ဂျူဗင်တပ်နဲ့လည်း ဆန္ဒမပြည့်ဝ၊ ရီးရဲလ်က လှည့်မကြည့်၊ ပီအက်စ်ဂျီကလည်း မခေါ်ချင်ဖြစ်နေတဲ့ စီရော်နယ်ဒိုရဲ့ဘဝ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စီးရီးအေ ဂျူဗင်တပ်အသင်းမှာ ရှု့တ်ထွေးမှုတွေဖြစ်နေတဲ့ စီရော်နယ်ဒိုတစ်ယောက် လာမယ့် နွေရာသီဈေးကွက်မှာ ဘယ်လို အခြေအနေဖြစ်လာဦးမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

လက်ရှိမှာ ဂိုေးတွမသွင်းနိုင်တဲ့အပြင် ကွင်းထဲက အပြုအမူတွေေကြောင့်လည်း စီရော်နယ်ဒိုဟာ အတော်လေး ဝေဖန်ခံနေရပါတယ်။

အသက် ၃၆နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ ဈေးကွက်တန်ကြေးအရ ပေါင် ၂၇သန်း ရှိနေသေးပြီး

အသင်းဟောင်းတွေဖြစ်တဲ့ မန်ယူ၊ ရီးရဲလ်တို့ကို ပြန်လည်ပြောင်းရွှေ့မယ့် သတင်းတွေ ထွက်ပေါ်နေသလို ပီအက်စ်ဂျီနဲ့လည်း အသံထွက်နေတာပါ။

ဒါပေမယ့် ဒီ၃သင်းထဲမှာ ပီအက်စ်ဂျီဟာ အမ်ဘက်ပီထွက်ခွာသွားမှသာ စီရော်နယ်ဒိုကို ရွေးချယ်စရာတစ်ခုအနေနဲ့ ကမ်းလှမ်းသွားဖို့ ရှိနေပြီး

ရီးရဲလ်ဥက္ကဌပီရက်ဇ်ကတော့ စီရော်နယ်ဒိုနဲ့ ပတ်သတ်တဲ့သတင်းတွေကို အခြေအမြစ် မရှိတဲ့သတင်းတွေအဖြစ် ယတိပြတ် ငြင်းထားပါတယ်။

ဒါကြောင့် စီရော်နယ်ဒိုအနေနဲ့ ဂျူဗင်တပ်နဲ့ ချန်ပီယံလိဂ်ရယူချင်တဲ့ ဆန္ဒလည်း မပြည့်ဝ၊ အသင်းမှာလည်း ဝေဖန်မှုတွေခံနေရတဲ့အချိန် ရီးရဲလ်က လှည့်မကြည့်၊ ပီအက်စ်ဂျီက မခေါ်ချင်သေးတဲ့အချိန်မျိုးမှာ သူ့အနေနဲ့ ဘယ်ကိုသွားမလဲဆိုတာ စဉ်းစားရတော့မှာပါ။

ဂျူဗင်တပ်နဲ့ စာချုပ်သက်တမ်းက ၁၂လပဲ ကျန်တော့တာကြောင့် အခု နွေရာသီမှာ အနာဂတ်နဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ချက် တစ်ခုခုကို ချမှတ်နိုင်မှရတော့မှာပါ။

ဂျီနီုအာနဲ့ပွဲတုန်းက ပွဲအပြီးကွင်းထဲမှာ ဂျာစီဆွဲချွတ်ခဲ့တဲ့ ကိစ္စအပြင် အသင်းဖော်၈ိုးသမား ရှက်ဇီနီနဲ့လည်း ကတောက်ကဆ ဖြစ်ခဲ့ပါသေးတယ်။

ဂျီနီုအာ ကစားသမားတစ်ဦး ကွင်းထဲလဲကျနေတဲ့အချိန်မှာ ရှက်ဇီနီက fair play သဘောတရားအရ ဘောလုံးကို ကွင်းပြင်ပစ်ထုတ်ခဲ့တာကို စီရော်နယ်ဒို ပစ်တင်ခဲ့ပြီး

ပြိုင်ဘက်အသင်း ၁၀ယောက်တည်း ရှိတဲ့အချိန်မှာ ဂိုးသွင်းနိုင်ဖို့ တိုက်စစ်ဆင်သင့်တယ်လို့ ပြောခဲ့တာပါ။ အ

သင်းနည်းပြ ပီယာလိုက စီရော်နယ်ဒိုရဲ့ လက်ရှိအနေအထားနဲ့ ပတ်သတ်ပြီး” စီရော်နယ်ဒိုဟာ သူဂိုးမသွင်းနိုင်ဘူးဆိုရင် ဒေါသထွက်တတ်ပါတယ်။

သူ့လိုကစားသမားမျိုးက ဂိုးသွင်းဘုရင်ဆု ရချင်တာ ပြသနာ မဟုတ်ပါဘူး။

သူ့အနေနဲ့ ဂိုး၃၅ဂိုးလောက် သွင်းနေရင် ဂျူဗင်တပ်လည်း ချန်ပီယံဖြစ်နေမှာပါပဲ။

ပါးမားနဲ့ပွဲက လူတံတိုင်းကာတဲ့ ကိစ္စကတော့ အဆင်မသင့်လို့ ဖြစ်သွားတာပါ။

နောက်လာမယ့်ပွဲတွေမှာ ပြစ်ဒဏ်ဘော wall ကာတဲ့ အခြေအနေတွေကို ပြန်ပြီးသုံးသပ်သွားမှပါ ” လို့ ပြောကြားသွားခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ဂျူဗင်တပ်မှာ လက်ရှိအချိန်အထိ ၁၂၇ပွဲ ကစားထားပြီး ၉၇ဂိုး သွင်းယူထားတဲ့အတွက် ဂိုး ၁၀၀ရာပြည့်ဖို့ ၃ဂိုးသာ လိုတော့တာပါ။

ပရိသတ်အချို့ကတော့ ဂိုးရာပြည့်နဲ့အတူ ကိုယ်ပိုင်စံချိန်မှတ်တမ်းတွေ လိုချင်နေတာကြောင့် သူဂိုးမသွင်းနိုင်ရင် ပေါက်ကွဲနေတတ်ပြီး

စိတ်မရှည်ဒေသထွက်တဲ့ အပြုအမူတွေ ပြုလုပ်နေတာဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။

ကမ္ဘာ့အကောင်းဆုံး ဘလွန်ဒီအော ၅ကြိမ်ရထားပြီး ၁၅နှစ်နီးပါး ထိပ်တန်းအဆင့်မှာ ရပ်တည်ပြခဲ့တဲ့ ဘောလုံးသမားတစ်ယောက်ရဲ့ နေဝင်ချိန်နားနီးလာချိန်မှာ

ဝေဖန်တာတွေ ရှုပ်ထွေးတာတွေနဲ့ အဆုံးသတ်မသွားဘဲ အနာဂတ်မှာ နောက်ထပ်အပြောင်းအလဲတစ်ခု ဖြစ်လာဖို့သာ မျှော်လင့်ရတော့မှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi



လက်ရှိမှာ ဂိုေးတွမသွင်းနိုင်တဲ့အပြင် ကွင်းထဲက အပြုအမူတွေကြောင့်လည်း စီရော်နယ်ဒိုဟာ အတော်လေး ဝေဖန်ခံနေရပါတယ်။









