ဂျီနိုအာမှာ ကိုဗစ် ၁၄ ယောက်ထွက်လို့ ၂ ပတ်ကြာဆိုင်းငံ့သွားနိုင်တဲ့ စီးရီးအေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဂျီနိုအာအသင်းမှာ ကစားသမားနဲ့ကလပ်ဝန်းထမ်း စုစုပေါင်း ၁၄ ယောက် ကိုဗစ်ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် စီးရီးအေပြိုင်ပွဲဟာ ရက်သတ္တပတ် ၂ ပတ်ခန့် ဆိုင်းငံ့သွားနိုင်တယ်လို့ အီတလီကလာတဲ့သတင်းတွေအရ သိရပါတယ်။ ဂျီနိုအာဟာ ပြီးခဲ့တဲ့တနင်္ဂနွေကမှ နာပိုလီကို ၆ ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားတာပါ။

ဒါကြောင့် အီတလီသတင်းစာတစ်စောင်ဖြစ်တဲ့ La Repubblica ရဲ့အဆိုအရ ဂျီနိုအာနဲ့ရင်ဆိုင်ခဲ့တဲ့ နာပိုလီဟာ အခုတော့ ကွာရန်တင်းဝင်ရတော့မှာဖြစ်ပါတယ်။ အားလုံး negative ဖြစ်မှသာ သူတို့ဟာ နောက်ပွဲစဉ်အတွက် ပြန်ကစားခွင့်ရှိမှာပါ။

ဂျီနိုအာက လာမယ့်စနေမှာ တိုရီနိုနဲ့ကစားဖို့ရှိပြီး နာပိုလီကတော့ လာမယ့်တနင်္ဂနွေမှာ စီရော်နယ်ဒိုရဲ့ဂျူဗင်တပ်နဲ့ ပွဲကြီးပွဲကောင်းနွှဲရဖို့ ရှိပါတယ်။ လောလောဆယ်တော့ အီတလီအစိုးရနဲ့ အီတလီအားကစားဝန်ကြီးဌာနတို့ဟာ စီးရီးအေက ကိုဗစ်ပြသနာကို ဘယ်လိုအကောင်းဆုံးဖြေရှင်းရမလဲဆိုတာ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။

နောက်ထပ်အီတလီသတင်းစာတစ်စောင်ဖြစ်တဲ့ Corriere della Sera ရဲ့အဆိုအရ ထည့်သွင်းစဉ်းစားတဲ့အထဲမှာ ပြိုင်ပွဲဆိုင်းငံ့တာဟာလည်း အချက်တစ်ချက်အနေနဲ့ ပါဝင်တယ်လို့ သိရပါတယ်။ နိုင်ငံတကာပွဲတွေက ကြားဖြတ်ဝင်ရောက်တော့မှာဆိုတော့ ၂ ပတ်ကြာ ဆိုင်းငံ့မှုသာလုပ်မယ်ဆိုရင် ဒီတစ်ပတ်ကစားမယ့် စီးရီးအေပွဲတွေကိုပဲ ဖျက်ရနိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ဂ်ီႏိုအာမွာ ကိုဗစ္ ၁၄ ေယာက္ထြက္လို႔ ၂ ပတ္ၾကာဆိုင္းငံ့သြားႏိုင္တဲ့ စီးရီးေအ

ဂ်ီႏုိအာအသင္းမွာ ကစားသမားနဲ႔ကလပ္၀န္းထမ္း စုစုေပါင္း ၁၄ ေယာက္ ကိုဗစ္ကူးစက္ခံထားရတာကို စစ္ေဆးေတြ႕ရွိခဲ့ၿပီးေနာက္ စီးရီးေအၿပိဳင္ပြဲဟာ ရက္သတၱပတ္ ၂ ပတ္ခန္႔ ဆုိင္းငံ့သြားႏိုင္တယ္လို႔ အီတလီကလာတဲ့သတင္းေတြအရ သိရပါတယ္။ ဂ်ီႏိုအာဟာ ၿပီးခဲ့တဲ့တနဂၤေႏြကမွ နာပုိလီကို ၆ ဂိုးျပတ္နဲ႔ ရႈံးနိမ့္ထားတာပါ။

ဒါေၾကာင့္ အီတလီသတင္းစာတစ္ေစာင္ျဖစ္တဲ့ La Repubblica ရဲ႕အဆုိအရ ဂ်ီႏိုအာနဲ႔ရင္ဆိုင္ခဲ့တဲ့ နာပုိလီဟာ အခုေတာ့ ကြာရန္တင္း၀င္ရေတာ့မွာျဖစ္ပါတယ္။ အားလုံး negative ျဖစ္မွသာ သူတုိ႔ဟာ ေနာက္ပြဲစဥ္အတြက္ ျပန္ကစားခြင့္ရွိမွာပါ။

ဂ်ီႏိုအာက လာမယ့္စေနမွာ တုိရီႏိုနဲ႔ကစားဖုိ႔ရွိၿပီး နာပုိလီကေတာ့ လာမယ့္တနဂၤေႏြမွာ စီေရာ္နယ္ဒိုရဲ႕ဂ်ဴဗင္တပ္နဲ႔ ပြဲႀကီးပြဲေကာင္းႏႊဲရဖို႔ ရွိပါတယ္။ ေလာေလာဆယ္ေတာ့ အီတလီအစိုးရနဲ႔ အီတလီအားကစား၀န္ႀကီးဌာနတို႔ဟာ စီးရီးေအက ကိုဗစ္ျပသနာကို ဘယ္လိုအေကာင္းဆုံးေျဖရွင္းရမလဲဆုိတာ ပူးေပါင္းေဆာင္ရြက္ေနၾကပါတယ္။

ေနာက္ထပ္အီတလီသတင္းစာတစ္ေစာင္ျဖစ္တဲ့ Corriere della Sera ရဲ႕အဆိုအရ ထည့္သြင္းစဥ္းစားတဲ့အထဲမွာ ၿပိဳင္ပြဲဆိုင္းငံ့တာဟာလည္း အခ်က္တစ္ခ်က္အေနနဲ႔ ပါ၀င္တယ္လို႔ သိရပါတယ္။ ႏိုင္ငံတကာပြဲေတြက ၾကားျဖတ္၀င္ေရာက္ေတာ့မွာဆုိေတာ့ ၂ ပတ္ၾကာ ဆိုင္းငံ့မႈသာလုပ္မယ္ဆုိရင္ ဒီတစ္ပတ္ကစားမယ့္ စီးရီးေအပြဲေတြကိုပဲ ဖ်က္ရႏိုင္ပါတယ္။