ဂျူဗင်တပ်နဲ့ စီရော်နယ်ဒိုကိစ္စက ပြတ်ပြီးသား စုံတွဲ က Living Together ဆက်နေသလိုဖြစ်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျုဗင်တပ်အသင်းတိုက်စစ်မှုး စီရော်နယ်ဒိုဟာ လာမယ့် ဇွန်လမှာ အသင်းကနေ ထွက်ခွာတော့မှဖြစ်တယ်လို့ အီတလီမီဒီယာတစ်ခုဖြစ်တဲ့ La Gazzetta dello Sport က ဖော်ပြခဲ့ပါတယ်။

အသက် ၃၆နှစ်အရွယ်ရှိ စီရော်နယ်ဒိုဟာ ဂျူဗင်တပ်ကို ၂၀၁၈ ခုနှစ်က ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး သူ့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဂျူဗင်တပ်နဲ့အတူ ချန်ပီယံလိဂ် ဆွတ်ခူးရေး အိပ်မက်ဟာ

၃နှစ်ဆက်တိုက် ပျက်ဆီးသွားခဲ့သလို လာမယ့် ရာသီမှာလည်း အသင်းက ချန်ပီယံလိဂ်ဝင်ခွင့် မသေခာတဲ့ အနေအထားကြောင့် ခုလိုမျိုး ထွက်ခွာလိုတာလည်း ဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ သူ့ရဲ့ အေးဂျင့်ဖြစ်တဲ့ ဂျော့မန်ဒက်စ်ကို လာမယ့်ရာသီသစ်အတွက် အသင်သစ်ရှာပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

ဂျူဗင်တပ်အသင်းဖက်ကလည်း သူတို့အနေနဲ့ ၉နှစ် ဆက်တိုက်သိမ်းပိုက်ထားတဲ့ စီးရီးအေချန်ပီယံဆုကို လက်လွှတ်လိုက်ရသလို

ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း ရုန်းကန်နေရတဲ့အချိန်ဖြစ်နေတဲ့အပြင် ကိုဗစ်ကာလ အသင်းအရှုံးပေါ်နေတဲ့ အခြေအနေတွေကြောင့်

တစ်နှစ်လစာ ပေါင်၂၆.၉သန်း ပေးချေနေရတဲ့ စီရော်နယ်ဒို ကို ဝိတ်လျော့တဲ့အနေနဲ့ ပြန်ရောင်းချ လိုနေတာပါ။

စီရော်နယ်ဒိုနဲ့ စာချုပ်သက်တမ်းက ၂၀၂၂မှ ပြည့်မှာဖြစ်ပေမယ့် သူ့ရဲ့ လတ်တလေ ဂိုးပေါက်ပျောက်နေတဲ့ အနေအထားနဲ့ ချန်ပီယံလိဂ်ကထွက်ခွာခဲ့ရပြီး

အသင်းအပေါ် စီရော်နယ်ဒိုရဲ့ အာရုံစိုက်မှုနဲ့ သွင်ပြင်ပုံစံတွေက ပရိသတ်တွေအတွက် ဝေဖန်စရာတွေ ဖြစ်လာပါတယ်။

ဂျူဗင်တပ်နဲ့ စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ဖလားကို ရယူလိုတဲ့ ရည်မှန်းချက်ချင်းတူတဲ့အတွက် ပေါင်းစည်းမိပြီး အခု မဖြစ်နိုင်တော့တဲ့ အချိန်မှာ

လမ်းခွဲချင်ပေမယ့် စာချုပ်လက်ကျန်ကြောင့် ဆက်ပြီးတွဲနေရတဲ့ပုံစံ ဖြစ်နေတာပါ။

ဂျူဗင်တပ်အသင်းကစားဖော် ပင်ဆိုဂလီယိုက ” ဂျူဗင်တပ်နဲ့ စီရော်နယ်ဒိုတို့က ဘာနဲ့တူသလဲဆိုတော့ ပြတ်သွားပြီးတဲ့ rs တစ်ခုက အတူတကွ (living together) ဆက်နေနေတဲ့ပုံစ ဖြစ်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

စီရော်နနယ်ဒိုမှာ လက်ရှိရာသီ အတွက် ၂၅ဂိုး သွင်းပေးထားပေမယ့် လက်ရှိမှာ လိ၈်ပွဲ ၃ပွဲဆက် ဂိုးပေါက်ပျောက်နေပါတယ်။

ဂျူဗင်တပ်နည်းပြ ပီယာလိုမှာလည်း ဖိအားတွေ ဝင်နေပြီး ဒီတပတ်ကစားမယ့် အူဒီးနိးစ်နဲ့ပွဲမှာသာ အနိုင်မရခဲ့ရင် ရာထူးက ထုတ်ပယ်ခံရနိုင်ခြေ ရှိတောပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဂ်ဴဗင္တပ္နဲ႔ စီေရာ္နယ္ဒိုကိစၥက ျပတ္ၿပီးသား စုံတြဲ က Living Together ဆက္ေနသလိုျဖစ္ေန

