
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဂျူဗင်တပ်စ်အသင်းဟာ အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီတလီဝါရင့်နောက်ခံလူချီလီနီကို (၂)နှစ်စာချုပ်ချုပ်ဆိုခဲ့တာကြောင့် ချီလီနီအနေနဲ့ ဂျူဗင်တပ်စ်အသင်းမှာပဲ ကစားသမားဘဝကုန်ဆုံးသွားဖို့ရှိနေပါပြီ။
ချီလီနီနဲ့ဂျူဗင်တပ်စ်အသင်းတို့ရဲ့စာချုပ်က ပြီးခဲ့တဲ့ဇွလန်ကုန်ကတည်းက သက်တမ်းပြည့်သွားတာဖြစ်ပြီး ချီလီနီဟာ အီတလီအသင်းနဲ့အတူ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲခဲ့တာကြောင့်
စာချုပ်ကိစ္စအတွက်မဆောင်ရွက်နိုင်ခဲ့ဘဲ အခုအချိန်မှာတော့ ချီလီနီရဲ့အေးဂျင့်နဲ့ ဂျူဗင်တပ်စ်တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက် ၂၀၂၃ ခုနှစ်အထိ(၂)နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရခဲ့တာပါ။
၂၀၀၅ ခုနှစ်တုန်းက ဖီအိုရင်တီးနားအသင်းကနေ ဂျူဗင်တပ်စ်အသင်းဆီရောက်ရှိလာသူ ချီလီနီဟာ ဂျူဗင်တပ်စ်ကစားသမားဘဝ (၁၆)နှစ်တာကာလအတွင်း အသင်းအတွက် (၅၃၅)ပွဲအထိကစားခဲ့ပြီး စီးရီးအေ(၉)ကြိမ်၊ ကိုပါအီတာလီယာဖလား(၅)ကြိမ်ရယူနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာတွေကြောင့် အနားယူခဲ့ရတဲ့အတွက် ချီလီနီဟာ အသင်းအတွက်ပုံမှန်မကစားနိုင်ခဲ့ဘဲ စီးရီးအေမှာ (၁၇)ပွဲသာကစားခဲ့ရပေမယ့် ဂျူဗင်တပ်စ်အသင်းကတော့ ချီလီနီကို အသင်းရဲ့အနာဂတ်စီမံကိန်းတွေထဲမှာ ထည့်သွင်းထားဆဲဖြစ်တာကြောင့် အခုလိုစာချုပ်သစ်ချုပ်ဆိုခဲ့တာပဲဖြစ်ပါတယ်။
ချီလီနီက “အသင်းနဲ့စာချုပ်သက်တမ်းတိုးတာက သာမန်လုပ်ရိုးလုပ်စဉ်ကိစ္စတစ်ခုပါပဲ။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ခန္ဓာကိုယ်က ဘောလုံးဆက်ကစားဖို့ ကြံ့ခိုင်မှုပြည့်ဝနေသမျှ ကလပ်အသင်းနဲ့ ကျွန်တော်တို့ အတူလက်တွဲသွားမှာဖြစ်လို့ပါပဲ။
ကိစ္စတချို့ကြောင့်သာ ဂျူဗင်တပ်စ်နဲ့စာချုပ်ချုပ်ဆိုဖို့က အခုလောက်အထိ အချိန်ကြာသွားတာဖြစ်ပြီး ကျွန်တော်နဲ့ ဂျူဗင်တပ်စ်အသင်းတို့ကြားက ဆက်ဆံရေးဟာ သာမန်ထက်ပိုတာကြောင့် ဒီအသင်းမှာ ကျွန်တော်ဆက်ရှိနေမယ်ဆိုတာ အမြဲယုံကြည်ထားပါတယ်”လို့ပြောကြားခဲ့ပါတယ်။
