ဂျူဗင်တပ်က နောက်ဆုံးနှစ်ပွဲမှာ သူ့ကိုလူစားလဲတာ ဆာရီမှန်တဲ့သဘောမျိုး စီရော်နယ်ဒိုဝန်ခံ

photo-gettyimages

photo-gettyimages

ဂျူဗင်တပ်မှာ နောက်ဆုံးနှစ်ပွဲဆက် လူစားလဲခံရတဲ့ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပြီးနောက် သူနဲ့နည်းပြဆာရီတို့ကြား ပြသနာရှိခဲ့တယ်ဆိုတဲ့ မှန်းဆပြောဆိုမှုတွေကို စီရော်နယ်ဒိုက ပယ်ချလိုက်ပါတယ်။ အသက် ၃၄ နှစ်အရွယ် အဲဒီပေါ်တူဂီသားဟာ ဂျူဗင်တပ်ရဲ့နောက်ဆုံးနှစ်ပွဲဖြစ်တဲ့ လိုကိုမိုးတစ်နဲ့ချန်ပီယံလိဂ်ပွဲမှာရော အေစီမီလန်နဲ့စီးရီးအေပွဲမှာပါ လူစားလဲခြင်းခံခဲ့ရတာပါ။ အေစီမီလန်နဲ့ပွဲတုန်းကဆိုရင် ၅၅ မိနစ်နဲ့လူစားလဲခံခဲ့ရတာဖြစ်ပြီး ဒေါသထွက်ပုံရခဲ့ကာ အဲဒီလိုဆုံးဖြတ်ခဲ့တဲ့နည်းပြကိုမကြည့်ဘဲ ဥမင်ထဲတန်းဝင်သွားခဲ့ကာ အီတလီမီဒီယာတွေကလည်း စီရော်နယ်ဒိုဟာ ပွဲမပြီးခင်မှာပဲ ကွင်းကနေ ထွက်ခွာသွားတယ်လို့ ဖော်ပြခဲ့ကြပါတယ်။

photo-gettyimages

ဆာရီကတော့ စီရော်နယ်ဒိုကိုလူစားလဲတဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ကာကွယ်ခဲ့ပြီး အဲဒီပေါ်တူဂီသားမှာ ဒူးဒဏ်ရာပြသနာရှိနေတယ်လို့ အခိုင်အမာဆိုခဲ့တာပါ။ အခုလည်း စီရော်နယ်ဒိုက နည်းပြဖြစ်သူပြောထားတာကို ထောက်ခံတဲ့အနေနဲ့ သူဟာ ကြံ့ခိုင်မှုအပြည့်အဝမရှိသေးကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ စီရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် ယူရိုခြေစစ်ပွဲ ၂ ပွဲစလုံးပါဝင်ကစားပေးခဲ့ပြီး ၄ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

photo-gettyimages

ဘီလာရိုစ်ကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ယူရိုခြေစစ်ပွဲအပြီးမှာ စီရော်နယ်ဒိုက ”နောက်ဆုံး ၃ ပတ်မှာ ကျွန်တော်ဟာ အကန့်အသတ်နဲ့သာ ကစားနေခဲ့ရတာပါ။ ကျွန်တော်လူစားလဲမခံချင်ဘူးဆိုတာ အားလုံးသိကြပါတယ်။ ဒါပေမဲ့ လူစားလဲခံရပြီးတဲ့နောက် ကျွန်တော့်ရဲ့အပြုအမူတွေနဲ့ပတ်သက်လို့ ဘာပြသနာမှ မရှိပါဘူး။ ဒဏ်ရာရှိလျက်နဲ့ပဲ ကျွန်တော်ဟာ ဂျူဗင်တပ်ကို ကူညီပေးနိုင်ဖို့ ကြိုးစားခဲ့တာပါ။ လူစားလဲခံရတာကို ဘယ်သူမှ မကြိုက်ကြပါဘူး။ ဒါပေမဲ့ အဲဒါကို ကျွန်တော်နားလည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ ၂ ပွဲမှာ ကျွန်တော်ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး။ ရာနှုန်းပြည့်ကြံ့ခိုင်မှုမရှိခဲ့ပါဘူး”လို့ ပြောသွားခဲ့တာပါ။

[Zawgyi]

ဂ်ဴဗင္တပ္က ေနာက္ဆုံးႏွစ္ပြဲမွာ သူ႔ကိုလူစားလဲတာ ဆာရီမွန္တဲ့သေဘာမ်ိဳး စီေရာ္နယ္ဒို၀န္ခံ

