ဂျိုဟန်ခရိုက်ဖ်ကြောင့် နာမည်ကြီးခဲ့ပေမယ့် ရာမို့စ်နဲ့ဘင်ဇီမာတို့မအောင်မြင်လိုက်တဲ့ ပင်နယ်တီပေးပို့မှု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဗီလာရီးရဲလ်ကို အနိုင်ရခဲ့တဲ့ကြာသာပတေးညလာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ရဲ့အဓိကကစားသမားတွေဖြစ်ကြတဲ့ ရာမို့စ်နဲ့ဘင်ဇီမာတို့ဟာ ၁၂ ကိုက်စည်းကနေ ထူးခြားတာလုပ်ဖို့ ကြိုးစားခဲ့ပေမယ့် အဲဒါက မအောင်မြင်လိုက်ပါဘူး။ ရီးရဲလ်က ၁-၀ နဲ့ ဦးဆောင်နိုင်နေချိန် ပင်နယ်တီကန်ခွင့်ရရှိခဲ့တာဖြစ်ပြီး အဲဒါကို အမြဲတမ်းကန်သွင်းနေကျရာမို့စ်က ကန်ဖို့လုပ်ပါတယ်။

https://twitter.com/i/status/1283863854892474368

ဒါပေမဲ့ ရာမို့စ်ဟာ ကန်သွင်းရမယ့်အစား ဒါမှမဟုတ် ပါနန်ကာစတိုင်ကြိုးပမ်းရမယ့်အစား ဘောလုံးကို နောက်က တက်လာတဲ့ဘင်ဇီမာဆီ ခင်းပေးလိုက်ပြီး အဲဒီပြင်သစ်သားက ရီးရဲလ်ရဲ့ဒုတိယဂိုးအဖြစ် သွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီရီးရဲလ်နံပါတ် ၉ ကစားသမားဟာ ရာမို့စ်မကန်ခင်ကတည်းက ကြိုပြေးတက်ထားလု့ိ ဒိုင်က ပင်နယ်တီပြန်ကန်ခိုင်းခဲ့ပြီး ဒီတစ်ကြိမ်တော့ ဘင်ဇီမာက ပုံမှန်အတိုင်းပဲကန်သွင်းကာ ၂-ဝ ဖြစ်စေခဲ့ပါတယ်။

အဲဒီလိုမျိုး ပင်နယ်တီကို တိုက်ရိုက်မကန်တာဟာ ဒါနဲ့က ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ကတော့ ပြီးခဲ့တဲ့အောက်တိုဘာမှာကစားခဲ့တဲ့ ယူအီးအက်ဖ်အေလူငယ်လိဂ်ပြိုင်ပွဲမှာပါ။ အတ္တလန္တာနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲမှာ ရှက်တာဒိုးနက်ယူ-၁၉ အသင်းက ကစားသမားလေးနှစ်ယောက်ဟာ ပင်နယ်တီပေးပို့မှုနဲ့ အထာကျကျဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒီလိုအကွက်မျိုးကို စခဲ့တာက ကွယ်လွန်သွားပြီဖြစ်တဲ့ နယ်သာလန်ဂန္ထဝင်ဂျိုဟန်ခရိုက်ဖ်ဖြစ်ပြီး ကစားဖော်ဂျက်စပါအိုလ်ဆင်နဲ့ အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကာ နာမည်ကြီးသွားခဲ့တာပါ။ အဲဒါမျိုးကို အာဆင်နယ်ခေတ်ကောင်းစဉ်က ပီရက်စ်နဲ့ဟင်နရီတို့ကြိုးပမ်းခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။

https://twitter.com/i/status/1283874870607130624

ဒါပေမဲ့ MSN တိုက်စစ်တန်ခိုးထွားစဉ်က မက်ဆီနဲ့ဆွာရက်ဇ်တို့  အဲဒါမျိုးလုပ်ပြခဲ့တာကတော့ ပြီးပြည့်စုံခဲ့ပါတယ်။ ဒီလိုအကွက်မျိုးမှာ ချိန်သားကိုက်မှုက အရေးကြီးပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

[Zawgyi]

ဂ်ိဳဟန္ခရိုက္ဖ္ေၾကာင့္ နာမည္ႀကီးခဲ့ေပမယ့္ ရာမို႔စ္နဲ႔ဘင္ဇီမာတို႔မေအာင္ျမင္လုိက္တဲ့ ပင္နယ္တီေပးပို႔မႈ

