုိက ဂ်ဴနီယာေလးကို သူ႔ေျခရာနင္းေစခ်င္သလို သားျဖစ္သူကလည္း သူ႔အေဖထက္ ပိုေကာင္းေစရမယ္လို႔ ႀကဳံး၀ါးထားတာပါ။ ”ကၽြန္ေတာ့္သားက သူ႔အေဖလုိျဖစ္ႏုိင္ေစဖို႔ ေမွ်ာ္လင့္ပါတယ္။ သူက ကၽြန္ေတာ့္ထက္ ပိုေကာင္းလိမ့္မယ္လို႔ ကၽြန္ေတာ့္ကို ေျပာေသးတယ္။ ဒါေပမဲ့ အဲဒါဟာ ခက္ခဲမယ္လို႔ ထင္ပါတယ္။ ဂိုးသြင္းရင္ သူအရမ္းေပ်ာ္သလုိ ကၽြန္ေတာ္လည္း အဲဒီလုိပါပဲ”လို႔ စီေရာ္နယ္ဒိုက ၿပီးခဲ့တဲ့ႏွစ္က အင္တာဗ်ဴးတစ္ခုမွာ သားျဖစ္သူအေၾကာင္းေျပာခဲ့တာပါ။