ဂ်ဳဗင္တပ္အသင္းတိုက္စစ္မႈး စီေရာ္နယ္ဒိုဟာ လာမယ့္ ဇြန္လမွာ အသင္းကေန ထြက္ခြာေတာ့မွျဖစ္တယ္လို႔ အီတလီမီဒီယာတစ္ခုျဖစ္တဲ့ La Gazzetta dello Sport က ေဖာ္ျပခဲ့ပါတယ္။

အသက္ ၃၆ႏွစ္အ႐ြယ္ရွိ စီေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္ကို ၂၀၁၈ ခုႏွစ္က ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး သူ႔ရဲ႕ ရည္မွန္းခ်က္ျဖစ္တဲ့ ဂ်ဴဗင္တပ္နဲ႔အတူ ခ်န္ပီယံလိဂ္ ဆြတ္ခူးေရး အိပ္မက္ဟာ

၃ႏွစ္ဆက္တိုက္ ပ်က္ဆီးသြားခဲ့သလို လာမယ့္ ရာသီမွာလည္း အသင္းက ခ်န္ပီယံလိဂ္ဝင္ခြင့္ မေသခာတဲ့ အေနအထားေၾကာင့္ ခုလိုမ်ိဳး ထြက္ခြာလိုတာလည္း ျဖစ္ပါတယ္။

စီေရာ္နယ္ဒိုဟာ သူ႔ရဲ႕ ေအးဂ်င့္ျဖစ္တဲ့ ေဂ်ာ့မန္ဒက္စ္ကို လာမယ့္ရာသီသစ္အတြက္ အသင္သစ္ရွာေပးဖို႔ ေတာင္းဆိုထားတယ္လို႔ သိရပါတယ္။ ဂ်ဴဗင္တပ္အသင္းဖက္ကလည္း သူတို႔အေနနဲ႔

၉ႏွစ္ ဆက္တိုက္သိမ္းပိုက္ထားတဲ့ စီးရီးေအခ်န္ပီယံဆုကို လက္လႊတ္လိုက္ရသလို ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္လည္း ႐ုန္းကန္ေနရတဲ့အခ်ိန္ျဖစ္ေနတဲ့အျပင္ ကိုဗစ္ကာလ အသင္းအရႈံးေပၚေနတဲ့

အေျခအေနေတြေၾကာင့္ တစ္ႏွစ္လစာ ေပါင္၂၆.၉သန္း ေပးေခ်ေနရတဲ့ စီေရာ္နယ္ဒို ကို ဝိတ္ေလ်ာ့တဲ့အေနနဲ႔ ျပန္ေရာင္းခ် လိုေနတာပါ။

စီေရာ္နယ္ဒိုနဲ႔ စာခ်ဳပ္သက္တမ္းက ၂၀၂၂မွ ျပည့္မွာျဖစ္ေပမယ့္ သူ႔ရဲ႕ လတ္တေလ ဂိုးေပါက္ေပ်ာက္ေနတဲ့ အေနအထားနဲ႔ ခ်န္ပီယံလိဂ္ကထြက္ခြာခဲ့ရၿပီး အသင္းအေပၚ စီေရာ္နယ္ဒိုရဲ႕

အာ႐ုံစိုက္မႈနဲ႔ သြင္ျပင္ပုံစံေတြက ပရိသတ္ေတြအတြက္ ေဝဖန္စရာေတြ ျဖစ္လာပါတယ္။ ဂ်ဴဗင္တပ္နဲ႔ စီေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္ဖလားကို ရယူလိုတဲ့ ရည္မွန္းခ်က္ခ်င္းတူတဲ့အတြက္

ေပါင္းစည္းမိၿပီး အခု မျဖစ္ႏိုင္ေတာ့တဲ့ အခ်ိန္မွာ လမ္းခြဲခ်င္ေပမယ့္ စာခ်ဳပ္လက္က်န္ေၾကာင့္ ဆက္ၿပီးတြဲေနရတဲ့ပုံစံ ျဖစ္ေနတာပါ။

ဂ်ဴဗင္တပ္အသင္းကစားေဖာ္ ပင္ဆိုဂလီယိုက ” ဂ်ဴဗင္တပ္နဲ႔ စီေရာ္နယ္ဒိုတို႔က ဘာနဲ႔တူသလဲဆိုေတာ့ ျပတ္သြားၿပီးတဲ့ rs တစ္ခုက အတူတကြ (living together) ဆက္ေနေနတဲ့ပုံစ

ျဖစ္ေနပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။ စီေရာ္နနယ္ဒိုမွာ လက္ရွိရာသီ အတြက္ ၂၅ဂိုး သြင္းေပးထားေပမယ့္ လက္ရွိမွာ လိ၈္ပြဲ ၃ပြဲဆက္ ဂိုးေပါက္ေပ်ာက္ေနပါတယ္။ ဂ်ဴဗင္တပ္နည္းျပ

ပီယာလိုမွာလည္း ဖိအားေတြ ဝင္ေနၿပီး ဒီတပတ္ကစားမယ့္ အူဒီးနိးစ္နဲ႔ပြဲမွာသာ အႏိုင္မရခဲ့ရင္ ရာထူးက ထုတ္ပယ္ခံရႏိုင္ေျခ ရွိေတာပါ။