ဂျူဗင်တပ်စ်နဲ့ ပြန်ပူးပေါင်းဖို့ ကြိုတင်ပြင်ဆင်နေပြီ ဖြစ်တဲ့ စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်စ်နဲ့ အနာဂတ်မရေမရာဖြစ်နေခဲ့ပေမယ့် ရော်နယ်ဒိုဟာ လာမယ့်ရာသီသစ်အတွက် ရာသီကြိုပြင်ဆင်မှုတွေပြုလုပ်ဖို့ တူရင်ကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။

အသင်းနဲ့အတူ ပူးပေါင်းလေ့ကျင့်တော့မှာဖြစ်ပြီး အားလပ်ရက်ခရီးကနေ ရော်နယ်ဒို ပြန်လည်ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုအနေနဲ့ ယူရို-၂၀၂၀ပြိုင်ပွဲအပြီး အပန်းဖြေခရီးထွက်နေခဲ့တာဖြစ်ပြီး၊ သူ အသင်းကို ပြန်လည်ရောက်ရှိလာမှုက သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေကိုပါ ပျက်ပြယ်စေခဲ့ပြီလို့လည်း ဆိုနိုင်မှာဖြစ်ပါတယ်။

မိသားစုနဲ့အတူ မာရော့ကာမြို့မှာ အပန်းဖြေခရီးထွက်ခဲ့တဲ့ ရော်နယ်ဒိုဟာ ကိုယ်ပိုင်လေယာဉ်နဲ့ တူရင်မြို့ကိုပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဘလွန်းဒီအော်ဆု၅ကြိမ်ရကစားသမားဟာ ရာသီကြိုပြင်ဆင်မှုမစတင်မီမှာ ဆေးစစ်မှုတွေပြုလုပ်မှာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ စာချုပ်သက်တမ်းနောက်ဆုံးနှစ်အတွင်းကို ရောက်ရှိနေပြီဖြစ်ပြီး စာချုပ်သစ်အတွက်တော့ ဆွေးနွေးထားခြင်းမရှိသေးဘူးလို့ သိရပါတယ်။

သူ့အနေနဲ့ မူလချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းအတိုင်း အသင်းအတွက် ၄ ရာသီမြောက်ကို ကစားပေးတော့မှာဖြစ်ပြီး နည်းပြဟောင်းအယ်လီဂရီနဲ့ ပြန်လည်လက်တွဲရမှာလည်းဖြစ်ပါတယ်။

အယ်လီဂရီကတော့ ပထမတစ်ကြိမ်ကလောက် ရော်နယ်ဒိုအပေါ် အားကိုးအားထားပြုနိုင်ချေ နည်းပါးနေတယ်လို့ သိရပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ အသင်းနဲ့အတူ ဆက်ရှိနေမယ်လို့ ဂျူဗီဒု-ဥက္ကဌနက်ဗက်က အတည်ပြုထားပြီးလည်းဖြစ်ပါတယ်။

စီရော်နယ်ဒိုအနေနဲ့ ဂျူဗင်တပ်စ်အသင်းကို ၂၀၁၈ခုနှစ်မှာ စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ၁၃၃ပွဲပါဝင်ကစားထားကာ ၁၀၁ဂိုးသွင်းယူပေးထားတာဖြစ်ပါတယ်။

ပေါ်တူဂီသားကြီးအနေနဲ့ ဂျူဗင်တပ်စ်အသင်းနဲ့အတူ စီးရီးအေဖလား၂ကြိမ်အပါအဝင် ပြည်တွင်းဖလား၅လုံးအထိဆွတ်ခူးထားခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဂ်ဴဗင္တပ္စ္နဲ႔ ျပန္ပူးေပါင္းဖို႔ ႀကိဳတင္ျပင္ဆင္ေနၿပီ ျဖစ္တဲ့ စီေရာ္နယ္ဒို

ဂ်ဴဗင္တပ္စ္နဲ႔ အနာဂတ္မေရမရာျဖစ္ေနခဲ့ေပမယ့္ ေရာ္နယ္ဒိုဟာ လာမယ့္ရာသီသစ္အတြက္ ရာသီႀကိဳျပင္ဆင္မႈေတြျပဳလုပ္ဖို႔ တူရင္ကို ျပန္လည္ေရာက္ရွိေနၿပီျဖစ္ပါတယ္။ အသင္းနဲ႔အတူ ပူးေပါင္းေလ့က်င့္ေတာ့မွာျဖစ္ၿပီး အားလပ္ရက္ခရီးကေန ေရာ္နယ္ဒို ျပန္လည္ေရာက္ရွိလာခဲ့တာလည္း ျဖစ္ပါတယ္။

ေရာ္နယ္ဒိုအေနနဲ႔ ယူ႐ို-၂၀၂၀ၿပိဳင္ပြဲအၿပီး အပန္းေျဖခရီးထြက္ေနခဲ့တာျဖစ္ၿပီး၊ သူ အသင္းကို ျပန္လည္ေရာက္ရွိလာမႈက သူ႔ရဲ႕အေျပာင္းအေ႐ႊ႕သတင္းေတြကိုပါ ပ်က္ျပယ္ေစခဲ့ၿပီလို႔လည္း ဆိုႏိုင္မွာျဖစ္ပါတယ္။

မိသားစုနဲ႔အတူ မာေရာ့ကာၿမိဳ႕မွာ အပန္းေျဖခရီးထြက္ခဲ့တဲ့ ေရာ္နယ္ဒိုဟာ ကိုယ္ပိုင္ေလယာဥ္နဲ႔ တူရင္ၿမိဳ႕ကိုျပန္လည္ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ဘလြန္းဒီေအာ္ဆု၅ႀကိမ္ရကစားသမားဟာ ရာသီႀကိဳျပင္ဆင္မႈမစတင္မီမွာ ေဆးစစ္မႈေတြျပဳလုပ္မွာျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ စာခ်ဳပ္သက္တမ္းေနာက္ဆုံးႏွစ္အတြင္းကို ေရာက္ရွိေနၿပီျဖစ္ၿပီး စာခ်ဳပ္သစ္အတြက္ေတာ့ ေဆြးေႏြးထားျခင္းမရွိေသးဘူးလို႔ သိရပါတယ္။ သူ႔အေနနဲ႔ မူလခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းအတိုင္း အသင္းအတြက္ ၄ ရာသီေျမာက္ကို ကစားေပးေတာ့မွာျဖစ္ၿပီး နည္းျပေဟာင္းအယ္လီဂရီနဲ႔ ျပန္လည္လက္တြဲရမွာလည္းျဖစ္ပါတယ္။

အယ္လီဂရီကေတာ့ ပထမတစ္ႀကိမ္ကေလာက္ ေရာ္နယ္ဒိုအေပၚ အားကိုးအားထားျပဳႏိုင္ေခ် နည္းပါးေနတယ္လို႔ သိရပါတယ္။အသက္ ၃၆ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ေရာ္နယ္ဒိုဟာ အသင္းနဲ႔အတူ ဆက္ရွိေနမယ္လို႔ ဂ်ဴဗီဒု-ဥကၠဌနက္ဗက္က အတည္ျပဳထားၿပီးလည္းျဖစ္ပါတယ္။

စီေရာ္နယ္ဒိုအေနနဲ႔ ဂ်ဴဗင္တပ္စ္အသင္းကို ၂၀၁၈ခုႏွစ္မွာ စတင္ေရာက္ရွိလာခဲ့တာျဖစ္ၿပီး အသင္းအတြက္ ၁၃၃ပြဲပါဝင္ကစားထားကာ ၁၀၁ဂိုးသြင္းယူေပးထားတာျဖစ္ပါတယ္။ ေပၚတူဂီသားႀကီးအေနနဲ႔ ဂ်ဴဗင္တပ္စ္အသင္းနဲ႔အတူ စီးရီးေအဖလား၂ႀကိမ္အပါအဝင္ ျပည္တြင္းဖလား၅လုံးအထိဆြတ္ခူးထားခဲ့တာျဖစ္ပါတယ္။