M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဂျူဗင်တပ်ကနေထွက်ခွာပြီး မန်ယူ၊ ပီအက်စ်ဂျီ စတဲ့အသင်းတွေကိုပြောင်းဖို့ သတင်းတွေထွက်နေတဲ့ စီရော်နယ်ဒိုဟာ သူ့ရဲ့ကစားသမားဘဝကို သူ့ရဲ့လူငယ်ကစားသမားဘဝနဲ့
ပရော်ဖက်ရှင်နယ်ဘဝအစပြုခဲ့ရာ စပို့တင်းလစ္စဘွန်းမှာပဲ ကုန်ဆုံးဖို့ ရည်မှန်းထားတယ်လို့ အီတလီဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ကလော်ဒီယိုရိုင်မွန်ဒီက ပြောဆိုလိုက်ပါတယ်။
သူက အသင်းဟောင်း ရီးရဲလ်နဲ့ မန်ယူဟာ ရော်နယ်ဒိုအတွက် ဖြစ်နိုင်တဲ့ရွေးချယ်မှုတွေ မဟုတ်ဘူးဆိုတာကိုလည်း ရှင်းပြခဲ့ပါတယ်။
ရိုင်မွန်ဒီက “သူသာ စပိန်ကိုပြန်မယ်ဆိုရင် အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ပေါ့၊ ဒါက တိကျတဲ့ ယူဆချက်တော့ မဟုတ်ပါဘူး၊
မန်ယူကလည်း သူ့ကိုပြန်ခေါ်ယူဖို့အတွက် အခုအချိန်မှာ စီးပွားရေးအင်အားမျိုးက မရှိပါဘူး။
ဒါကြောင့် သူ့အနေနဲ့ ဂျူဗင်တပ်ကနေ ထွက်ခွာသွားနိုင်တဲ့ ဘယ်လိုအခြေအနေမျိုးမှ မရှိပါဘူး။
စီရော်နယ်ဒိုက သူ့ရဲ့အနာဂတ်အတွက် စဉ်းစားနေတာရှိပြီး အဲဒါကို ကျွန်တော် ပြောမယ်ဆိုရင် သူက ဂျူဗင်တပ်မှာ စာချုပ်သက်တမ်းပြည့်တဲ့အထိကစားပြီး
နောက် ၂နှစ်ကို သူရဲ့ ငယ်ဘဝအသင်းဖြစ်တဲ့ စပို့တင်းမှာ ပြန်ကစားချင်နေပါတယ်” လို့ ပြောသွားခဲ့ပါတယ်။
စီရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အတွက် ဒီနှစ်ဘောလုံးရာသီမှာ စီးရီးအေသွင်းဂိုး ၂၇ ဂိုးအထိ ရရှိထားပြီး ဂိုးသွင်းဘုရင် ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ဖို့အတွက်လည်း နီးစပ်နေသူဖြစ်ပါတယ်။
၂၀၁၈ခုနှစ်က အီတလီကိုပြောင်းလာတဲ့ စီဗရာ်နယ်ဒိုအနေနဲ့ ၃နှစ်မြောက် ဘောလုံးရာသီမှာ ပထမဆုံးအကြိမ် ရွှေဖိနပ်ဆု ရရှိမှာလည်း ဖြစ်ပါတယ်။
အသက် ၃၆ နှစ်ရှိပြီဖြစ်တဲပ စီရော်နယ်ဒိုဟာ ဂျူဗင်တပ်နဲ့ လက်ကျန် စာချုပ်သက်တမ်း ၁နှစ် ကျန်ရှိနေသေးပြီး ရိုင်မွန်ဒီပြောဆိုတဲ့အတိုင်းဆိုရင် စပို့တင်းမှာ သူဟာ အသက် ၄၀ အရွယ်အထိ ဘောလုံးကစားပြီးမှ ကစားသမားဘဝကနေ အနားယူမှာဖြစ်ပါတယ်။
ဂျူဗင်တပ်အနေနဲ့ ၉ နှစ် ဆက်တိုက်ဆွတ်ခူးခဲ့တဲ့ စီးရီးအေဖလားကို ဒီရာသီမှာ လက်လွှတ်ခဲ့ရပြီး အင်တာမီလန်က ရယူသွားခဲ့ကာ လက်ရှိမှာတေ့ာ သူတို့အနေနဲ့ လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့နဲ့
ဒီရာသီကို ဖလားလက်မဲ့မဖြစ်ဖို့အတွက် ကိုပါအီတာလီယာဖလားရယူနိုင်ဖို့ကိုသာ အာရုံစိုက်ရတော့မှာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ဂျူဗင်တပ်ကထွက်ရင် သွားကစားမယ့်အသင်းကို စီရော်နယ်ဒို စဉ်းစားထားပြီးနေ
ရိုင်မွန်ဒီက “သူသာ စပိန်ကိုပြန်မယ်ဆိုရင် အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ပေါ့၊ ဒါက တိကျတဲ့ ယူဆချက်တော့ မဟုတ်ပါဘူး၊ မန်ယူကလည်း သူ့ကိုပြန်ခေါ်ယူဖို့အတွက် အခုအချိန်မှာ စီးပွားရေးအင်အားမျိုးက မရှိပါဘူး၊ ဒါကြောင့် သူ့အနေနဲ့
ဂျူဗင်တပ်ကနေ ထွက်ခွာသွားနိုင်တဲ့ ဘယ်လိုအခြေအနေမျိုးမှ မရှိပါဘူး၊ စီရော်နယ်ဒိုက သူ့ရဲ့အနာဂတ်အတွက် စဉ်းစားနေတာရှိပြီး အဲဒါကို ကျွန်တော် ပြောမယ်ဆိုရင် သူက ဂျူဗင်တပ်မှာ စာချုပ်သက်တမ်းပြည့်တဲ့အထိကစားပြီး နောက် ၂နှစ်ကို သူရဲ့ ငယ်ဘဝအသင်းဖြစ်တဲ့ စပို့တင်းမှာ ပြန်ကစားချင်နေပါတယ်” လို့ ပြောသွားခဲ့ပါတယ်။
ဂျူဗင်တပ်အနေနဲ့ ၉ နှစ် ဆက်တိုက်ဆွတ်ခူးခဲ့တဲ့ စီးရီးအေဖလားကို ဒီရာသီမှာ လက်လွှတ်ခဲ့ရပြီး အင်တာမီလန်က ရယူသွားခဲ့ကာ လက်ရှိမှာတော့ သူတို့အနေနဲ့ လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့နဲ့ ဒီရာသီကို ဖလားလက်မဲ့မဖြစ်ဖို့အတွက် ကိုပါအီတာလီယာဖလားရယူနိုင်ဖို့ကိုသာ အာရုံစိုက်ရတော့မှာဖြစ်ပါတယ်။