ဂျူဗင်တပ်စ်အသင်းကို ဒုက္ခရောက်အောင် စီရော်နယ်လ်ဒိုလုပ်ခဲ့တယ်လို့ ဂန္ထဝင်ကစားသမားနှစ်ဦးပြစ်တင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်စ်အသင်းရဲ့ဂန္ထဝင်ကစားသမားနှစ်ဦးဖြစ်တဲ့ တက်ခီနာဒီနဲ့ ဆာဂျီယိုဘရီယိုတို့က ဂျူဗင်တပ်စ်အသင်းနဲ့ရုတ်တရက်လမ်းခွဲခဲ့တဲ့ စီရော်နယ်လ်ဒိုရဲ့လုပ်ရပ်က ဂုဏ်သိက္ခာမရှိတဲ့လုပ်ရပ်ဖြစ်ပြီး သူ့ကြောင့် ဂျူဗင်တပ်စ်အသင်း ဒုက္ခရောက်နေပြီလို့ ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။

စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်နဲ့အမ်ပိုလီအသင်းတို့ကစားမယ့် စီးရီးအေပွဲမတိုင်ခင် နာရီပိုင်းအလိုမှာ တူရင်မြို့ကနေ သီးသန့်ဂျက်လေယာဉ်နဲ့ မန်ချက်စတာမြို့ကို ထွက်ခွာခဲ့ပြီး အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုဟာ အူဒီးနီးစ်အသင်းနဲ့ (၂-၂)ဂိုးစီသရေကျခဲ့တဲ့စီးရီးအေရာသီအဖွင့်ပွဲမှာ ဂျူဗင်တပ်စ်အသင်းအတွက် လူစားဝင်ကစားသမားအဖြစ်ပါဝင်ကစားခဲ့ပြီး

အဲဒီပွဲက သူ့ရဲ့ဂျူဗင်တပ်စ်ကစားသမားဘဝ နောက်ဆုံးပွဲဖြစ်ခဲ့သလို အသင်းနဲ့လမ်းခွဲခဲ့ပြီးတဲ့နောက်,ကစားခဲ့တဲ့ အမ်ပိုလီနဲ့ပွဲမှာ ဂျူဗင်တပ်စ်အသင်း အိမ်ကွင်းမှာပဲ (၁-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။

အဲဒါကြောင့် ဂျူဗင်တပ်စ်အသင်းနဲ့အတူ စီးရီးအေ၊ ချန်ပီယံလိဂ်အပါအဝင် ဆုဖလားတွေအများကြီးရယူခဲ့သူ တက်ခီနာဒီက “စီရော်နယ်လ်ဒိုအနေနဲ့ အသင်းကထွက်မယ်ဆိုရင်လည်း ရွေးချယ်စရာတခြားနည်းလမ်းတွေအများကြီးရှိပါတယ်။

အမ်ပိုလီနဲ့ပွဲမတိုင်ခင် အယ်လီဂရီက သတင်းစာရှင်းလင်းပွဲလုပ်နေချိန်မှာ ကိုယ့်ဘာသာကိုယ် သီးသန့်ဂျက်လေယာဉ်နဲ့ထွက်သွားတာမျိုးတော့ မလုပ်သင့်ပါဘူး။

သတင်းစာရှင်းလင်းပွဲမှာ ပရိသတ်တွေကို နှုတ်ဆက်စကားပြောတာမျိုးတော့ လုပ်သင့်ပါတယ်။

အပြောင်းအရွှေ့စျေးကွက်ပိတ်ဖို့ ရက်ပိုင်းအလိုလောက်မှာ ဂျူဗင်တပ်စ်အသင်းကနေ စီရော်နယ်လ်ဒို ထွက်သွားတာကြောင့် အသင်းရဲ့အပြောင်းအရွှေ့စီမံကိန်းသာမက အသင်းရဲ့တည်ငြိမ်မှုကိုပါ ကြီးကြီးမားမားထိခိုက်စေခဲ့ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဂျူဗင်တပ်စ်အသင်းမှာ ၁၉၇၄ ခုနှစ်ကနေ ၁၉၉၀ ခုနှစ်အထိ(၁၆)နှစ်ကြာကစားခဲ့တဲ့ ဂန္ထဝင်နောက်ခံလူဆာဂျီယိုဘရီယိုက “စီရော်နယ်လ်ဒိုအနေနဲ့ ဂျူဗင်တပ်စ်အသင်းကို အခုထက်ပိုပြီးလေးစားမှုရှိသင့်ပါတယ်။

ဂျူဗင်တပ်စ်အသင်းကနေ စီရော်နယ်လ်ဒို အခုလိုပုံစံမျိုးနဲ့ထွက်သွားလိမ့်မယ်လို့ ကျွန်တော်မထင်ထားခဲ့ပါဘူး။

စီရော်နယ်လ်ဒိုဟာ ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးဖြစ်ပေမယ့် သူ့ရဲ့နောက်ဆုံးနှုတ်ဆက်ချိန်က အခုလိုမဖြစ်သင့်တာတော့အမှန်ပါပဲ”လို့ ဝေဖန်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဂ်ဴဗင္တပ္စ္အသင္းကို ဒုကၡေရာက္ေအာင္ စီေရာ္နယ္လ္ဒိုလုပ္ခဲ့တယ္လို႔ ဂႏၴဝင္ကစားသမားႏွစ္ဦးျပစ္တင္