ဂ်ဴဗင္တပ္မွာ ေနာက္ဆုံးႏွစ္ပြဲဆက္ လူစားလဲခံရတဲ့ဆုံးျဖတ္ခ်က္ကို ေထာက္ခံခဲ့ၿပီးေနာက္ သူနဲ႔နည္းျပဆာရီတုိ႔ၾကား ျပသနာရွိခဲ့တယ္ဆုိတဲ့ မွန္းဆေျပာဆိုမႈေတြကို စီေရာ္နယ္ဒိုက ပယ္ခ်လိုက္ပါတယ္။ အသက္ ၃၄ ႏွစ္အရြယ္ အဲဒီေပၚတူဂီသားဟာ ဂ်ဴဗင္တပ္ရဲ႕ေနာက္ဆုံးႏွစ္ပြဲျဖစ္တဲ့ လုိကိုမိုးတစ္နဲ႔ခ်န္ပီယံလိဂ္ပြဲမွာေရာ ေအစီမီလန္နဲ႔စီးရီးေအပြဲမွာပါ လူစားလဲျခင္းခံခဲ့ရတာပါ။ ေအစီမီလန္နဲ႔ပြဲတုန္းကဆိုရင္ ၅၅ မိနစ္နဲ႔လူစားလဲခံခဲ့ရတာျဖစ္ၿပီး ေဒါသထြက္ပုံရခဲ့ကာ အဲဒီလုိဆုံးျဖတ္ခဲ့တဲ့နည္းျပကိုမၾကည့္ဘဲ ဥမင္ထဲတန္း၀င္သြားခဲ့ကာ အီတလီမီဒီယာေတြကလည္း စီေရာ္နယ္ဒိုဟာ ပြဲမၿပီးခင္မွာပဲ ကြင္းကေန ထြက္ခြာသြားတယ္လုိ႔ ေဖာ္ျပခဲ့ၾကပါတယ္။

ဆာရီကေတာ့ စီေရာ္နယ္ဒိုကိုလူစားလဲတဲ့ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္လို႔ ကာကြယ္ခဲ့ၿပီး အဲဒီေပၚတူဂီသားမွာ ဒူးဒဏ္ရာျပသနာရွိေနတယ္လုိ႔ အခိုင္အမာဆုိခဲ့တာပါ။ အခုလည္း စီေရာ္နယ္ဒိုက နည္းျပျဖစ္သူေျပာထားတာကို ေထာက္ခံတဲ့အေနနဲ႔ သူဟာ ႀကံ႕ခိုင္မႈအျပည့္အ၀မရွိေသးေၾကာင္း ၀န္ခံခဲ့ပါတယ္။ ဒါေပမဲ့ စီေရာ္နယ္ဒုိဟာ ေပၚတူဂီအတြက္ ယူရိုေျခစစ္ပြဲ ၂ ပြဲစလုံးပါ၀င္ကစားေပးခဲ့ၿပီး ၄ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

ဘီလာရိုစ္ကို ၂-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ယူရိုေျခစစ္ပြဲအၿပီးမွာ စီေရာ္နယ္ဒိုက ”ေနာက္ဆုံး ၃ ပတ္မွာ ကၽြန္ေတာ္ဟာ အကန္႔အသတ္နဲ႔သာ ကစားေနခဲ့ရတာပါ။ ကၽြန္ေတာ္လူစားလဲမခံခ်င္ဘူးဆိုတာ အားလုံးသိၾကပါတယ္။ ဒါေပမဲ့ လူစားလဲခံရၿပီးတဲ့ေနာက္ ကၽြန္ေတာ့္ရဲ႕အျပဳအမူေတြနဲ႔ပတ္သက္လုိ႔ ဘာျပသနာမွ မရွိပါဘူး။ ဒဏ္ရာရွိလ်က္နဲ႔ပဲ ကၽြန္ေတာ္ဟာ ဂ်ဴဗင္တပ္ကို ကူညီေပးႏိုင္ဖို႔ ႀကိဳးစားခဲ့တာပါ။ လူစားလဲခံရတာကို ဘယ္သူမွ မႀကိဳက္ၾကပါဘူး။ ဒါေပမဲ့ အဲဒါကို ကၽြန္ေတာ္နားလည္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ အဲဒီ ၂ ပြဲမွာ ကၽြန္ေတာ္ေကာင္းေကာင္းမကစားႏိုင္ခဲ့ပါဘူး။ ရာႏႈန္းျပည့္ႀကံ႕ခိုင္မႈမရွိခဲ့ပါဘူး”လို႔ ေျပာသြားခဲ့တာပါ။