ဗီလာရီးရဲလ္ကို အႏိုင္ရခဲ့တဲ့ၾကာသာပေတးညလာလီဂါပြဲစဥ္မွာ ရီးရဲလ္မက္ဒရစ္ရဲ႕အဓိကကစားသမားေတြျဖစ္ၾကတဲ့ ရာမို႔စ္နဲ႔ဘင္ဇီမာတို႔ဟာ ၁၂ ကုိက္စည္းကေန ထူးျခားတာလုပ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ အဲဒါက မေအာင္ျမင္လိုက္ပါဘူး။ ရီးရဲလ္က ၁-၀ နဲ႔ ဦးေဆာင္ႏိုင္ေနခ်ိန္ ပင္နယ္တီကန္ခြင့္ရရွိခဲ့တာျဖစ္ၿပီး အဲဒါကို အၿမဲတမ္းကန္သြင္းေနက်ရာမို႔စ္က ကန္ဖို႔လုပ္ပါတယ္။

ဒါေပမဲ့ ရာမုိ႔စ္ဟာ ကန္သြင္းရမယ့္အစား ဒါမွမဟုတ္ ပါနန္ကာစတိုင္ႀကိဳးပမ္းရမယ့္အစား ေဘာလုံးကို ေနာက္က တက္လာတဲ့ဘင္ဇီမာဆီ ခင္းေပးလိုက္ၿပီး အဲဒီျပင္သစ္သားက ရီးရဲလ္ရဲ႕ဒုတိယဂိုးအျဖစ္ သြင္းယူခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီရီးရဲလ္နံပါတ္ ၉ ကစားသမားဟာ ရာမို႔စ္မကန္ခင္ကတည္းက ႀကိဳေျပးတက္ထားလု႔ိ ဒိုင္က ပင္နယ္တီျပန္ကန္ခိုင္းခဲ့ၿပီး ဒီတစ္ႀကိမ္ေတာ့ ဘင္ဇီမာက ပုံမွန္အတိုင္းပဲကန္သြင္းကာ ၂-၀ ျဖစ္ေစခဲ့ပါတယ္။

အဲဒီလိုမ်ိဳး ပင္နယ္တီကို တုိက္ရိုက္မကန္တာဟာ ဒါနဲ႔က ဒုတိယအႀကိမ္ျဖစ္ၿပီး ပထမအႀကိမ္ကေတာ့ ၿပီးခဲ့တဲ့ေအာက္တုိဘာမွာကစားခဲ့တဲ့ ယူအီးအက္ဖ္ေအလူငယ္လိဂ္ၿပိဳင္ပြဲမွာပါ။ အတၱလႏၱာနဲ႔ ၂-၂ သေရက်ခဲ့တဲ့ပြဲမွာ ရွက္တာဒုိးနက္ယူ-၁၉ အသင္းက ကစားသမားေလးႏွစ္ေယာက္ဟာ ပင္နယ္တီေပးပို႔မႈနဲ႔ အထာက်က်ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ဒီလိုအကြက္မ်ိဳးကို စခဲ့တာက ကြယ္လြန္သြားၿပီျဖစ္တဲ့ နယ္သာလန္ဂႏၳ၀င္ဂ်ိဳဟန္ခရိုက္ဖ္ျဖစ္ၿပီး ကစားေဖာ္ဂ်က္စပါအိုလ္ဆင္နဲ႔ ေအာင္ျမင္စြာျပဳလုပ္ႏိုင္ခဲ့ကာ နာမည္ႀကီးသြားခဲ့တာပါ။ အဲဒါမ်ိဳးကို အာဆင္နယ္ေခတ္ေကာင္းစဥ္က ပီရက္စ္နဲ႔ဟင္နရီတုိ႔ႀကိဳးပမ္းခဲ့ဖူးေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။

ဒါေပမဲ့ MSN တုိက္စစ္တန္ခုိးထြားစဥ္က မက္ဆီနဲ႔ဆြာရက္ဇ္တို႔  အဲဒါမ်ိဳးလုပ္ျပခဲ့တာကေတာ့ ၿပီးျပည့္စုံခဲ့ပါတယ္။ ဒီလိုအကြက္မ်ိဳးမွာ ခ်ိန္သားကိုက္မႈက အေရးႀကီးပါတယ္။