ဂ်ဴဗင္တပ္စ္အသင္းရဲ႕ဂႏၴဝင္ကစားသမားႏွစ္ဦးျဖစ္တဲ့ တက္ခီနာဒီနဲ႔ ဆာဂ်ီယိုဘရီယိုတို႔က ဂ်ဴဗင္တပ္စ္အသင္းနဲ႔႐ုတ္တရက္လမ္းခြဲခဲ့တဲ့ စီေရာ္နယ္လ္ဒိုရဲ႕လုပ္ရပ္က ဂုဏ္သိကၡာမရွိတဲ့လုပ္ရပ္ျဖစ္ၿပီး သူ႔ေၾကာင့္ ဂ်ဴဗင္တပ္စ္အသင္း ဒုကၡေရာက္ေနၿပီလို႔ ေဝဖန္ျပစ္တင္ခဲ့ၾကပါတယ္။ စီေရာ္နယ္လ္ဒိုဟာ ဂ်ဴဗင္တပ္စ္နဲ႔အမ္ပိုလီအသင္းတို႔ကစားမယ့္ စီးရီးေအပြဲမတိုင္ခင္ နာရီပိုင္းအလိုမွာ တူရင္ၿမိဳ႕ကေန သီးသန႔္ဂ်က္ေလယာဥ္နဲ႔ မန္ခ်က္စတာၿမိဳ႕ကို ထြက္ခြာခဲ့ၿပီး အသင္းေဟာင္း မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ အေျပာင္းအေ႐ႊ႕စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ အူဒီးနီးစ္အသင္းနဲ႔ (၂-၂)ဂိုးစီသေရက်ခဲ့တဲ့စီးရီးေအရာသီအဖြင့္ပြဲမွာ ဂ်ဴဗင္တပ္စ္အသင္းအတြက္ လူစားဝင္ကစားသမားအျဖစ္ပါဝင္ကစားခဲ့ၿပီး အဲဒီပြဲက သူ႔ရဲ႕ဂ်ဴဗင္တပ္စ္ကစားသမားဘဝ ေနာက္ဆုံးပြဲျဖစ္ခဲ့သလို အသင္းနဲ႔လမ္းခြဲခဲ့ၿပီးတဲ့ေနာက္,ကစားခဲ့တဲ့ အမ္ပိုလီနဲ႔ပြဲမွာ ဂ်ဴဗင္တပ္စ္အသင္း အိမ္ကြင္းမွာပဲ (၁-၀)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ပါတယ္။

အဲဒါေၾကာင့္ ဂ်ဴဗင္တပ္စ္အသင္းနဲ႔အတူ စီးရီးေအ၊ ခ်န္ပီယံလိဂ္အပါအဝင္ ဆုဖလားေတြအမ်ားႀကီးရယူခဲ့သူ တက္ခီနာဒီက “စီေရာ္နယ္လ္ဒိုအေနနဲ႔ အသင္းကထြက္မယ္ဆိုရင္လည္း ေ႐ြးခ်ယ္စရာတျခားနည္းလမ္းေတြအမ်ားႀကီးရွိပါတယ္။ အမ္ပိုလီနဲ႔ပြဲမတိုင္ခင္ အယ္လီဂရီက သတင္းစာရွင္းလင္းပြဲလုပ္ေနခ်ိန္မွာ ကိုယ့္ဘာသာကိုယ္ သီးသန႔္ဂ်က္ေလယာဥ္နဲ႔ထြက္သြားတာမ်ိဳးေတာ့ မလုပ္သင့္ပါဘူး။

သတင္းစာရွင္းလင္းပြဲမွာ ပရိသတ္ေတြကို ႏႈတ္ဆက္စကားေျပာတာမ်ိဳးေတာ့ လုပ္သင့္ပါတယ္။ အေျပာင္းအေ႐ႊ႕ေစ်းကြက္ပိတ္ဖို႔ ရက္ပိုင္းအလိုေလာက္မွာ ဂ်ဴဗင္တပ္စ္အသင္းကေန စီေရာ္နယ္လ္ဒို ထြက္သြားတာေၾကာင့္ အသင္းရဲ႕အေျပာင္းအေ႐ႊ႕စီမံကိန္းသာမက အသင္းရဲ႕တည္ၿငိမ္မႈကိုပါ ႀကီးႀကီးမားမားထိခိုက္ေစခဲ့ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ ဂ်ဴဗင္တပ္စ္အသင္းမွာ ၁၉၇၄ ခုႏွစ္ကေန ၁၉၉၀ ခုႏွစ္အထိ(၁၆)ႏွစ္ၾကာကစားခဲ့တဲ့ ဂႏၴဝင္ေနာက္ခံလူဆာဂ်ီယိုဘရီယိုက “စီေရာ္နယ္လ္ဒိုအေနနဲ႔ ဂ်ဴဗင္တပ္စ္အသင္းကို အခုထက္ပိုၿပီးေလးစားမႈရွိသင့္ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းကေန စီေရာ္နယ္လ္ဒို အခုလိုပုံစံမ်ိဳးနဲ႔ထြက္သြားလိမ့္မယ္လို႔ ကြၽန္ေတာ္မထင္ထားခဲ့ပါဘူး။ စီေရာ္နယ္လ္ဒိုဟာ ကမာၻ႔အဆင့္ကစားသမားတစ္ဦးျဖစ္ေပမယ့္ သူ႔ရဲ႕ေနာက္ဆုံးႏႈတ္ဆက္ခ်ိန္က အခုလိုမျဖစ္သင့္တာေတာ့အမွန္ပါပဲ”လို႔ ေဝဖန္ခဲ့ပါတယ္။