ဂျူဗင်တပ်မှာ တာထွက်မကောင်းခဲ့တဲ့ ဒီလစ်ကို အငှားနဲ့ပြန်ခေါ်ဖို့ကြိုးစားမယ့် အေဂျက်

photo-daily mail

photo-gettyimages

ဂျူဗင်တပ်အသင်းမှာ ရုန်းကန်နေရတဲ့ သူတို့ရဲ့ကစားသမားဟောင်းဒီလစ်ကို အငှားနဲ့ပြန်ခေါ်ဖို့ အေဂျက်အသင်းက စဉ်းစားနေတယ်လို့ ပေါ်တူဂီသတင်းစာတစ်စောင်က ဖော်ပြလိုက်ပါတယ်။ နယ်သာလန်ဗဟိုနောက်ခံလူဒီလစ်ဟာ ပြီးခဲ့တဲ့ရာသီ အေဂျက်မှာ ပြသခဲ့တဲ့ခြေစွမ်းကြောင့် ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက ပျိုတိုင်းကြိုက် နှင်းဆီခိုင်ဖြစ်ခဲ့ပြီး ဥရောပအသင်းကြီးအားလုံးက ခေါ်ယူလိုတဲ့ကစားသမားဖြစ်ခဲ့တာပါ။ နောက်ဆုံးမှာတော့ သူက ဂျူဗင်တပ်ကို ရွေးချယ်ခဲ့ပြီး အဲဒီစီးရီးအေထိပ်သီးက သူ့အတွက် အေဂျက်ကို ပေါင် ၇၅ သန်းတောင် ပေးခဲ့ရပါတယ်။

photo-gettyimages

ဒါပေမဲ့ ဒီလစ်ဟာ အီတလီမှာ မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ပါဘူး။ ချီရယ်လီနီဒဏ်ရာရပြီး ကာလရှည်နားရမှသာ ဂျူဗင်တပ်မှာ ပွဲထွက်စာရင်းဝင်ဖြစ်လာခဲ့တာပါ။ ဒါပေမဲ့လည်း မကြာသေးခင်ပွဲတွေမှာ ဒီလစ်ဟာ အရန်ခုံထိုင်ခဲ့ရပြီး သူ့ရဲ့အနာဂါတ်နဲ့ပတ်သက်လို့လည်း မရေရာသတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့အခြေအနေကို အေဂျက်က စောင့်ကြည့်နေပြီး အငှားပြန်လာမယ်ဆိုရင် ခေါ်ယူဖို့ အဆင်သင့်ရှိနေတာပါ။

photo-PA Images

ဂျူဗင်တပ်အသင်းရဲ့နောက်ပိုင်းပွဲတွေကိုကြည့်ရင် ပွဲထွက်ဗဟိုခံစစ်မှာ ၂၁ နှစ်အရွယ် တူရကီသားလေးဒီမီရယ်က ပုံမှန်နေရာရလာတာကြောင့် တူရင်က ဒီလစ်ရဲ့ရေရှည်အနာဂါတ်အပေါ် မေးခွန်းထုတ်မှုတွေရှိလာခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီအစောပိုင်း စီးရီးအေမှာ လာဇီယိုကို ၃-၁ နဲ့ရှုံးပြီးနောက်ပိုင်းကတည်းက ဒီလစ်ဟာ ဒီကြားထဲမှာ တစ်ပွဲလောက်ပဲ လူစားဝင်ပါနိုင်ခဲ့ပါတယ်။

[Zawgyi]

ဂ်ဴဗင္တပ္မွာ တာထြက္မေကာင္းခဲ့တဲ့ ဒီလစ္ကို အငွားနဲ႔ျပန္ေခၚဖုိ႔ႀကိဳးစားမယ့္ ေအဂ်က္

ဂ်ဴဗင္တပ္အသင္းမွာ ရုန္းကန္ေနရတဲ့ သူတို႔ရဲ႕ကစားသမားေဟာင္းဒီလစ္ကို အငွားနဲ႔ျပန္ေခၚဖို႔ ေအဂ်က္အသင္းက စဥ္းစားေနတယ္လုိ႔ ေပၚတူဂီသတင္းစာတစ္ေစာင္က ေဖာ္ျပလိုက္ပါတယ္။ နယ္သာလန္ဗဟိုေနာက္ခံလူဒီလစ္ဟာ ၿပီးခဲ့တ့ဲရာသီ ေအဂ်က္မွာ ျပသခဲ့တဲ့ေျခစြမး္ေၾကာင့္ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ပ်ိဳတိုင္းႀကိဳက္္ ႏွင္းဆီခိုင္ျဖစ္ခဲ့ၿပီး ဥေရာပအသင္းႀကီးအားလုံးက ေခၚယူလိုတဲ့ကစားသမားျဖစ္ခဲ့တာပါ။ ေနာက္ဆုံးမွာေတာ့ သူက ဂ်ဴဗင္တပ္ကို ေရြးခ်ယ္ခဲ့ၿပီး အဲဒီစီးရီးေအထိပ္သီးက သူ႔အတြက္ ေအဂ်က္ကို ေပါင္ ၇၅ သန္းေတာင္ ေပးခဲ့ရပါတယ္။

ဒါေပမဲ့ ဒီလစ္ဟာ အီတလီမွာ မွန္းခ်က္နဲ႔ႏွမ္းထြက္မကိုက္ခဲ့ပါဘူး။ ခ်ီရယ္လီနီဒဏ္ရာရၿပီး ကာလရွည္နားရမွသာ ဂ်ဴဗင္တပ္မွာ ပြဲထြက္စာရင္း၀င္ျဖစ္လာခဲ့တာပါ။ ဒါေပမဲ့လည္း မၾကာေသးခင္ပြဲေတြမွာ ဒီလစ္ဟာ အရန္ခုံထိုင္ခ့ဲရၿပီး သူ႔ရဲ႕အနာဂါတ္နဲ႔ပတ္သက္လုိ႔လည္း မေရရာသတင္းေတြထြက္ေပၚလာခဲ့ပါတယ္။ ဒါေၾကာင့္လည္း သူ႔အေျခအေနကို ေအဂ်က္က ေစာင့္ၾကည့္ေနၿပီး အငွားျပန္လာမယ္ဆုိရင္ ေခၚယူဖုိ႔ အဆင္သင့္ရွိေနတာပါ။

ဂ်ဴဗင္တပ္အသင္းရဲ႕ေနာက္ပိုင္းပြဲေတြကိုၾကည့္ရင္ ပြဲထြက္ဗဟိုခံစစ္မွာ ၂၁ ႏွစ္အရြယ္ တူရကီသားေလးဒီမီရယ္က ပုံမွန္ေနရာရလာတာေၾကာင့္ တူရင္က ဒီလစ္ရဲ႕ေရရွည္အနာဂါတ္အေပၚ ေမးခြန္းထုတ္မႈေတြရွိလာခဲ့ၾကပါတယ္။ ၿပီးခဲ့တဲ့ဇန္န၀ါရီအေစာပိုင္း စီးရီးေအမွာ လာဇီယိုိကုိ ၃-၁ နဲ႔ရႈံးၿပီးေနာက္ပိုင္းကတည္းက ဒီလစ္ဟာ ဒီၾကားထဲမွာ တစ္ပြဲေလာက္ပဲ လူစား၀င္ပါႏိုင္ခဲ့ပါတယ္။