ဂျူဗင်တပ်စ် အတွက် ဆက်ကြိုးစားပေးမယ်ဆိုတဲ့ စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံလိဂ်ပြိုင်ပွဲကထွက်ခဲ့ရပေမယ့်လက်ကျန်ပွဲစဉ်တွေမှာဂျူဗင်တပ်စ်အသင်းအတွက်ဂိုးအများအပြားသွင်းယူပေးသွားဖို့ပစ်မှတ်ထားနေတယ်လို့ပေါ်တူဂီတိုက်စစ်မှူးစီရော်နယ်ဒိုကထုတ်ဖော်ပြောဆိုထားပါတယ်။ ရော်နယ်ဒိုက “ဘဝမှာ ကျဆုံးခဲ့ရတဲ့ အရေအတွက်များစွာထက် အဲဒီကျရှုံးမှုကနေ ဘယ်လောက်မြန်မြန် ပြန်လည်ရပ်တည်နိုင်မလဲဆိုတာကသာ ပိုအရေးကြီးပါတယ်။ တကယ့်ချန်ပီယံတွေက ဘယ်တော့မှ မပျက်စီးသွားပါဘူး။”

“အခု အားလုံးရဲ့ အဓိကပစ်မှတ်က ကာဂလီယာရီနဲ့ ကစားရမယ့် စီးရီးအေပွဲပါ။ စီးရီးအေမှာ ရုန်းကန်နေရပေမယ့် အသင်းက ကိုပါအီတလီယာပြိုင်ပွဲမှာ ဗိုလ်လုပွဲကို တက်လှမ်းထားပါတယ်။” “ကျွန်တော့် အနေနဲ့ ဒီနှစ်ရာသီမှာ ရယူနိုင်ဦးမယ့် အောင်မြင်မှုတွေအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာပါ။ အသင်းအတွက် ဂိုးအများအပြားသွင်းယူနိုင်ဖို့ပဲအာရုံစိုက်နေပါတယ်။ အသင်းစိတ်ဓါတ်ပိုင်း ပိုမိုကောင်းမွန်ဖို့နဲ့ စုစည်းညီညွှတ်မှုရှိစေဖို့ နေ့တိုင်းလုပ်နေရပါတယ်”လို့ပြောပါတယ်။

ပေါ်တိုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပွဲစဉ်အပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးတဲ့ နောက်ပိုင်းကတည်းက ရော်နယ်ဒိုရဲ့အနာဂတ်အခြေအနေတွေဟာ အတော်လေးကို လှုပ်ခတ်လာခဲ့ရတာဖြစ်ပြီး၊ ဂျူဗင်တပ်စ်အသင်းဘက်ကနေလည်း ရော်နယ်ဒိုကို လာမယ့်နွေဈေးကွက်မှာ ရောင်းထုတ်သွားဖွယ်ရှိနေတယ်ဆိုတဲ့ သတင်းတွေထွက်ထားတာပါ။

အသက် ၃၆နှစ်အရွယ်ရှိ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့၂၀၁၈ခုနှစ်က ဂျူဗင်တပ်စ်အသင်းကိုပြောင်းလာခဲ့ပြီး အသင်းအတွက် ပွဲပေါင်း ၁၂၁ ပွဲမှာ ဂိုးပေါင်း ၉၂ဂိုး
သွင်းယူနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဂ်ဴဗင္တပ္စ္ အတြက္ ဆက္ႀကိဳးစားေပးမယ္ဆိုတဲ့ စီေရာ္နယ္ဒို

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကထြက္ခဲ့ရေပမယ့္လက္က်န္ပြဲစဥ္ေတြမွာဂ်ဴဗင္တပ္စ္အသင္းအတြက္ဂိုးအမ်ားအျပားသြင္းယူေပးသြားဖို႔ပစ္မွတ္ထားေနတယ္လို႔ေပၚတူဂီတိုက္စစ္မႉးစီေရာ္နယ္ဒိုကထုတ္ေဖာ္ေျပာဆိုထားပါတယ္။

ေရာ္နယ္ဒိုက “ဘဝမွာ က်ဆုံးခဲ့ရတဲ့ အေရအတြက္မ်ားစြာထက္ အဲဒီက်ရႈံးမႈကေန ဘယ္ေလာက္ျမန္ျမန္ ျပန္လည္ရပ္တည္ႏိုင္မလဲဆိုတာကသာ ပိုအေရးႀကီးပါတယ္။ တကယ့္ခ်န္ပီယံေတြက ဘယ္ေတာ့မွ မပ်က္စီးသြားပါဘူး။” “အခု အားလုံးရဲ႕ အဓိကပစ္မွတ္က ကာဂလီယာရီနဲ႔ ကစားရမယ့္ စီးရီးေအပြဲပါ။ စီးရီးေအမွာ ႐ုန္းကန္ေနရေပမယ့္ အသင္းက ကိုပါအီတလီယာၿပိဳင္ပြဲမွာ ဗိုလ္လုပြဲကို တက္လွမ္းထားပါတယ္။”

“ကြၽန္ေတာ့္ အေနနဲ႔ ဒီႏွစ္ရာသီမွာ ရယူႏိုင္ဦးမယ့္ ေအာင္ျမင္မႈေတြအတြက္ ဆက္လက္တိုက္ပြဲဝင္သြားမွာပါ။အသင္းအတြက္ဂိုးအမ်ားအျပားသြင္းယူႏိုင္ဖို႔ပဲအာ႐ုံစိုက္ေနပါတယ္။အသင္းစိတ္ဓါတ္ပိုင္းပိုမိုေကာင္းမြန္ဖို႔နဲ႔စုစည္းညီၫႊတ္မႈရွိေစဖို႔ေန႔တိုင္းလုပ္ေနရပါတယ္။”လို႔ေျပာပါတယ္။

ေပၚတိုအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ရတဲ့ ပြဲစဥ္အၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီးတဲ့ ေနာက္ပိုင္းကတည္းက ​ေရာ္နယ္ဒိုရဲ႕အနာဂတ္အေျခအေနေတြဟာ အေတာ္ေလးကို လႈပ္ခတ္လာခဲ့ရတာျဖစ္ၿပီး၊ ဂ်ဴဗင္တပ္စ္အသင္းဘက္ကေနလည္း ေရာ္နယ္ဒိုကို လာမယ့္ေႏြေဈးကြက္မွာ ေရာင္းထုတ္သြားဖြယ္ရွိေနတယ္ဆိုတဲ့ သတင္း​ေတြထြက္ထားတာပါ။

အသက္၃၆ႏွစ္အ႐ြယ္ရွိစီေရာ္နယ္ဒိုဟာၿပီးခဲ့တဲ့၂၀၁၈ခုႏွစ္ကဂ်ဴဗင္တပ္စ္အသင္းကိုေျပာင္းလာခဲ့ၿပီးအသင္းအတြက္ပြဲေပါင္း၁၂၁ပြဲမွာဂိုးေပါင္း၉၂ဂိုး
သြင္းယူႏိုင္ခဲ့ပါတယ္။