ဂျူဗင်တပ်စ်ကစားသမားဘဝမှာ အသင်းဖော်အချင်းချင်းလိုက်နာရမယ့်စည်းမျဉ်းတွေကို စီရော်နယ်လ်ဒို ချိုးဖောက်ခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းနဲ့လမ်းခွဲလိုက်တာ လအတော်ကြာမြင့်နေပြီဖြစ်ပေမယ့် သူနဲ့ဂျူဗင်တပ်စ်အသင်းတို့ရဲ့ဂယက်တွေက ဆက်လက်ထွက်ပေါ်နေဆဲဖြစ်ပြီး

အသင်းရဲ့အဝတ်လဲခန်းအတွင်း ကစားသမားတွေအချင်းချင်းလိုက်နာရမယ့်စည်းကမ်းတွေကို စီရော်နယ်လ်ဒိုက မလိုက်နာခဲ့ဘူးလို့ အီတလီမီဒီယာတွေကဖော်ပြနေကြပါတယ်။

အီတလီနာမည်ကျော်အားကစားသတင်းစာတစ်စောင်ဖြစ်တဲ့ Tuttosport က စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်ကစားသမားဘဝ(၃)ရာသီအတွင်း

ပထမ(၂)ရာသီမှာအသင်းအတွက်အောင်မြင်မှုတွေရယူနိုင်ခဲ့ပေမယ့် အသင်းဖော်တွေအချင်းချင်းထားရှိရမယ့် အပြန်အလှန်လေးစားမှု၊

တန်းတူညီမျှမှုနဲ့ စည်းလုံးညီညွတ်မှုစည်းကမ်းသတ်မှတ်ချက်တွေကို မလိုက်နာခဲ့ဘူးဆိုပြီးတော့ ဖွင့်ချခဲ့ပါတယ်။

ဒါ့အပြင် ဂျူဗင်တပ်စ်အသင်းရဲ့ဝါရင့်နောက်ခံလူဘိုနူချီက စီရော်နယ်လ်ဒိုမရှိတော့မှ ဂျူဗင်တပ်စ်အသင်းဟာ စုစည်းညီညွတ်မှုရှိတဲ့အသင်းပုံစံဖြစ်လာတယ်လို့ မကြာသေးခင်က ဝေဖန်ပြောဆိုခဲ့ပါသေးတယ်။

ဘိုနူချီက “ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျွန်တော်တို့အသင်းဟာ စုစည်းညီညွတ်မှုပျောက်ဆုံးနေပြီး စီရော်နယ်လ်ဒိုတစ်ယောက်တည်းကိုပဲ

တည်ကစားသလိုဖြစ်ခဲ့တဲ့အပြင် သူ ဂိုးသွင်းနိုင်အောင် အသင်းဖော်တွေက ဖန်တီးပေးခဲ့ရပါတယ်။

ဒီနှစ်မှာတော့ ကျွန်တော်တို့အသင်းက စုစည်းမှုပြန်ရှိလာတဲ့အတွက် အခုလိုရလဒ်ကောင်းတွေရယူနိုင်နေတာဖြစ်ပါတယ်”လို့ဆိုခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းအတွက် (၁၃၄)ပွဲကစား၊ (၁၀၁)ဂိုးအထိသွင်းယူခဲ့တဲ့ စီရော်နယ်လ်ဒိုဟာ ဒီရာသီအစက အူဒီးနီးစ်နဲ့ကစားခဲ့တဲ့စီးရီးအေပွဲမှာ လူစားဝင်ကစားသမားအဖြစ်ပါဝင်ကစားခဲ့ပြီး

နွေရာသီအပြောင်းအရွှေ့စျေးကွက်ပိတ်ဖို့ ရက်ပိုင်းအလိုမှာ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်းဆီ ရုတ်တရက်ပြောင်းရွှေ့ခဲ့တာပါ။

ဂျူဗင်တပ်စ်အသင်းဟာ စီရော်နယ်လ်ဒိုမရှိတော့တဲ့နောက်ပိုင်း စီးရီးအေရာသီအစ(၄)ပွဲမှာနိုင်ပွဲပျောက်ခဲ့ပြီး နှစ်ပေါင်း(၆၀)ကျော်အတွင်းအဆိုးရွားဆုံးရာသီအစအဖြစ်

မှတ်တမ်းဝင်ခဲ့ပေမယ့် အခုအချိန်မှာတော့ စီးရီးအေ(၄)ပွဲဆက်အနိုင်၊ ပြိုင်ပွဲစုံ(၇)ပွဲဆက်တိုက် အနိုင်ယူခဲ့တာကြောင့် လမ်းကြောင်းမှန်ပေါ်ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဂ်ဴဗင္တပ္စ္ကစားသမားဘဝမွာ အသင္းေဖာ္အခ်င္းခ်င္းလိုက္နာရမယ့္စည္းမ်ဥ္းေတြကို စီေရာ္နယ္လ္ဒို ခ်ိဳးေဖာက္ခဲ့

