ဂျိမ်းစ်က ဘယ်တော့မှ ပျောက်ကွယ်မယ့် ကစားသမားမဟုတ်ဘူး – ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယနေ့မနက်က နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ယူနိုက်တက်ဟာ ရပ်ရှ်ဖို့ဒ်၊ ဂျိမ်းစ်နဲ့ ဖာနန်ဒက်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။အဲ ဒါကြောင့် ယူနိုက်တက်ဟာ ၂၅ ပွဲကစား၊ ၄၉ မှတ်နဲ့ အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်နည်းပြဆိုးလ်ရှားကတော့ နယူးကာဆယ်နဲ့ပွဲစဉ်မှာဂိုးသွင်းယူနိုင်တဲ့တောင်ပံကစားသမားဂျိမ်းစ်ဟာသူ့ရဲ့အစီအစဉ်တွေထဲက ဘယ်တော့မှပျောက်ကွယ်သွားမယ့်ကစားသမားမဟုတ်ဘူးလို့ချီးကျူးပြောဆိုထားပါတယ်။ ဂျိမ်းစ်ဟာနယူးကာဆယ်အသင်းကိုအနိုင်ရတဲ့ပွဲမှာပွဲချိန်၅၇မိနစ်မှာအသင်းအတွက်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးနေ့ကကစားခဲ့တဲ့ဆိုစီဒက်နဲ့ ပွဲစဉ်မှာလည်း ဂျိမ်းစ်တစ်ယောက် ယူနိုက်တက်အသင်း အတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ တောင်ပံကစားသမား ဂျိမ်းစ်ဟာ နောက်ဆုံးကစားခဲ့တဲ့ (3)ပွဲတွင် (3)ဂိုးသွင်းယူပြီး (1)ဂိုးဖန်တီးခဲ့ပါတယ်။ ဒန်နီရယ်ဂျိမ်းစ်ဟာ ယခုနှစ်ဘောလုံးရာသီမှာ (13)ပွဲကစားပြီးနောက် (5)ဂိုးသွင်းယူထားပါတယ်။ မနှစ်ဘောလုံးရာသီတုန်းကပြိုင်ပွဲစုံ (46)ပွဲကစားပြီးနောက် (4)ဂိုးသာသွင်းယူနိုင် ခဲ့ပါတယ်။

နည်းပြဆိုးလ်ရှားက“ဂျိမ်းစ်ဟာကျွန်တော်ရဲ့အစီအစဉ်တွေကနေဘယ်တော့မှပျောက်ကွယ်သွားမယ့်ကစားသမားမဟုတ်ပါဘူး။ ဂျိမ်းစ်ဟာလေ့
ကျင့်ခန်းအစီအစဉ်တွေကိုအပြင်းအထန်လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။” “ဂျိမ်းစ်ဟာခွန်အားကောင်းကောင်း နဲ့မတူညီတဲ့နေရာတွေမှာပါဝင်ကစားနိုင်စွမ်းရှိသူဖြစ်ပါတယ်။

ကျွန်တော်တို့နည်းပြအဖွဲ့ကတော့ ဂျိမ်းစ်နဲ့အတူလေ့ကျင့်ခန်းအစီအစဉ်တွေကိုလုပ်ဆောင်ခဲ့သလို၊ အသင်းမှာရှိတဲ့ ကစားသမားတိုင်းကို ကူညီပေးဖို့ အတွက်လည်း ကြိုးစားထားပါတယ်။ “လို့ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဂ်ိမ္းစ္က ဘယ္ေတာ့မွ ေပ်ာက္ကြယ္မယ့္ ကစားသမားမဟုတ္ဘူး – ဆိုးလ္ရွား

ယေန႔မနက္က နယူးကာဆယ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္မွာေတာ့ ယူႏိုက္တက္ဟာ ရပ္ရွ္ဖို႔ဒ္၊ ဂ်ိမ္းစ္နဲ႔ ဖာနန္ဒက္စ္တို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူ ၃-၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။အဲ ဒါေၾကာင့္ ယူႏိုက္တက္ဟာ ၂၅ ပြဲကစား၊ ၄၉ မွတ္နဲ႔ အဆင့္ ၂ ေနရာမွာ ဆက္လက္ ရပ္တည္ႏိုင္ခဲ့ပါတယ္။

ယူႏိုက္တက္နည္းျပဆိုးလ္ရွားကေတာ့ နယူးကာဆယ္နဲ႔ပြဲစဥ္မွာဂိုးသြင္းယူႏိုင္တဲ့ေတာင္ပံကစားသမားဂ်ိမ္းစ္ဟာသူ႔ရဲ႕အစီအစဥ္ေတြထဲက ဘယ္ေတာ့မွေပ်ာက္ကြယ္သြားမယ့္ကစားသမားမဟုတ္ဘူးလို႔ခ်ီးက်ဴးေျပာဆိုထားပါတယ္။ ဂ်ိမ္းစ္ဟာနယူးကာဆယ္အသင္းကိုအႏိုင္ရတဲ့ပြဲမွာပြဲခ်ိန္၅၇မိနစ္မွာအသင္းအတြက္ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။ၿပီးခဲ့တဲ့ၾကာသပေတးေန႔ကကစားခဲ့တဲ့ဆိုစီဒက္နဲ႔ ပြဲစဥ္မွာလည္း ဂ်ိမ္းစ္တစ္ေယာက္ ယူႏိုက္တက္အသင္း အတြက္ ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။

ေတာင္ပံကစားသမား ဂ်ိမ္းစ္ဟာ ေနာက္ဆုံးကစားခဲ့တဲ့ (3)ပြဲတြင္ (3)ဂိုးသြင္းယူၿပီး (1)ဂိုးဖန္တီးခဲ့ပါတယ္။ ဒန္နီရယ္ဂ်ိမ္းစ္ဟာ ယခုႏွစ္ေဘာလုံးရာသီမွာ (13)ပြဲကစားၿပီးေနာက္ (5)ဂိုးသြင္းယူထားပါတယ္။ မႏွစ္ေဘာလုံးရာသီတုန္းကၿပိဳင္ပြဲစုံ (46)ပြဲကစားၿပီးေနာက္ (4)ဂိုးသာသြင္းယူႏိုင္ခဲ့ပါတယ္။

နည္းျပဆိုးလ္ရွားက“ဂ်ိမ္းစ္ဟာကြၽန္ေတာ္ရဲ႕အစီအစဥ္ေတြကေနဘယ္ေတာ့မွေပ်ာက္ကြယ္သြားမယ့္ကစားသမားမဟုတ္ပါဘူး။ ဂ်ိမ္းစ္ဟာ ေလ့က်င့္ခန္းအစီအစဥ္ေတြကို အျပင္းအထန္လုပ္ေဆာင္ခဲ့သူျဖစ္ပါတယ္။” “ဂ်ိမ္းစ္ဟာခြန္အားေကာင္းေကာင္း နဲ႔မတူညီတဲ့ေနရာေတြမွာပါဝင္ကစားႏိုင္စြမ္းရွိသူျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔နည္းျပအဖြဲ႕ကေတာ့ ဂ်ိမ္းစ္နဲ႔အတူေလ့က်င့္ခန္းအစီအစဥ္ေတြကိုလုပ္ေဆာင္ခဲ့သလို၊ အသင္းမွာရွိတဲ့ ကစားသမားတိုင္းကို ကူညီေပးဖို႔ အတြက္လည္း ႀကိဳးစားထားပါတယ္။ “လို႔ေျပာပါတယ္။