ဂျူဗင်တပ်စ်အသင်းဖော်တွေနဲ့ ပြဿနာတချို့ရှိနေတဲ့ စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ် အသင်းဖော်တွေနဲ့ ပြဿနာ တချို့ ရှိနေတယ်လို့ ကလပ်ရဲ့ တိုက်စစ်မှူးဟောင်း ဒေးဗစ်ထရေးဇီးဂေးက ဖွင့်ချ သွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က ဂျူဗင်တပ်စ်ကို ပြောင်းရွေ့လာခဲ့ပြီးနောက်ပိုင်း စီးရီးအေ ကလပ် အတွက် ၁၀၁ ဂိုးထိ သွင်းယူ ပေးထားခဲ့ပြီး ဖြစ်ပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူး ရော်နယ်ဒိုဟာ လက်ရှိ နွေဈေးကွက် အပြောင်းအရွှေ့ အတွင်းမှာ ဂျူဗင်တပ်စ်အသင်း ကနေ ထွက်ခွာမယ်လို့ သတင်းကြီးနေသူ ဖြစ်ပြီး

ဂျူဗင်တပ်စ်အသင်းကလည်း စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ သူ့ကို သင့်တော်တဲ့ ကမ်းလှမ်းမှုသာ ရလာပါက ရောင်းချဖို့ ပြင်ဆင် ထားပါတယ်။

ထရေးဇီးဂေးက “ရော်နယ်ဒိုကို ခေါ်ယူခဲ့တာက အသင်းရဲ့ အကောင်းဆုံး ခေါ်ယူမှု ဖြစ်ခဲ့ပါတယ်။

ဘယ်သူကမှ ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ ထင်မှတ်မထားကြပါဘူး။

ဒါပေမယ့် ရော်နယ်ဒိုနဲ့ သူ့ရဲ့ အသင်းဖော်တွေကြားမှာ ပြဿနာ တချို့ ရှိခဲ့ပါတယ်။

ဒါကို ခင်ဗျားတို့လည်း မြင်တွေ့နိုင်ပါတယ်။”

“ဒါတောင်မှ သူက သွင်းဂိုး ၁၀၁ ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။

ကျွန်တော့်အမြင်မှာတော့ ဇီဒန်းကလွဲပြီး ဘယ်သူကမှ ရော်နယ်ဒိုကို ကောင်းမွန်အောင် ထိန်းကျောင်းနိုင်မှာ မဟုတ်ပါဘူး”

“ဂျူဗင်တပ်စ် အသင်းမှာ နှစ်ဘက်ခြား အပြန်အလှန် ဆွေးနွေးမှုတွေ မရှိလို့လည်း ဖြစ်နိုင်ပါတယ်။

နည်းပြ တစ်ဦး အနေနဲ့ ကစားသမား တစ်ဦးကို ‘ဒီပွဲကို ပြန်ကြည့်လိုက်ပါဦး။

မင်းဟာ မိနစ် ၉၀ လုံး လမ်းလျှောက်နေခဲ့တယ်။

မင်းအနေနဲ့ နိုင်ပွဲတွေ ရအောင် င့ါကို ကူညီမှ ရလိမ့်မယ်’ ဆိုပြီး ပြောနိုင်ပါတယ်။”

“ဒီလိုမျိုး သွားပြောလို့ မရတဲ့ ကစားသမားတွေတော့ ရှိပါတယ်။

ဘာလို့လဲဆိုတော့ သူတို့ဟာ ကိုယ့်ကို နိုင်ပွဲတွေ ဖန်တီးပေးလို့ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒီလို ကစားသမားတွေ ထဲက တစ်ဦး ဖြစ်ပါတယ်။

ဒီဘာလာလည်း ဒီလိုမျိုးပါပဲ။” လို့ ပြောဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဂ်ဴဗင္တပ္စ္အသင္းေဖာ္ေတြနဲ႔ ျပႆနာတခ်ိဳ႕ရွိေနတဲ့ စီေရာ္နယ္ဒို

ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္စ္ အသင္းေဖာ္ေတြနဲ႔ ျပႆနာ တခ်ိဳ႕ ရွိေနတယ္လို႔ ကလပ္ရဲ႕ တိုက္စစ္မႉးေဟာင္း ေဒးဗစ္ထေရးဇီးေဂးက ဖြင့္ခ် သြားခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ လြန္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္က ဂ်ဴဗင္တပ္စ္ကို ေျပာင္းေ႐ြ႕လာခဲ့ၿပီးေနာက္ပိုင္း စီးရီးေအ ကလပ္ အတြက္ ၁၀၁ ဂိုးထိ သြင္းယူ ေပးထားခဲ့ၿပီး ျဖစ္ပါတယ္။

အသက္ ၃၆ႏွစ္ အ႐ြယ္ ေပၚတူဂီ ဝါရင့္ တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ လက္ရွိ ေႏြေဈးကြက္ အေျပာင္းအေ႐ႊ႕ အတြင္းမွာ ဂ်ဴဗင္တပ္စ္အသင္း ကေန ထြက္ခြာမယ္လို႔ သတင္းႀကီးေနသူ ျဖစ္ၿပီး ဂ်ဴဗင္တပ္စ္အသင္းကလည္း စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ေတာ့တဲ့ သူ႔ကို သင့္ေတာ္တဲ့ ကမ္းလွမ္းမႈသာ ရလာပါက ေရာင္းခ်ဖို႔ ျပင္ဆင္ ထားပါတယ္။

ထေရးဇီးေဂးက “ေရာ္နယ္ဒိုကို ေခၚယူခဲ့တာက အသင္းရဲ႕ အေကာင္းဆုံး ေခၚယူမႈ ျဖစ္ခဲ့ပါတယ္။ ဘယ္သူကမွ ဒီလိုမ်ိဳး ျဖစ္လာလိမ့္မယ္လို႔ ထင္မွတ္မထားၾကပါဘူး။ ဒါ​ေပမယ့္ ေရာ္နယ္ဒိုနဲ႔ သူ႔ရဲ႕ အသင္းေဖာ္ေတြၾကားမွာ ျပႆနာ တခ်ိဳ႕ ရွိခဲ့ပါတယ္။ ဒါကို ခင္ဗ်ားတို႔လည္း ျမင္ေတြ႕ႏိုင္ပါတယ္။”

“ဒါေတာင္မွ သူက သြင္းဂိုး ၁၀၁ ဂိုး အထိ သြင္းယူႏိုင္ခဲ့ပါတယ္။ ကြၽန္ေတာ့္အျမင္မွာေတာ့ ဇီဒန္းကလြဲၿပီး ဘယ္သူကမွ ေရာ္နယ္ဒိုကို ေကာင္းမြန္ေအာင္ ထိန္းေက်ာင္းႏိုင္မွာ မဟုတ္ပါဘူး”

“ဂ်ဴဗင္တပ္စ္ အသင္းမွာ ႏွစ္ဘက္ျခား အျပန္အလွန္ ေဆြးေႏြးမႈေတြ မရွိလို႔လည္း ျဖစ္ႏိုင္ပါတယ္။ နည္းျပ တစ္ဦး အေနနဲ႔ ကစားသမား တစ္ဦးကို ‘ဒီပြဲကို ျပန္ၾကည့္လိုက္ပါဦး။ မင္းဟာ မိနစ္ ၉၀ လုံး လမ္းေလွ်ာက္ေနခဲ့တယ္။ မင္းအေနနဲ႔ ႏိုင္ပြဲေတြ ရေအာင္ င့ါကို ကူညီမွ ရလိမ့္မယ္’ ဆိုၿပီး ေျပာႏိုင္ပါတယ္။”

“ဒီလိုမ်ိဳး သြားေျပာလို႔ မရတဲ့ ကစားသမားေတြေတာ့ ရွိပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ဟာ ကိုယ့္ကို ႏိုင္ပြဲေတြ ဖန္တီးေပးလို႔ ျဖစ္ပါတယ္။ ေရာ္နယ္ဒိုဟာ ဒီလို ကစားသမားေတြ ထဲက တစ္ဦး ျဖစ္ပါတယ္။ ဒီဘာလာလည္း ဒီလိုမ်ိဳးပါပဲ။” လို႔ ​ေျပာဆိုခဲ့ပါတယ္။