စီေရာ္နယ္လ္ဒိုဟာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔လမ္းခြဲလိုက္တာ လအေတာ္ၾကာျမင့္ေနၿပီျဖစ္ေပမယ့္ သူနဲ႔ဂ်ဴဗင္တပ္စ္အသင္းတို႔ရဲ႕ဂယက္ေတြက ဆက္လက္ထြက္ေပၚေနဆဲျဖစ္ၿပီး အသင္းရဲ႕အဝတ္လဲခန္းအတြင္း ကစားသမားေတြအခ်င္းခ်င္းလိုက္နာရမယ့္စည္းကမ္းေတြကို စီေရာ္နယ္လ္ဒိုက မလိုက္နာခဲ့ဘူးလို႔ အီတလီမီဒီယာေတြကေဖာ္ျပေနၾကပါတယ္။

အီတလီနာမည္ေက်ာ္အားကစားသတင္းစာတစ္ေစာင္ျဖစ္တဲ့ Tuttosport က စီေရာ္နယ္လ္ဒိုဟာ ဂ်ဴဗင္တပ္စ္ကစားသမားဘဝ(၃)ရာသီအတြင္း ပထမ(၂)ရာသီမွာအသင္းအတြက္ေအာင္ျမင္မႈေတြရယူႏိုင္ခဲ့ေပမယ့္ အသင္းေဖာ္ေတြအခ်င္းခ်င္းထားရွိရမယ့္ အျပန္အလွန္ေလးစားမႈ၊ တန္းတူညီမွ်မႈနဲ႔ စည္းလုံးညီၫြတ္မႈစည္းကမ္းသတ္မွတ္ခ်က္ေတြကို မလိုက္နာခဲ့ဘူးဆိုၿပီးေတာ့ ဖြင့္ခ်ခဲ့ပါတယ္။ ဒါ့အျပင္ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ဝါရင့္ေနာက္ခံလူဘိုႏူခ်ီက စီေရာ္နယ္လ္ဒိုမရွိေတာ့မွ ဂ်ဴဗင္တပ္စ္အသင္းဟာ စုစည္းညီၫြတ္မႈရွိတဲ့အသင္းပုံစံျဖစ္လာတယ္လို႔ မၾကာေသးခင္က ေဝဖန္ေျပာဆိုခဲ့ပါေသးတယ္။

ဘိုႏူခ်ီက “ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ကြၽန္ေတာ္တို႔အသင္းဟာ စုစည္းညီၫြတ္မႈေပ်ာက္ဆုံးေနၿပီး စီေရာ္နယ္လ္ဒိုတစ္ေယာက္တည္းကိုပဲ တည္ကစားသလိုျဖစ္ခဲ့တဲ့အျပင္ သူ ဂိုးသြင္းႏိုင္ေအာင္ အသင္းေဖာ္ေတြက ဖန္တီးေပးခဲ့ရပါတယ္။ ဒီႏွစ္မွာေတာ့ ကြၽန္ေတာ္တို႔အသင္းက စုစည္းမႈျပန္ရွိလာတဲ့အတြက္ အခုလိုရလဒ္ေကာင္းေတြရယူႏိုင္ေနတာျဖစ္ပါတယ္”လို႔ဆိုခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းအတြက္ (၁၃၄)ပြဲကစား၊ (၁၀၁)ဂိုးအထိသြင္းယူခဲ့တဲ့ စီေရာ္နယ္လ္ဒိုဟာ ဒီရာသီအစက အူဒီးနီးစ္နဲ႔ကစားခဲ့တဲ့စီးရီးေအပြဲမွာ လူစားဝင္ကစားသမားအျဖစ္ပါဝင္ကစားခဲ့ၿပီး ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္ပိတ္ဖို႔ ရက္ပိုင္းအလိုမွာ အသင္းေဟာင္း မန္ခ်က္စတာယူႏိုက္တက္အသင္းဆီ ႐ုတ္တရက္ေျပာင္းေ႐ႊ႕ခဲ့တာပါ။

ဂ်ဴဗင္တပ္စ္အသင္းဟာ စီေရာ္နယ္လ္ဒိုမရွိေတာ့တဲ့ေနာက္ပိုင္း စီးရီးေအရာသီအစ(၄)ပြဲမွာႏိုင္ပြဲေပ်ာက္ခဲ့ၿပီး ႏွစ္ေပါင္း(၆၀)ေက်ာ္အတြင္းအဆိုး႐ြားဆုံးရာသီအစအျဖစ္ မွတ္တမ္းဝင္ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ စီးရီးေအ(၄)ပြဲဆက္အႏိုင္၊ ၿပိဳင္ပြဲစုံ(၇)ပြဲဆက္တိုက္ အႏိုင္ယူခဲ့တာေၾကာင့္ လမ္းေၾကာင္းမွန္ေပၚျပန္လည္ေရာက္ရွိေနၿပီျဖစ္ပါတယ္။