ဂျီနိုအာနဲ့ပွဲအပြီးမှာ ဂျာစီအကျီကို ဆွဲချွတ်ပစ်ချခဲ့ပြန်တဲ့ စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံဆုအတွက် အသည်းအသန်ပြန်လိုက်ကစားနေတဲ့ ဂျူဗင်တပ်ဟာ ဂျီနိုအာကို (၃-၁) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ စီရော်နယ်ဒိုတစ်ယောက် ပွဲအပြီးမှာ သူ့ရဲ့ဂျာစီအကျီကို ဆွဲချွတ်ပစ်ချခဲ့တာကြောင့် သို့လောသို့လော မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။ ဒီပွဲမှာ ဒီရော်နယ်ဒိုဟာ ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် ပေါက်ကွဲတာလား ဘာအဓိပ္ပါယ်လဲဆိုတာ မခန့်မှန်းနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဂျူဗင်တပ်နည်းပြ ပီယာလိုက “စီရော်နယ်ဒိုက ဖြစ်နိုင်ရင် ပွဲတိုင်းမှာ ဂိုးသွင်းချင်တာပါ။ တိုက်စစ်မှုးတစ်ယောက်အတွက် ဒါဟာ သဘာဝပါပဲ။ သူ့လို ချန်ပီယံတစ်ယောက်အနေနဲ့ ဂိုးဆာလောင်ပြီး တိုက်ပွဲဝင်စိတ်ဓါတ်ရှိတဲ့သူမျိုးက ပေါက်ကွဲဆာလောင်တာ ဖြစ်တတ်ပါတယ်” လို့ ကာကွယ် ပြောကြားသွားခဲ့ပါတယ်။

စီရော်နယ်ဒို ချွတ်ပြီးပစ်ချလိုက်တဲ့ ဂျာစီအကျီကို ဘောလုံးကောက်တဲ့ ကလေးငယ်တစ်ဦးက ယူသွားခဲ့ပြီး စီရော်နယ်ဒိုအနေနဲ့ သူ့ဂျာစီကို ကလေးငယ်ကို ပေးလိုက်တာလား။ တမင်ပစ်ချခဲ့တာလား မသဲကွဲသေးပါဘူး။

တကယ်တော့ ဂျီနိုအာနဲ့ပွဲမှာ စီရော်နယ်ဒိုဟာ ကိုယ်တိုင်ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ခြေစွမ်းမနိမ့်ခဲ့ဘဲ မိုရာတာသွင်းယူခဲ့တဲ့ ပထမဂိုးအတွက် ဖန်တီးပေးခဲ့သလို ဂိုးပေါက်ကန်သွင်းချက် ၆ကြိမ်ရှိခဲ့ပြီး နှစ်သင်းစလုံးက ကစားသမားတွေအားလုံးထက် ဂိုးပေါက်ကန်သွင်းချက် ပိုများခဲ့ပါတယ်။

ဂျူဗင်တပ်ဟာ ဒီရာသီမှာ အခြေအနေမကောင်းဘဲ စီးရီးအေချန်ပီယံဆုကို လက်လွှတ်ရဖို့များနေသလို ကိုဗစ်ကာလအတွင်း ပေါင် ၉၉သန်း အရှုံးပေါ်ထားတာကြောင့် နွေရာသီဈေးကွက်မှာ ကစာသမား ၅ဦးအနည်းဆုံး ရောင်းချသွားဖို့ရှိနေသလို လစာငွေအများအပြားပေးချေနေရတဲ့ စီရော်နယ်ဒိုကိုလည်း ဘတ်ဂျတ် ခြွေတာတဲ့အနေနဲ့ ထုတ်ရောင်းချဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi




