ဂျူဗင်တပ်မှာ စံချိန်တွေချိုးဖျက်နေတဲ့ စီရော်နယ်ဒိုကို ၂၀၂၂စာချုပ်သက်တမ်းကုန်တဲ့အထိ ဂျူဗင်တပ်မှာပဲ ရှိနေမယ်လို့ ပြောကြားခဲ့တဲ့ ဖာဘီယိုပါရာတီစီ(ဂျူဗီအားကစားဒါရိုက်တာ)

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကယ်လဂီယာရီကို သွင်းဂိုး၂ဂိုးသွင်းယူခဲ့လိုက်ပြီးနောက် ရော်နယ်ဒိုဟာ ၂၅နှစ်အတွင်း (၁၉၉၄-၉၅)ရာသီက အယ်လန်းရဲ့နောက်မှာ ဂျူဗင်တပ်ကစားသမားတစ်ဦးအနေနဲ့ စီးရီးအေဘောလုံးရာသီအစ ၅ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့ တဲ့ ပထမဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်သွားခဲ့သလို ဒီရာသီမှာ ၅ပွဲကစား ၈ဂိုးသွင်းယူထားခဲ့ပြီး စီးရီးအေမှာ ဂိုးမြူးနေပါတယ်။

ရော်နယ်ဒိုဟာ စီးရီးအေ(၂၀၁၈-၁၉)ရာသီမှာစီးရီးအေ ကိုရောက်ရှိလာခဲ့ချိန်ကနေစပြီး ၂ရာသီကျော်အတွင်း ၆၉ပွဲကစားပြီး သွင်းဂိုး၆၀ ဂိုးဖန်တီးမှု၁၄ ကြိမ် အထိရှိထားပြီး သူအီတလီကိုစတင်ရောက်ရှိခဲ့ချိန် ၂၀၁၈ခုနှစ်ထဲကနေ အခုအချိန်ထိ သူ့စံချိန်ကိုလိုက်မီတဲ့ကစားသမားမရှိသေးပါဘူး။

တချိန်က စီးရီးအေရဲ့ ကြယ်ပွင့်ဖြစ်တဲ့ အင်တာမီလန်နဲ့ ဘရာဇီး ကစားသမားဟောင်း နာဇာရီယို ရော်နယ်ဒို ရဲ့ (၇)ရာသီအတွင်း ၈၉ပွဲကစားပြီး ၅၈ဂိုးစံချိန်ကို ၂ရာသီကျော် အတွင်း ၆၉ပွဲကစားပြီး သွင်းဂိုး၂ဂိုးအသာနဲ့ကျော်တက်သွားခဲ့ပါပြီ။

စံချိန်တွေကိုချိုးဖျက်ထားနိုင်နေပြီး ဒီရာသီမှာ အေစီမီလန်က အီဗရာဟီမိုဗစ်နဲ့အပြိုင်ဂိုးတွေသွင်းယူနေတဲ့ ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်လာနေပေမယ့် ဖာဘီယိုပါရာတီစီကတော့ စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ ဂျူဗင်တပ်မှာရှိနေမယ်ဆိုပြီး ပြောဆိုထားခဲ့ပါတယ်။

ဘဏ္ဍာရေးအကျပ်အတည်းဖြစ်နေတဲ့ သတင်းတွေထွက်ပေါ်နေသလို စီးရီးအေရဲ့ လစာအများဆုံးကစားသမားဖြစ်တဲ့ စီရော်နယ်ဒိုရဲ့လစာငွေကို ပေးချေဖို့အခက် အခဲဖြစ်နေတယ်လို့ ထင်ကြေးပေးခံရတဲ့ ဂျူဗင်တပ်အသင်းဟာ ကစားသမားကို စာချုပ်သက်တမ်းပြည့်မယ့် ၂၀၂၂ အထိ ဆက်လက်ထိန်းသိမ်းထားနိုင်ခြေရှိတယ် လို့ သိရပါတယ်။

အီတလီမှာ ၂ နှစ်ကြာ ရောက်ရှိနေပေမယ့် အီတလီဘာသာ စကားသင်ကြားမှုမရှိသေးတဲ့ ရော်နယ်ဒိုဟာ မန်ယူ၊ ရီးရဲလ်တို့လို အသင်းဟောင်း တွေအပါအဝင် ပီအက်စ်ဂျီအသင်းဆီကို ရောက်ရှိဖို့အတွက်ပါ သတင်းတွေထွက် ပေါ်နေတာပါ။

ဒါပေမဲ့ ရော်နယ်ဒိုရဲ့အနေအထားနဲ့ပတ်သက်ပြီး အသင်းအား ကစားဒါရိုက်တာ ဖာဘီယိုပါရာတီစီက ထွက်ပေါ်နေတဲ့သတင်းတွေအားလုံးကို ပယ်ချခဲ့ပြီး “အပြောင်းအရွှေ့ခန့်မှန်းချက်တွေကတော့ နေ့တိုင်းထွက်ပေါ်နေလေ့ ရှိတာပါ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ကစားသမားကို လာမယ့် ၂၀၂၂ စာချုပ် သက်တမ်းကုန်တဲ့အထိ ဆက်ထိန်းထားနိုင်ဖို့ ရှိပါတယ်” လို့ ပြောကြားသွားခဲ့ပါ တယ်။

ဂျူဗင်တပ်ဟာ အသက် ၃၅ နှစ်အရွယ်ရှိ စီရော်နယ်ဒိုကို အဓိကအားကိုး နေရဆဲဖြစ်ပြီး နည်းပြပီယာလိုကိုယ်တိုင်က အသင်းမှာရှိတဲ့လူငယ်ကစားသမား တွေရဲ့စံပြပုဂိုလ်အဖြစ် သတ်မှတ်ထားတာပါ။

စီရော်နယ်ဒိုဟာ စနေညမှာကစား သွားခဲ့တဲ့ ကက်ဂလီယာရီနဲ့ပွဲစဉ်မှာလည်း အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးသွား နိုင်ခဲ့ပြီး ဒီနှစ် စီးရီးအေဘောလုံးရာသီမှာ လိဂ်ဂိုး ၈ ဂိုးအထိ သွင်းယူပေးထားပါ တယ်။

ဂျူဗင်တပ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူးနိုင်ဖို့ စိတ်အား ထက်သန်နေတဲ့ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အသင်းပြောင်းရွှေ့တော့ မယ့်သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပြီး အသင်းဟောင်း မန်ယူ အသင်းဆီ ပြန်သွားမယ့်သတင်းတွေ မကြာသေးခင်ရက်ပိုင်းအတွင်းက ရီးရဲလ် မက်ဒရစ်ကိုပြန်ရောက်မယ့်သတင်းတွေပါ ထွက်ပေါ်လာခဲ့တာပါ။

မန်ယူနဲ့ စီရော် နယ်ဒိုတို့အကြားမှာ နွေးထွေးတဲ့ဆက်ဆံရေးရှိပေမယ့် ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီ ရက်ဇ်နဲ့ စီရော်နယ်ဒိုအကြားမှာတော့ ဂျူဗင်တပ်ကိုရောင်းချခဲ့တဲ့အချိန်တုန်းက လေးစားသမှုနဲ့ပတ်သက်ပြီး ဆက်ဆံရေးအေးခဲထားတာကြောင့် အသင်းဟောင်း ဆီပြန်ရောက်ဖို့ ဖြစ်နိုင်ခြေနည်းနေပါတယ်။

ပီအက်စ်ဂျီကတော့ ရော်နယ်ဒိုအ တွက် လစာငွေကြေးအပြင် တောင်းဆိုသမျှအခွင့်အရေးအားလုံးပေးနိုင်တဲ့ အသင်းဖြစ်ပြီး သူ့အနေနဲ့ နယ်မြေသစ်မှာ စိန်ခေါ်မှုအသစ်တွေကိုရင်ဆိုင်ချင်ရင် တော့ ပြောင်းရွှေ့နိုင်ခြေရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi









