ဂျူဗင်တပ်စ်ကနေ ခပ်စောစော ထွက်ခွာခဲ့သင့်တဲ့ ရော်နယ်ဒို
1xbet မှာ အကောင့်ဖွင့်ပြီး ကစားမယ့်ဆိုရင် ဒီ viber link ကိုနှိပ်ပါ…
ဂျူဗင်တပ်စ်ရဲ့ ဂန္တဝင်နောက်ခံလူကြီး ချီလီနီက သူ့အသင်းအနေနဲ့ ရော်နယ်ဒို ရုတ်တရက်ထွက်ခွာသွားတဲ့အပေါ် ရှော့ခ်ရခဲ့ပြီး
ရော်နယ်ဒိုအနေနဲ့ အပြောင်းအရွှေ့ကာလမှာ အခုထက် ပိုမိုစောလျင်စွာထွက်သွားခဲ့သင့်တယ်လို့ ဆိုပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ရဲ့ နောက်ဆုံးရက်သတ္တပတ်အတွင်းကိုရောက်မှ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး
သူနဲ့အေးဂျင့် ဂျော့ချ်မန်ဒက်စ်တို့က ဂျူဗင်တပ်စ်နဲ့ထားရှိတဲ့ သဘောတူညီမှုကို ချိုးဖောက်ခဲ့တယ်လို့လည်း စွပ်စွဲမှုတွေရှိနေတာပါ။
ဂျူဗင်တပ်စ်ဟာ ရော်နယ်ဒို အသင်းပြောင်းမယ်ဆိုရင် အစားထိုးခေါ်ယူမှုတွေ ပြန်လည်ပြုလုပ်ဖို့အတွက်
သြဂုတ် (၁၅) နောက်ဆုံးထား အသင်းပြောင်းရွှေ့ဖို့ သဘောတူပြောဆိုထားပေမယ့် ရော်နယ်ဒိုကတော့ အပြောင်းအရွှေ့မပိတ်ခင်
တစ်ပတ်တောင်မလိုတော့ချိန်မှ ယူနိုက်တက်နဲ့ ရုတ်တရက်သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။
“ရော်နယ်ဒို က သူ့ကို အရေးပါတယ်လို့ သတ်မှတ်ထားတဲ့ အသင်းမျိုးမှာ ကစားချင်သူပါ။
ဒါကြောင့် ဒီမှာ အဆင်မပြေ တော့တဲ့ အခါမျိုးရောက်လာ ချိန်မှာတော့ နှုတ်ဆက်ဖို့ ဖြစ်လာတော့ တာပါပဲ။
အခု သူဟာ အရေးပါတဲ့ ကစားသမား တစ်ယောက် ဖြစ်တယ်ဆိုတာကို ယူနိုက်တက် မှာ ပြသ နေပါပြီ။
အရင်ကလည်း ဒီလို အရေးပါမှုမျိုးကို ကျွန်တော်တို့ ဆီမှာ ပြခဲ့ဖူး ပါတယ်။
ဂျူဗင်တပ်စ် မှာက သွေးသစ်လောင်းပြီး ခေတ်သစ် တစ်ခုကို ထူထောင်ဖို့ အစပျိုးနေ ပါပြီ။
ရော်နယ်ဒို ဒီမှာ ဆက်နေရင်လည်း သူ့ကို လူတိုင်း လေးလေးစားစား ဆက်ဆံ ကြမှာပါ။
ဒါပေမယ့် သူက လက်ရှိထက် အနာဂတ် ကို ပိုပြီး စဉ်းစားခဲ့ ပါတယ် ၊ ဒါကလည်း ဖြစ်တတ်တဲ့ ကိစ္စ တစ်ခုပါပဲ”
“ရော်နယ်ဒို က သြဂုတ်လ ၂၈ မှာ ထွက်သွားခဲ့တာပါ။
အပြောင်းအရွှေ့ က နောက် ၃ ရက်ကြာတော့ ပိတ်သွားခဲ့ ပါတယ်။
သူသာ ဒီထက်စောပြီး ထွက်သွားခဲ့မယ် ဆိုရင် အသင်းအတွက် လုပ်ရကိုင်ရ ပိုပြီး အဆင်ပြေစေ မှာပါ။
သူ အခုလို ရုတ်တရက် ထွက်သွား ခဲ့တာဟာ ကျွန်တော်တို့ရဲ့ ရာသီ အစောပိုင်း ပွဲတွေကို အံ့အားသင့်စရာ ရလဒ်တွေနဲ့ အဆုံးသတ် စေခဲ့ပါတယ်။
အခုတော့ ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာခဲ့ပါပြီ” လို့ ချီလီနီ က ပြောဆို သွားခဲ့ ပါတယ်။
1xbet မှာ အကောင့်ဖွင့်ပြီး ကစားမယ့်ဆိုရင် ဒီ viber link ကိုနှိပ်ပါ…
zawgyi