ချီလီနီဟာ ပြီးခဲ့တဲ့ယူရို-၂၀၂ဝပြိုင်ပွဲမှာ အီတလီအသင်းအတွက် အုပ်စုပွဲစဉ်ကစလို့ ဗိုလ်လုပွဲအထိ (၅)ပွဲဆက်တိုက်ပါဝင်ကစားခဲ့ပြီး ချန်ပီယံဆုဖလားရယူနိုင်အောင် အဓိကဦးဆောင်ပေးခဲ့သူလည်းဖြစ်ပါတယ်။
အခုဆိုရင် ချီလီနီရဲ့ကစားသမားဘဝတစ်လျှောက် စီးရီးအေ၊ ကိုပါအီတလီယာဖလား၊ ယူရိုဖလားတွေရယူနိုင်ခဲ့ပြီဖြစ်ပေမယ့် အဓိကအကျဆုံး ချန်ပီယံလိဂ်ဖလားနဲ့ ဝေးကွာနေဆဲဖြစ်ပြီး
ဂျူဗင်တပ်စ်အသင်းဟာ ၂၀၁၄-၁၅၊ ၂၀၁၆-၁၇ ရာသီတွေမှာ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပြီးမှ ဘာစီလိုနာ၊ ရီးယဲလ်တို့ကို ရှုံးနိမ့်ခဲ့တာကြောင့် ချီလီနီအနေနဲ့ ဘောလုံးသမားဘဝကအနားမယူခင် အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကိုင်မြှောက်နိုင်အောင် ကြိုးစားရမှာလည်းဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ဂ်ဴဗင္တပ္စ္နဲ႔ (၂)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တဲ့ခ်ီလီနီ ကစားသမားဘဝက အနားမယူခင္ ခ်န္ပီယံလိဂ္ဖလားကိုင္ေျမႇာက္ခြင့္ရေအာင္ ႀကိဳးပမ္းသြားဖို႔ရွိေန
ဂ်ဴဗင္တပ္စ္အသင္းဟာ အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အီတလီဝါရင့္ေနာက္ခံလူခ်ီလီနီကို (၂)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာေၾကာင့္ ခ်ီလီနီအေနနဲ႔ ဂ်ဴဗင္တပ္စ္အသင္းမွာပဲ ကစားသမားဘဝကုန္ဆုံးသြားဖို႔ရွိေနပါၿပီ။ ခ်ီလီနီနဲ႔ဂ်ဴဗင္တပ္စ္အသင္းတို႔ရဲ႕စာခ်ဳပ္က ၿပီးခဲ့တဲ့ဇြလန္ကုန္ကတည္းက သက္တမ္းျပည့္သြားတာျဖစ္ၿပီး ခ်ီလီနီဟာ အီတလီအသင္းနဲ႔အတူ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ ပါဝင္ဆင္ႏႊဲခဲ့တာေၾကာင့္ စာခ်ဳပ္ကိစၥအတြက္မေဆာင္႐ြက္ႏိုင္ခဲ့ဘဲ အခုအခ်ိန္မွာေတာ့ ခ်ီလီနီရဲ႕ေအးဂ်င့္နဲ႔ ဂ်ဴဗင္တပ္စ္တာဝန္ရွိသူေတြ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးတဲ့ေနာက္ ၂၀၂၃ ခုႏွစ္အထိ(၂)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈရခဲ့တာပါ။
၂၀၀၅ ခုႏွစ္တုန္းက ဖီအိုရင္တီးနားအသင္းကေန ဂ်ဴဗင္တပ္စ္အသင္းဆီေရာက္ရွိလာသူ ခ်ီလီနီဟာ ဂ်ဴဗင္တပ္စ္ကစားသမားဘဝ (၁၆)ႏွစ္တာကာလအတြင္း အသင္းအတြက္ (၅၃၅)ပြဲအထိကစားခဲ့ၿပီး စီးရီးေအ(၉)ႀကိမ္၊ ကိုပါအီတာလီယာဖလား(၅)ႀကိမ္ရယူႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ဒဏ္ရာျပႆနာေတြေၾကာင့္ အနားယူခဲ့ရတဲ့အတြက္ ခ်ီလီနီဟာ အသင္းအတြက္ပုံမွန္မကစားႏိုင္ခဲ့ဘဲ စီးရီးေအမွာ (၁၇)ပြဲသာကစားခဲ့ရေပမယ့္ ဂ်ဴဗင္တပ္စ္အသင္းကေတာ့ ခ်ီလီနီကို အသင္းရဲ႕အနာဂတ္စီမံကိန္းေတြထဲမွာ ထည့္သြင္းထားဆဲျဖစ္တာေၾကာင့္ အခုလိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တာပဲျဖစ္ပါတယ္။
ခ်ီလီနီက “အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးတာက သာမန္လုပ္႐ိုးလုပ္စဥ္ကိစၥတစ္ခုပါပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ့္ခႏၶာကိုယ္က ေဘာလုံးဆက္ကစားဖို႔ ႀကံ့ခိုင္မႈျပည့္ဝေနသမွ် ကလပ္အသင္းနဲ႔ ကြၽန္ေတာ္တို႔ အတူလက္တြဲသြားမွာျဖစ္လို႔ပါပဲ။ ကိစၥတခ်ိဳ႕ေၾကာင့္သာ ဂ်ဴဗင္တပ္စ္နဲ႔စာခ်ဳပ္ခ်ဳပ္ဆိုဖို႔က အခုေလာက္အထိ အခ်ိန္ၾကာသြားတာျဖစ္ၿပီး ကြၽန္ေတာ္နဲ႔ ဂ်ဴဗင္တပ္စ္အသင္းတို႔ၾကားက ဆက္ဆံေရးဟာ သာမန္ထက္ပိုတာေၾကာင့္ ဒီအသင္းမွာ ကြၽန္ေတာ္ဆက္ရွိေနမယ္ဆိုတာ အၿမဲယုံၾကည္ထားပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။
ခ်ီလီနီဟာ ၿပီးခဲ့တဲ့ယူ႐ို-၂၀၂ဝၿပိဳင္ပြဲမွာ အီတလီအသင္းအတြက္ အုပ္စုပြဲစဥ္ကစလို႔ ဗိုလ္လုပြဲအထိ (၅)ပြဲဆက္တိုက္ပါဝင္ကစားခဲ့ၿပီး ခ်န္ပီယံဆုဖလားရယူႏိုင္ေအာင္ အဓိကဦးေဆာင္ေပးခဲ့သူလည္းျဖစ္ပါတယ္။ အခုဆိုရင္ ခ်ီလီနီရဲ႕ကစားသမားဘဝတစ္ေလွ်ာက္ စီးရီးေအ၊ ကိုပါအီတလီယာဖလား၊ ယူ႐ိုဖလားေတြရယူႏိုင္ခဲ့ၿပီျဖစ္ေပမယ့္ အဓိကအက်ဆုံး ခ်န္ပီယံလိဂ္ဖလားနဲ႔ ေဝးကြာေနဆဲျဖစ္ၿပီး ဂ်ဴဗင္တပ္စ္အသင္းဟာ ၂၀၁၄-၁၅၊ ၂၀၁၆-၁၇ ရာသီေတြမွာ ဗိုလ္လုပြဲတက္ေရာက္ႏိုင္ခဲ့ၿပီးမွ ဘာစီလိုနာ၊ ရီးယဲလ္တို႔ကို ရႈံးနိမ့္ခဲ့တာေၾကာင့္ ခ်ီလီနီအေနနဲ႔ ေဘာလုံးသမားဘဝကအနားမယူခင္ အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားကိုင္ေျမႇာက္ႏိုင္ေအာင္ ႀကိဳးစားရမွာလည္းျဖစ္ပါတယ္။